မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ထောင်ဖို့ မစ်ဆူဘီရှီ စဉ်းစားနေ

မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ထောင်ဖို့ မစ်ဆူဘီရှီ စဉ်းစားနေ

တိုကျို၊ သြဂုတ်-၆-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်အခြေစိုက် မစ်ဆူဘီရှီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ဖို့ စဉ်းစားနေတယ်လို့ ကုမ္ပဏီစီအီးအိုဖြစ်သူ Takao Kato က Nikkei Asian သတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် စက်ရုံတည်ဆောက်ပြီး ရင်းနှီးမြုပ်နှံမယ့် အချိန်ကာလနဲ့ စီးပွားရေးလုပ်ငန်းပုံစံ အသေးစိတ်တွေကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

လွန်ခဲ့တဲ့လနှောင်းပိုင်းမှာထုတ်ပြန်တဲ့ ကုမ္ပဏီရဲ့နှစ်လတ်စီမံကိန်း အစီအစဉ်တွေအရ မစ်ဆူဘီရှီကားကုမ္ပဏီဟာ အရှေ့တောင်အာရှ (၁၀) နိုင်ငံမှာ ဈေးကွက်ချဲ့ထွင်နေပါတယ်။

မစ်ဆူဘီရှီဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း ကားစက်ရုံတွေ တည်ထောင်ထားတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ နောက်ထပ်စက်ရုံတစ်ရုံတည်ဆောက်ဖို့ စဉ်းစားနေတဲ့အစီအစဉ်မှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းစဉ်းစားလာတာဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဥရောပနဲ့ အခြားအဓိကဒေသတွေရှိ ကားထုတ်လုပ်ရေးစက်ရုံတွေမှာ လုပ်သားအင်အားလျှော့ချပြီး လုပ်ငန်းတွေလျှော့ချလည်ပတ်သွားမယ်လို့ ပြောပါတယ်။

Ref : Nikkei Asian
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

ျမန္မာနိုင္ငံမွာ ကားစက္ရံုတည္ေထာင္ဖို႔ မစ္ဆူဘီရိွီ စဥ္းစားေန

တုိက်ိဳ၊ ၾသဂုတ္-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္အေျခစိုက္ မစ္ဆူဘီရိွီကုမၸဏီဟာ ျမန္မာနိုင္ငံမွာ ကားထုတ္လုပ္တဲ႔ စက္ရံုတည္ေထာင္ဖို႔ စဥ္းစားေနတယ္လို႔ ကုမၸဏီစီအီးအိုျဖစ္သူ Takao Kato က Nikkei Asian သတင္းဌာနကို ေျပာပါတယ္။

ဒါေပမယ္႔ စက္ရံုတည္ေဆာက္ျပီး ရင္းနွီးျမဳပ္နွံမယ္႔ အခ်ိန္ကာလနဲ႔ စီးပြားေရးလုပ္ငန္းပံုစံ အေသးစိတ္ေတြကိုေတာ႔ မဆံုးျဖတ္ရေသးဘူးလို႔ ေျပာပါတယ္။

လြန္ခဲ႔တဲ႔လေနွာင္းပိုင္းမွာထုတ္ျပန္တဲ႔ ကုမၸဏီရဲ႔႕နွစ္လတ္စီမံကိန္း အစီအစဥ္ေတြအရ မစ္ဆူဘီရွီကားကုမၸဏီဟာ အေရွ႕ေတာင္အာရွ (၁၀) ႏိုင္ငံမွာ ေစ်းကြက္ခ်ဲ႕ထြင္ေနပါတယ္။

မစ္ဆူဘီရွီဟာ ထိုင္း၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ ဗီယက္နမ္နုိင္ငံတို႔မွာလည္း ကားစက္ရုံေတြ တည္ေထာင္ထားတာျဖစ္ၿပီး ဗီယက္နမ္နိုင္ငံမွာ ေနာက္ထပ္စက္ရံုတစ္ရံုတည္ေဆာက္ဖို႔ စဥ္းစားေနတဲ့အစီအစဥ္မွာ ျမန္မာနုိင္ငံကိုပါ ထည္႔သြင္းစဥ္းစားလာတာျဖစ္ပါတယ္။

ကုမၸဏီဟာ ဥေရာပနဲ႔ အျခားအဓိကေဒသေတြရိွ ကားထုတ္လုပ္ေရးစက္ရံုေတြမွာ လုပ္သားအင္အားေလွ်ာ႔ခ်ျပီး လုပ္ငန္းေတြေလွ်ာ႔ခ်လည္ပတ္သြားမယ္လို႔ ေျပာပါတယ္။

Ref : Nikkei Asian
Photo:Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW