Dihuali အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ ကျော် အငြင်းပွားမှု အလုပ်သမား ၆၀၀ကလျော်ကြေးယူ၊ ကျန်တဲ့ ၁၀၀ကျော်က အလုပ်ပြန်ရဖို့ ဆက်လက်တောင်းဆို

Dihuali အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ ကျော် အငြင်းပွားမှု အလုပ်သမား ၆၀၀ကလျော်ကြေးယူ၊ ကျန်တဲ့ ၁၀၀ကျော်က အလုပ်ပြန်ရဖို့ ဆက်လက်တောင်းဆို ရန်ကုန်၊ သြဂုတ် ၆-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ Dihuali အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကို ဥပဒေမဲ့အလုပ်ထုတ်ခဲ့မှုအပေါ် အလုပ်သမား ၆၀၀ လောက်က လျော်ကြေးယူခဲ့ပေမယ့် ကျန်တဲ့ အလုပ်သမား ၁၀၀ ကျော်ကတော့ အလုပ်ပြန်လည်ရရှှိဖို့ကို တောင်းဆိုနေဆဲဖြစ်ပါတယ်။ ” အလုပ်သမား ၆၀၀ လောက်ကတော့ လျော်ကြေးယူပြီး အဆင်ပြေသွားတယ် ။ ကျန်တဲ့ ၁၀၀ ကျော်လောက်ကတော့ အလုပ်ကိုပဲပြန်လည်ရရှိလိုတယ်ဆိုပြီး ဆက်လက်တောင်းဆိုဖို့ လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်တဲ့နေရာမှာ ဥပဒေအတိုင်းသာ ဆောင်ရွက်မှာဖြစ်တယ်။ ကုန်အမှတ်တံဆိပ်တွေကို လိုက်နေတယ်။ အမှတ်တံဆိပ်နဲ့တွဲပြီး လုပ်ဖို့ဆောင်ရွက်နေတယ်”လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်ကပြောပါတယ် ။…

Read More

လယ်ထဲကို ချောင်းရေမဝင်အောင် ပြုလုပ်ထားတဲ့ တာရိုးကျိုးကျ၊ ဧက ၃၅၀ နီးပါး ပျက်စီး

လယ်ထဲကို ချောင်းရေမဝင်အောင် ပြုလုပ်ထားတဲ့ တာရိုးကျိုးကျ၊ ဧက ၃၅၀ နီးပါး ပျက်စီး ကလေး သြဂုတ် ၆-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေစိုက်ပျိုးကြတဲ့ လယ်တွေထဲကို နတ်မြောင်းချောင်းရေမဝင်အောင် ပြုလုပ်ထားတဲ့ တာရိုးကျိုးကျတာကြောင့် လယ်ဧက ၃၅၀ နီးပါး ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ရာဇဂြိုဟ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကြွေ က ပြောပါတယ်။ “၂၀၁၅ တုန်းက ရေကြီးရေလျှံဖြစ်ပြီးတော့ ချောင်းက လယ်ထဲကို ပေါက်သွားတယ်။ အဲ့လို ဖြစ်ပြီးတော့ အစိုးရကိုတင်လိုက်တဲ့အခါကျတော့ ၂၀၁၈ မှာ တာရိုးလာကာပေးတယ်။အဲ့ဒါပြီးတော့ တာရိုးက ၂၀၁၉ ခုနှစ် မိုးရာသီမှာ ပေါက်သွားတယ်။ အဲ့ဒါ ပြီးခဲ့တဲ့ ၅ လ ပိုင်းအထိ တာရိုးကာပေးတယ်။ အခု မိုးကျပြီး ချောင်းရေတက်လာတော့ တာရိုး ပြန်ပေါက်သွားတယ်”လို့ အုပ်ချုပ်ရေးမှူး…

Read More

မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ထောင်ဖို့ မစ်ဆူဘီရှီ စဉ်းစားနေ

