ဖားကန့်မှာ မိုးတွင်းကြီး မီးလောင်

ဖားကန့်မှာ မိုးတွင်းကြီး မီးလောင်

ဖားကန့် -ဩဂုတ်-၁ -၂၀၂၀
ဇော်မိုးထက် (ဖားကန့် )

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု တောင်ပြိုကျေးရွာမှာ ဒီနေ့နံက် ၉:၃၀လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ် ။

တောင်ပြိုကျေးရွာရှိ ဦးထွန်အေး (၄၃)နှစ် ရဲ့ အိမ်အမှတ် ( ၁၄၇) နေအိမ်မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပြီး စတင်လောင်ကျွမ်းတဲ့အိမ်ကနေ အနီး ပတ်ဝန်းကျင်က လူနေအိမ် သုံးလုံးကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့လည်း ဖားကန့်မြို့မ ရဲစခန်းရဲ့ ကြေးနန်းစာအရ သိရပါတယ် ။

မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်ရှင် ဘယ်လိုအရေးယူဆောင်ရွက်ထားသလဲဆိုသိရှိနိုင်ဖို့ ဖားကန့် မြို့မ ရဲစခန်းကို VOM က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

#voiceofmyanmar #VOM #ဖားကန့် #မီးလောင်

Zawgyi

ဖားကန႔္မွာ မိုးတြင္းႀကီး မီးေလာင္

ဖားကန႔္ -ဩဂုတ္-၁ -၂၀၂၀
ေဇာ္မိုးထက္ (ဖားကန႔္ )

ဖားကန႔္ၿမိဳ႕နယ္ ေအးျမသာယာအုပ္စု ေတာင္ၿပိဳေက်း႐ြာမွာ ဒီေန႔နံက္ ၉:၃၀ေလာက္က မီးေလာင္မႈတခု ျဖစ္ပြားခဲ့ပါတယ္ ။

ေတာင္ၿပိဳေက်း႐ြာရွိ ဦးထြန္ေအး (၄၃)ႏွစ္ ရဲ႕ အိမ္အမွတ္ ( ၁၄၇) ေနအိမ္မီးႂကြင္းမီးက်န္ကေန စတင္ေလာင္ကြၽမ္းခဲ့တာလို႔ သက္ဆိုင္ရာက ထုတ္ျပန္ထားၿပီး စတင္ေလာင္ကြၽမ္းတဲ့အိမ္ကေန အနီး ပတ္ဝန္းက်င္က လူေနအိမ္ သုံးလုံးကို ကူးစက္ေလာင္ကြၽမ္းခဲ့တယ္လို႔လည္း ဖားကန႔္ၿမိဳ႕မ ရဲစခန္းရဲ႕ ေၾကးနန္းစာအရ သိရပါတယ္ ။

မီးစတင္ေလာင္ကြၽမ္းခဲ့တဲ့အိမ္ရွင္ ဘယ္လိုအေရးယူေဆာင္႐ြက္ထားသလဲဆိုသိရွိႏိုင္ဖို႔ ဖားကန႔္ ၿမိဳ႕မ ရဲစခန္းကို VOM က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္းမရွိပါဘူး။

#voiceofmyanmar #VOM #ဖားကန႔္ #မီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW