ဖားကန့်မှာ မိုးတွင်းကြီး မီးလောင်

ဖားကန့်မှာ မိုးတွင်းကြီး မီးလောင် ဖားကန့် -ဩဂုတ်-၁ -၂၀၂၀ ဇော်မိုးထက် (ဖားကန့် ) ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု တောင်ပြိုကျေးရွာမှာ ဒီနေ့နံက် ၉:၃၀လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ် ။ တောင်ပြိုကျေးရွာရှိ ဦးထွန်အေး (၄၃)နှစ် ရဲ့ အိမ်အမှတ် ( ၁၄၇) နေအိမ်မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပြီး စတင်လောင်ကျွမ်းတဲ့အိမ်ကနေ အနီး ပတ်ဝန်းကျင်က လူနေအိမ် သုံးလုံးကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့လည်း ဖားကန့်မြို့မ ရဲစခန်းရဲ့ ကြေးနန်းစာအရ သိရပါတယ် ။ မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်ရှင် ဘယ်လိုအရေးယူဆောင်ရွက်ထားသလဲဆိုသိရှိနိုင်ဖို့ ဖားကန့် မြို့မ ရဲစခန်းကို VOM က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ #voiceofmyanmar #VOM #ဖားကန့် #မီးလောင် Zawgyi ဖားကန့်မှာ မိုးတွင်းကြီး မီးလောင် ဖားကန့် -ဩဂုတ်-၁ -၂၀၂၀…

Read More

အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့

အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့ ပုဂံ၊ သြဂုတ်- ၁ -၂၀၂၀ နေလင်း- ရှိုင်းအောင် (Voice of Myanmar) တချိန်ကမြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ ယွန်းထည်ပစ္စည်းတွေဟာ တစနဲ့တစ လူစိတ်ဝင်စားမှုနည်းပြီး ရောင်းအားတွေကျလာပါတယ်။ လက်ရှိအချိန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါဖြစ်နေချိန်မို့ ကမ္ဘာလှည့်ခရီးသွားတွေကို အားထားနေရတဲ့ ပုဂံက ယွန်းထည်ပစ္စည်းလုပ်ငန်းဟာ ဝယ်သူမျှော်ရင်း အိပ်မောကျနေရပါပြီ။ ယွန်းလောက ပြန်လည်နိုးထဖို့ ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာ ယွန်းလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာခဲ့တဲ့ BAGAN HOUSE ယွန်းလုပ်ငန်းပိုင်ရှင် ဒေါ်မော်မော်အောင်နဲ့ VOM က တွေ့ဆုံမေးမြန်းထားပါတယ်။ မေးမြန်းတင်ဆက်- နေလင်း အယ်ဒီတာချုပ် (VOM) ရိုက်ကူး-တည်းဖြတ်- ရှိုင်းအောင် (VOM) Zawgyi အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့ ပုဂံ၊ သြဂုတ်- ၁ -၂၀၂၀ (VoiceofMyanmar) နေလင်း- ရှိုင်းအောင် တချိန်ကမြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့…

Read More

တောင်ဥက္ကလာပမှာ ပန်းတိမ်သည် လင်မယားနှစ်ဦးအသတ်ခံရ

တောင်ဥက္ကလာပမှာ ပန်းတိမ်သည် လင်မယားနှစ်ဦးအသတ်ခံရ ရန်ကုန်၊သြဂုတ်၊၁-၂၀၂၀ အေးချမ်းသူ(VOM) တောင်ဥက္ကလာပမြို့နယ်၊အမှတ် (၇ )ရပ်ကွက် (၆) လမ်း၊ ကန်ထရိုက်တိုက် ၅လွှာမှာ နေတဲ့ပန်းတိမ်သည် လင်မယားနှစ်ဦးဟာ ဇူလိုင်လ ၃၁ရက်နေ့ ညပိုင်းက အသတ်ခံခဲ့ရပါတယ်။ ဒီဖြစ်စဥ်မှာ CCTVမှတ်တမ်းတွေကြည့်ပြီး ပြစ်မှုကျူးလွန်သူကိုရှာဖွေဖမ်းဆီးနေကြောင်း အမှတ်၇ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလှမြင့်က ပြောပါတယ်။ “အဲ့ဒီလင်မယားအသတ်ခံရတာကို ဦးဘတိုးဆိုသူကလာအကြောင်းကြားတယ်။ကျနော်လည်း နယ်ထိန်းကိုဖုန်းဆက်ပြီး သွားကြည့်တယ် တရားခံကိုရှာနေဆဲပါပဲ” လို့ပြောပါတယ်။ အသတ်ခံရတဲ့ လင်မယားနှစ်ဦးဟာ ကိုထွန်းနိူင်၊မလှလှတို့ဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ ဆိုက်ကားနဲ့လာတာမို့ သွားခဲ့တဲ့လမ်းကြောင်းများ CCTVမှတ်တမ်းတွေအရ မကြာခင်ဖမ်းမိနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးကပြောပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊အမှတ် ၇ရပ်ကွက်ရှိ ပန်းထိမ်လုပ်တဲ့ လင်မယားနှစ်ဦးအသတ်ခံရတဲ့အမှုဟာ တရားဥပဒေစိုးမိုးရေးစိန်ခေါ်လိုက်ခြင်းဖြစ်ပြီး မကြာခင်ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းက ဒုရဲမှုးရွှေဌေးကပြောပါတယ်။ ဒီလူသတ်မှုနှင့်ပါတ်သတ်ပြီး ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၀၂ဖြင်အမှုဖွင့်ထားပြီး တော့ တရားခံဖမ်းမိနိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း တောင်ဥက္ကလာပ မြို့မရ ဲစခန်းက သိရပါတယ်။ #voiceofmyanmar…

Read More

နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ

နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ နန်ဆမ်ယန်-ဩဂုတ်၁-၂၀၂၀ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ်မှာ ပထမဆုံး စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်အခြေချ နေထိုင်တဲ့ ဝိုင်းမော်မြို့နယ် ၊ နမ်ဆန်ယန်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်း မဲဆန္ဒရှင် ၅၁၁ ဦး ရှိပြီး အဲ့ဒီအထဲက မဲဆန္ဒရှင် တချို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပျက်စီးပျောက်ဆုံးတာတွေရှိလို့ အခက်ကြုံနေရတယ်လို့ နန်ဆန်ယန်ဒေသခံတွေက ပြောပါတယ်။ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားတဲ့ စာရင်းလာကြည့်သူတွေထဲမှာ အိမ်ထောင်စု ဇယားပျောက်ဆုံးတာ ၊ ပျက်စီးတာ ၊ မှတ်ပုံတင် မပီပြင်တော့တာ စတဲ့ ပြဿနာရှိသူတချို့ကို တွေ့ရပါတယ်။ ကျေးရွာဥက္ကဋ္ဌ ဦးဘရန်နီကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေသလဲ တိတိကျကျ သိရဖို့ VOM က မေးပေမယ့် ဖြေကြာပေးခြင်းတော့ မရှိပါဘူး။ မဲဆန္ဒရှင်တွေဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စာလှယ်တွေ၊…

Read More
VOM News

FREE
VIEW