တောင်ဥက္ကလာပမှာ ပန်းတိမ်သည် လင်မယားနှစ်ဦးအသတ်ခံရ

တောင်ဥက္ကလာပမှာ ပန်းတိမ်သည် လင်မယားနှစ်ဦးအသတ်ခံရ

ရန်ကုန်၊သြဂုတ်၊၁-၂၀၂၀
အေးချမ်းသူ(VOM)

တောင်ဥက္ကလာပမြို့နယ်၊အမှတ် (၇ )ရပ်ကွက် (၆) လမ်း၊ ကန်ထရိုက်တိုက် ၅လွှာမှာ နေတဲ့ပန်းတိမ်သည် လင်မယားနှစ်ဦးဟာ ဇူလိုင်လ ၃၁ရက်နေ့ ညပိုင်းက အသတ်ခံခဲ့ရပါတယ်။

ဒီဖြစ်စဥ်မှာ CCTVမှတ်တမ်းတွေကြည့်ပြီး ပြစ်မှုကျူးလွန်သူကိုရှာဖွေဖမ်းဆီးနေကြောင်း အမှတ်၇ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလှမြင့်က ပြောပါတယ်။

“အဲ့ဒီလင်မယားအသတ်ခံရတာကို ဦးဘတိုးဆိုသူကလာအကြောင်းကြားတယ်။ကျနော်လည်း နယ်ထိန်းကိုဖုန်းဆက်ပြီး သွားကြည့်တယ် တရားခံကိုရှာနေဆဲပါပဲ” လို့ပြောပါတယ်။

အသတ်ခံရတဲ့ လင်မယားနှစ်ဦးဟာ ကိုထွန်းနိူင်၊မလှလှတို့ဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ ဆိုက်ကားနဲ့လာတာမို့ သွားခဲ့တဲ့လမ်းကြောင်းများ CCTVမှတ်တမ်းတွေအရ မကြာခင်ဖမ်းမိနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးကပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊အမှတ် ၇ရပ်ကွက်ရှိ ပန်းထိမ်လုပ်တဲ့ လင်မယားနှစ်ဦးအသတ်ခံရတဲ့အမှုဟာ တရားဥပဒေစိုးမိုးရေးစိန်ခေါ်လိုက်ခြင်းဖြစ်ပြီး မကြာခင်ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းက ဒုရဲမှုးရွှေဌေးကပြောပါတယ်။

ဒီလူသတ်မှုနှင့်ပါတ်သတ်ပြီး ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၀၂ဖြင်အမှုဖွင့်ထားပြီး တော့ တရားခံဖမ်းမိနိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း တောင်ဥက္ကလာပ မြို့မရ ဲစခန်းက သိရပါတယ်။

#voiceofmyanmar #VOM # တောင်ဥက္ကလာပ #လူသတ်မှု

zawgyi

ေတာင္ဥကၠလာပမွာ ပန္းတိမ္သည္ လင္မယားႏွစ္ဦးအသတ္ခံရ

ရန္ကုန္၊ၾသဂုတ္၊၁-၂၀၂၀
ေအးခ်မ္းသူ(VOM)

ေတာင္ဥကၠလာပၿမိဳ႕နယ္၊အမွတ္ (၇ )ရပ္ကြက္ (၆) လမ္း၊ ကန္ထ႐ိုက္တိုက္ ၅လႊာမွာ ေနတဲ့ပန္းတိမ္သည္ လင္မယားႏွစ္ဦးဟာ ဇူလိုင္လ ၃၁ရက္ေန႔ ညပိုင္းက အသတ္ခံခဲ့ရပါတယ္။

ဒီျဖစ္စဥ္မွာ CCTVမွတ္တမ္းေတြၾကည့္ၿပီး ျပစ္မႈက်ဴးလြန္သူကိုရွာေဖြဖမ္းဆီးေနေၾကာင္း အမွတ္၇ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးလွျမင့္က ေျပာပါတယ္။

“အဲ့ဒီလင္မယားအသတ္ခံရတာကို ဦးဘတိုးဆိုသူကလာအေၾကာင္းၾကားတယ္။က်ေနာ္လည္း နယ္ထိန္းကိုဖုန္းဆက္ၿပီး သြားၾကည့္တယ္ တရားခံကိုရွာေနဆဲပါပဲ” လို႔ေျပာပါတယ္။

အသတ္ခံရတဲ့ လင္မယားႏွစ္ဦးဟာ ကိုထြန္းႏိူင္၊မလွလွတို႔ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူဟာ ဆိုက္ကားနဲ႔လာတာမို႔ သြားခဲ့တဲ့လမ္းေၾကာင္းမ်ား CCTVမွတ္တမ္းေတြအရ မၾကာခင္ဖမ္းမိႏိုင္တယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးကေျပာပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္၊အမွတ္ ၇ရပ္ကြက္ရွိ ပန္းထိမ္လုပ္တဲ့ လင္မယားႏွစ္ဦးအသတ္ခံရတဲ့အမႈဟာ တရားဥပေဒစိုးမိုးေရးစိန္ေခၚလိုက္ျခင္းျဖစ္ၿပီး မၾကာခင္ျပစ္မႈက်ဴးလြန္သူကိုဖမ္းဆီးရမိေရးအတြက္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းက ဒုရဲမႈးေ႐ႊေဌးကေျပာပါတယ္။

ဒီလူသတ္မႈႏွင့္ပါတ္သတ္ၿပီး ျပစ္မႈက်ဴးလြန္သူကို ပုဒ္မ ၃၀၂ျဖင္အမႈဖြင့္ထားၿပီး ေတာ့ တရားခံဖမ္းမိႏိုင္ေရး စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း ေတာင္ဥကၠလာပ ၿမိဳ႕မရ ဲစခန္းက သိရပါတယ္။

#voiceofmyanmar #VOM # ေတာင္ဥကၠလာပ #လူသတ္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW