ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်းခန့် တိုးလာ

ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်းခန့် တိုးလာ

ရန်ကုန်၊ ဇူလိုင် ၂၇-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ်(၇)သိန်းခန့် တိုးလာတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်ကပြောပါတယ်။

“တိုးတာက သာဘာဝပဲ ၊၂၀၁၅ နဲ့ ၂၀၂၀ဆို ကြားထဲ ၅ နှစ်တောင်ကြာတယ်။ တနှစ်နဲ့တစ်နှစ် ကလေးမွေးဖွားနူန်းကိုပဲ ကြည့်တိုးတယ်။ ကျောင်းတွေမှာလည်း မှတ်ပုံတင်တွေလုပ်ပေးတယ်။ အဲ့ဒီမှတ်ပုံတင်နဲ့ပဲ ၁၈ နှစ်ပြည့်ရင် အသစ်လုပ်ရတယ်။ အဲ့ဒါကိုပဲ အတည်ယူတယ်။”လို့ ရန်ကုန် တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတွေများတာကြောင့် မဲစာရင်းမှာ အမည်စာရင်းမပါတာ၊ မှတ်ပုံတင် နံပါတ်မပါတာ၊ ကွဲလွဲနေတာတွေကို ပြည်သူတွေ အနေနဲ့လာရောက်ပူးပေါင်းဖို့ကိုလည်း ပြောပါတယ်။

“မဲစာရင်းပေးပိုင်ခွင့်ရှိတာက ရန်ကုန်တိုင်းမှာ ၅၆ သိန်းလောက် ခန့်မှန်းခြေရှိပါတယ်။ အဲ့ဒီထဲမှာမှ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်း ပါပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ကြေညာသွားမှာ ဖြစ်ပါတယ်” လို့ ဦးသိန်းလှိုင်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ပြည်တွင်း ရွှေ့ပြောင်းလုပ်သားအများဆုံးရှိတဲ့မြို့နယ်ကတော့ လှိုင်သာယာ မြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မြို့နယ်နေလူဦးရေရဲ့ ၃၇ ရာခိုင်နှုန်းလောက်သာ မဲပေးခွင့်ရခဲ့တဲ့ အခြေအနေနဲ့ ကြုံခဲ့တာတွေကြောင့် လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲ့ မဲပေးခွင့်ရှိသူဦးရေ ၅၆ သိန်းထဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေက ၁ သိန်း ဝန်းကျင်ခန့်ရှိနေပြီး ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ မဲပေးခွင့်ရှိသူ ပထမအကြိမ် မဲစာရင်းကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကြေညာထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းမွာ ပထမအႀကိမ္ မဲေပးႏိုင္မယ့္ လူငယ္ ၇ သိန္းခန႔္ တိုးလာ

ရန္ကုန္၊ ဇူလိုင္ ၂၇-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းမွာ ပထမအႀကိမ္ မဲေပးႏုိင္မယ့္ လူငယ္(၇)သိန္းခန႔္ တိုးလာတယ္လို့ ရန္ကုန္တိုင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးၾကည္ျမင့္ကေျပာပါတယ္။

“တိုးတာက သာဘာဝပဲ ၊၂၀၁၅ နဲ႔ ၂၀၂၀ဆို ၾကားထဲ ၅ ႏွစ္ေတာင္ၾကာတယ္။ တႏွစ္နဲ႔တစ္ႏွစ္ ကေလးေမြးဖြားႏူန္းကိုပဲ ၾကည့္တိုးတယ္။ ေက်ာင္းေတြမွာလည္း မွတ္ပုံတင္ေတြလုပ္ေပးတယ္။ အဲ့ဒီမွတ္ပုံတင္နဲ႔ပဲ ၁၈ ႏွစ္ျပည့္ရင္ အသစ္လုပ္ရတယ္။ အဲ့ဒါကိုပဲ အတည္ယူတယ္။”လို႔ ရန္ကုန္ ေတာင္ပိုင္းခ႐ိုင္၊ ေရြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႔ခြဲ ဥကၠ႒ ဦးသိန္းလိႈင္ကေျပာပါတယ္။

ရန္ကုန္တိုင္းမွာ ျပည္တြင္း ေရႊ႕ေျပာင္းလုပ္သားေတြမ်ားတာေၾကာင့္ မဲစာရင္းမွာ အမည္စာရင္းမပါတာ၊ မွတ္ပုံတင္ နံပါတ္မပါတာ၊ ကြဲလြဲေနတာေတြကို ျပည္သူေတြ အေနနဲ႔လာေရာက္ပူးေပါင္းဖို႔ကိုလည္း ေျပာပါတယ္။

“မဲစာရင္းေပးပိုင္ခြင့္ရွိတာက ရန္ကုန္တိုင္းမွာ ၅၆ သိန္းေလာက္ ခန႔္မွန္းေျခရွိပါတယ္။ အဲ့ဒီထဲမွာမွ ပထမအႀကိမ္ မဲေပးနိုင္မယ့္ လူငယ္ ၇ သိန္း ပါပါတယ္။ အဲဒါေတြကို ကၽြန္ေတာ္တို႔ သက္ဆိုင္ရာ မဲဆႏၵနယ္ေျမအလိုက္ ေၾကညာသြားမွာ ျဖစ္ပါတယ္” လို႔ ဦးသိန္းလိႈင္ကေျပာပါတယ္။

ရန္ကုန္တုိင္းမွာ ျပည္တြင္း ေရႊ႕ေျပာင္းလုပ္သားအမ်ားဆုံးရွိတဲ့ၿမိဳ႕နယ္ကေတာ့ လိႈင္သာယာ ၿမိဳ့နယ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ ၿမိဳ႕နယ္ေနလူဦးေရရဲ့ ၃၇ ရာခိုင္ႏွုန္းေလာက္သာ မဲေပးခြင့္ရခဲ့တဲ့ အေျခအေနနဲ႔ ၾကဳံခဲ့တာေတြေၾကာင့္ လာမယ့္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲမွာေတာ့ မဲေပးခြင့္႐ွိသူတိုင္း မဲေပးခြင့္ရဖို႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းရဲ႕ မဲေပးခြင့္ရွိသူဦးေရ ၅၆ သိန္းထဲမွာ မဲေပးခြင့္႐ွိတဲ့ မသန္စြမ္းဦးေရက ၁ သိန္း ဝန္းက်င္ခန႔္႐ွိေနၿပီး ၂၀၂၀ ပါတီစုံ အေထြေထြေရြးေကာက္ပြဲမွာ တစ္နိုင္ငံလုံး အတိုင္းအတာအရ မဲေပးခြင့္႐ွိသူ ပထမအႀကိမ္ မဲစာရင္းကိုေတာ့ ဇူလိုင္လ ၂၅ ရက္ေန႔မွာ ေၾကညာထုတ္ျပန္ေပးထားၿပီး ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW