ထောင်တွေထဲက ပြစ်မှုပြစ်ဒဏ်မမျှတဲ့ နှစ်ရှည်အကျဉ်းသားတွေအတွက် အစိုးရဘာလုပ်ပေးသင့်သလဲ
Read More
ဒေါ်နယ်ထရန့်ရဲ့ အနီးကပ်လုံခြုံရေးအကြံပေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ
ဒေါ်နယ်ထရန့်ရဲ့ အနီးကပ်လုံခြုံရေးအကြံပေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ ဝါရှင်တန်၊ ဇူလိုင်-၂၈-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။ အိုဘရိုင်ယန်မှာ အပျော့စားရောဂါလက္ခဏာတွေပြသနေတာကြောင့် သီးခြားနေထိုင်စေကာ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတယ်လို့ ဇူလိုင် ၂၇ ရက်မှာ အိမ်ဖြူတော်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ သူ့မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပေမယ့် သမ္မတထရန့် သို့မဟုတ် ဒုတိယသမ္မတ မိုက်ပင့်စ်တို့မှာ ကူးစက်မှုအန္တရာယ်မရှိဘူးလို့ အိမ်ဖြူတော်ကပြောပါတယ်။ အိုဘရိုင်ယန်ဟာ ယခုလအစောပိုင်းမှာ ဖလော်ရီဒါကိုသွားရောက်တဲ့ ခရီးစဉ်တစ်ခုမှာ သမ္မတဒေါ်နယ်ထရန့်နဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူနဲ့ တွေ့ဆုံခဲ့ခြင်းမရှိတော့ဘူးလို့ ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။ အိမ်ဖြူတော်ဟာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်လျှက် ရှိပါတယ်။ အိုဘရိုင်ယန်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူဝန်ထမ်းတွေထဲမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန် တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ…
Read More
ငြိမ်းချမ်းရေးရပြီး အေးချမ်းသွားရင် ရွာကိုပြန်ချင်တယ်
ငြိမ်းချမ်းရေးရပြီး အေးချမ်းသွားရင် ရွာကိုပြန်ချင်တယ် စစ်တွေ၊ ဇူလိုင် ၂၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က တပ်မတော်နဲ့အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ချိန်ခါလီ၊ ကိုးတန်ကောက်၊ ဒုံးပိုက်နဲ့ ဆင်ပိုက်ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး စစ်တွေမြို့ကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ အဲ့ဒီလိုထွက်ပြေးလာတဲ့ထဲက ဒုံးပိုက်ကျေးရွာက ဒေသခံတစ်ဦးကတော့ တပ်မတော်နဲ့ အေအေကြား ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ်လို့ ပြောပါတယ်။ #voiceofmyanmar #VOM #စစ်တွေ Zawgyi ငြိမ်းချမ်းရေးရပြီး အေးချမ်းသွားရင် ရွာကိုပြန်ချင်တယ် စစ်တွေ၊ ဇူလိုင် ၂၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က တပ်မတော်နဲ့အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်…
Read More
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်သူတွေတွေ့လို့ ခရီးသွားရှစ်သောင်းကျော် ပြန်ပို့
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်သူတွေတွေ့လို့ ခရီးသွားရှစ်သောင်းကျော် ပြန်ပို့ ဟနွိုင်း၊ ဇူလိုင်-၂၇-၂၀၂၀ မျိုးဆက် (VOM) ဗီယက်နမ်နိုင်ငံမှာ ဧပြီလနောက်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု လေးခုတွေ့ရှိပြီးနောကပိုင်း ဒါနန်းမြို့ကို နိုင်ငံတကာခရီးသွားတွေ လာရောက်တာကို ပိတ်ပင်လိုက်ပါတယ်။ ၁၄ ရက်အတွင်း ဘယ်ခရီးသွားကိုမှ မြို့အတွင်းဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ လေယာဉ်ခရီးစဉ်တွေစီစဉ်ပြီး ခရီးသွား ရှစ်သောင်းကျော်ကို မြို့ထဲကနေပြန်ထွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက နယ်စပ်တွေကို အစောတလျင်ပိတ်ပစ်ခြင်း၊ ကွန်ရန်တင်းထားရှိခြင်းနဲ့ ဆက်သွယ်မှုခြေရာကောက်ခြင်းတို့ကို ဆောင်ရွက်ပြီး ကပ်ရောဂါထိန်းချုပ်မှု အောင်မြင်ခဲ့တဲ့နိုင်ငံအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ နိုင်ငံအတွင်းမှာ ကူးစက်မှု ၄၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးကူးစက်မှုတစ်ခုဖြစ်ပွားပြီးနောက် ရက်(၁၀၀)နီးပါးအကြာမှာ ကမ္ဘာ့လှည့်ခရီးသွားတွေနှစ်သက်တဲ့ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ(၄)ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါနန်းမြို့ခံတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို ပြန်လည်လိုက်နာကြဖို့နဲ့ မရှိမဖြစ်မလိုအပ်တဲ့ ဝန်ဆောင်မှုတွေအားလုံးကို ပိတ်သိမ်းဖို့ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွမ်ဖွတ်က ဇူလိုင် ၂၇…
Read More
ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်းခန့် တိုးလာ
ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်းခန့် တိုးလာ ရန်ကုန်၊ ဇူလိုင် ၂၇-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ်(၇)သိန်းခန့် တိုးလာတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်ကပြောပါတယ်။ “တိုးတာက သာဘာဝပဲ ၊၂၀၁၅ နဲ့ ၂၀၂၀ဆို ကြားထဲ ၅ နှစ်တောင်ကြာတယ်။ တနှစ်နဲ့တစ်နှစ် ကလေးမွေးဖွားနူန်းကိုပဲ ကြည့်တိုးတယ်။ ကျောင်းတွေမှာလည်း မှတ်ပုံတင်တွေလုပ်ပေးတယ်။ အဲ့ဒီမှတ်ပုံတင်နဲ့ပဲ ၁၈ နှစ်ပြည့်ရင် အသစ်လုပ်ရတယ်။ အဲ့ဒါကိုပဲ အတည်ယူတယ်။”လို့ ရန်ကုန် တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောပါတယ်။ ရန်ကုန်တိုင်းမှာ ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတွေများတာကြောင့် မဲစာရင်းမှာ အမည်စာရင်းမပါတာ၊ မှတ်ပုံတင် နံပါတ်မပါတာ၊ ကွဲလွဲနေတာတွေကို ပြည်သူတွေ အနေနဲ့လာရောက်ပူးပေါင်းဖို့ကိုလည်း ပြောပါတယ်။ “မဲစာရင်းပေးပိုင်ခွင့်ရှိတာက ရန်ကုန်တိုင်းမှာ ၅၆ သိန်းလောက်…
Read More
NLD ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ကိစ္စမကျေနပ်လို့ လာရောက်ကန့်ကွက်
Read More
ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယို နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြု
ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယို နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြု ရန်ကုန်၊ ဇူလိုင် ၂၇-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေကို လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့အတူ ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်ငန်း မလုပ်ဆောင်ခင် ကျန်းမာရေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချဘေးကင်းမှု ဖြစ်စေဖို့အတွက် ရိုက်ကူးမယ့် ဇာတ်ကားအမည် ၊ ရိုက်ကူးမယ့် နေရာ၊ အချိန် ၊ပါဝင်မယ့် လူဦးရေအရေအတွက်ကို ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကို အနည်းဆုံး တစ်ပတ်ကြိုတင် ပေးပို့ရမှာဖြစ်ပြီး စိစစ်ပြီးတဲ့အချိန်မှ ပြန်လည်ခွင့်ပြုပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “ရိုက်ကူးခွင့်တွေ ပြန်ခွင့်ပြုတာဟုတ်တယ်။ ဒါပေမယ့် တပတ်ကြိုတင်ရမယ်၊ ရိုက်ကူးခွင့်ပေးမယ် ၊ သက်ဆိုင်ရာကို ကြိုတင်ပြီး တပတ်ကြိုအကြောင်းကြားရမယ်။ ရိုက်ကွင်းကန့်သတ်ချက်ကတော့ လုပ်လို့မရဘူး။ ၁၀၀ ဖြစ်ရင် ဖြစ်မယ် ၊၂၀၀ ဖြစ်ရင် ဖြစ်မယ် ၊…
Read More
ရုရှားအရှေ့ပိုင်းမှာ သမ္မတပူတင်ကို သူခိုးလို့ဆိုကာ နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြ
ရုရှားအရှေ့ပိုင်းမှာ သမ္မတပူတင်ကို သူခိုးလို့ဆိုကာ နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြ မော်စကို၊ ဇူလိုင်-၂၆-၂၀၂၀ မျိုးဆက် (VOM) ဒေသတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခုမှာ သမ္မတပူတင်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုဟာ မှားယွင်းတယ်ဆိုပြီး ရုရှားအရှေ့ပိုင်းမှာ လူသောင်းပေါင်းများစွာက သီတင်းပတ်ကုန်ရက်တွေမှာ တတိယအကြိမ်အဖြစ် ဇူလိုင်၂၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ မော်စကိုမြို့အရှေ့ဘက် ၃၈၀၀ မိုင်အကွယ်ရှိ ခါဘာရော့စ်ဒေသခံတွေဟာ ဒေသရဲ့လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်ကို လူသတ်မှုနဲ့ အခုလအတွင်း ဖမ်းဆီးထိန်းသိမ်းထားတာကို မကျေမနပ်ဖြစ်နေကြပါတယ်။ လူသတ်မှုစွဲချက်တွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးက ငြင်းဆိုထားပါတယ်။ သူ့ကို အားဖမ်းဆီးတာဟာ နိုင်ငံရေးခြေထိုးမှုကြောင့်ဖြစ်တယ်လို့ ထောက်ခံသူတွေက ပြောဆိုကာ ဆန္ဒပြပွဲတွေစတင်ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ထိခိုက်နေတဲ့ စီးပွားရေးနဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ရုရှားအစိုးရအတွက် ခေါင်းခဲစရာတစ်ခုဖြစ်လာပါတယ်။ ပူတင်နှုတ်ထွက်ပေး၊ ပူတင်သူခိုးလို့ ဆန္ဒပြသူတွေက ကြွေးကြော်အော်ဟစ်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူး ဖာဂယ်ကို မော်စကိုကနေပြန်ခေါ်လာပြီး ခါဘာရော့စ်မှာသာ ရုံးတင်စစ်ရေးကို…
Read More
အမ်းမြို့နယ်မှာ ပိုင်ရှင်မဲ့လက်နက်ကြီးကျလို့ အရပ်သား (၄) ဦးဒဏ်ရာရပြန်
အမ်းမြို့နယ်မှာ ပိုင်ရှင်မဲ့လက်နက်ကြီးကျလို့ အရပ်သား (၄) ဦးဒဏ်ရာရပြန် အမ်း၊ ဇူလိုင် ၂၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်၊ ကစုကိုင်းကျေးရွာအုပ်စု၊ သဲကမ်းထောင်းကျေးရွာမှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က လက်နက်ကြီးကျည်ကျပြီး အရပ်သား (၄) ဦးဒဏ်ရာရရှိကာ ကျေးရွာတွင်းက ဒေသခံတစ်ဝက်နီးပါး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူတွေမှာ သဲကမ်းထောင်းကျေးရွာက အသက် (၂၅) အရွယ် ဦးငလုံး မျက်နှာဒဏ်ရာ၊ ဒေါ်မေလှချေ အသက်(၂၅)နှစ်မှာ ဝမ်းဗိုက်ဒဏ်ရာ၊ အသက် (၅၀) အရွယ် ဦးထွန်းထွန်းသိန်း လည်ပင်းဒဏ်ရာနဲ့ ဦးမောင်မောင်သန်း အသက် (၅၅) နှစ်မှာ ဝမ်းဗိုက်ဒဏ်ရာတွေ အသီးသီးရရှိသွားကြောင်းနဲ့ လက်ရှိမှာ သူတို့ကို မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ဆေးရုံးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အမ်းမြို့နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ကိုမျိုးလွင်ပြောပြတာက” ကစုကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းမှာ လက်နက်ကြီးကျည်ကျပြီးတော့…
Read More
မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စတွေ့ပြီ
မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စတွေ့ပြီ ပြုံးယမ်း၊ ဇူလိုင်-၂၆-၂၀၂၀ မျိုးဆက် (VOM) မြောက်ကိုရီးယားနိုင်ငံအတွင်းကို လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက တရားမဝင် ဝင်ရောက်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ လက္ခဏာတွေတွေ့ရှိထားတယ်လို့ နိုင်ငံပိုင်သတင်းစာ ရိုဒေါင်ဆင်မွန် က ရေးသားဖော်ပြထားပါတယ်။ သံသယလူနာ သွားလာနေထိုင်ခဲ့တဲ့ တောင်ကိုရီးယားနယ်စပ်အနီးက ကေဆောင်မြို့ကို လော့ခ်ဒေါင်းချထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ထုတ်လိုက်တယ်လို့ ပြောပါတယ်။ အဲ့ဒီလူဟာ တောင်ကိုရီးယားနိုင်ငံဘက်ကို လွန်ခဲ့တဲ့သုံးနှစ်က ဘက်ပြောင်းခိုလှုံသွားသူဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှာ ကေဆောင်မြို့ကို တရားမဝင်ခိုးဝင်လာသူဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၅ ရက်မှာ ကျင်းပခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ နိုင်ငံထဲမှာ ဖြစ်ပေါ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး သတိပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုမှာ နယ်ခြားစောင့်တပ်ဖွဲ့၏ စွမ်းဆောင်ရည်နိမ့်ကျတာနဲ့ အဲ့ဒီအချိန်က တာဝန်ကျတဲ့တပ်ခွဲကို ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေလုပ်ဖို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့…
Read More
VOM News
FREE
VIEW