မြန်မာနိုင်ငံမှာ ကားစက်ရုံတည်ထောင်ဖို့ မစ်ဆူဘီရှီ စဉ်းစားနေ တိုကျို၊ သြဂုတ်-၆-၂၀၂၀ မျိုးဆက် (VOM) ဂျပန်အခြေစိုက် မစ်ဆူဘီရှီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ဖို့ စဉ်းစားနေတယ်လို့ ကုမ္ပဏီစီအီးအိုဖြစ်သူ Takao Kato က Nikkei Asian သတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် စက်ရုံတည်ဆောက်ပြီး ရင်းနှီးမြုပ်နှံမယ့် အချိန်ကာလနဲ့ စီးပွားရေးလုပ်ငန်းပုံစံ အသေးစိတ်တွေကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ လွန်ခဲ့တဲ့လနှောင်းပိုင်းမှာထုတ်ပြန်တဲ့ ကုမ္ပဏီရဲ့နှစ်လတ်စီမံကိန်း အစီအစဉ်တွေအရ မစ်ဆူဘီရှီကားကုမ္ပဏီဟာ အရှေ့တောင်အာရှ (၁၀) နိုင်ငံမှာ ဈေးကွက်ချဲ့ထွင်နေပါတယ်။ မစ်ဆူဘီရှီဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း ကားစက်ရုံတွေ တည်ထောင်ထားတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ နောက်ထပ်စက်ရုံတစ်ရုံတည်ဆောက်ဖို့ စဉ်းစားနေတဲ့အစီအစဉ်မှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းစဉ်းစားလာတာဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဥရောပနဲ့ အခြားအဓိကဒေသတွေရှိ ကားထုတ်လုပ်ရေးစက်ရုံတွေမှာ လုပ်သားအင်အားလျှော့ချပြီး လုပ်ငန်းတွေလျှော့ချလည်ပတ်သွားမယ်လို့ ပြောပါတယ်။ Ref : Nikkei…

Read More

လူငယ်သင်တန်းကျောင်းက ကျောင်းသား(၂)ဦးသေတဲ့ကိစ္စ မိဘဖက်ကနေ အမှုဖွင့်မရသေး

လူငယ်သင်တန်းကျောင်းက ကျောင်းသား(၂)ဦးသေတဲ့ကိစ္စ မိဘဖက်ကနေ အမှုဖွင့်မရသေး မန္တလေး၊ သြဂုတ် ၆-၂၀၂၀ မှူးသခင်(VOM) မန္တလေးမြို့က လူငယ်ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေထွက်ပြေးလို့ ကလေးနှစ်ယောက် ဟာရိုက်နှက်ခံရပြီး လက်လွန်လို့သေဆုံးခဲ့တဲ့ဖြစ်စဉ်က သေဆုံးသူကလေးရဲ့ မိဘတွေဖက်ကနေ အမှုဖွင့်ခွင့်မရသေးဘူးလို့ သိရပါတယ်။ အဲ့ဒီကလေးနှစ်ယောက်ဟာ ခိုးမှုနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းမှာ ၁နှစ်နဲ့၈လကြာ အချုပ်ကျခံခဲ့ရပြီး တရားရုံးအမိန့်အရ ထောင်ဒဏ်၂နှစ်ကျကာ မန္တလေးမြို့လူငယ်ထိမ်းသိမ်းရေးစခန်းကို ဂျူလိုင်လ ၂၆ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ လူငယ်သင်တန်းကျောင်းကိုရောက်ပြီး ငါးရက်အကြာ ဂျူလိုင်လ ၃၀ရက်နေ့ နေ့လည်ထမင်းစားလွှတ်ချိန်မှာ အဲ့ဒီကလေးတွေဟာ ထွက်ပြေးတဲ့အတွက် ရိုက်နှက်ခံရပြီး မောင်ပြည့်ဖြိုးမောင် (ခ)ဒွေးပေါက်စအသက် (၁၇)နှစ် သေးဆုံးခဲ့ပါတယ်။ ၆ရက်အကြာ ဩဂုတ်လ ၅ရက်နေ့မှာတော့ မောင်ခိုင်ဇော်ထွန်း အသက်(၁၇)နှစ်ဟာလည်း ထပ်မံသေဆုံးခဲ့ပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး သေဆုံးသူ မောင်ခိုင်ဇော်ထွန်းရဲ့မိခင်ဖြစ်သူ မချိုကို ဆက်သွယ်မေးမြန်းရာမှာတော့” ကျွန်မကလေးက နှိပ်စက်ခံရလို့သေသွားတာ၊ ဒါကြောင့်မို့အမှတ်၂ရဲစခန်းမှာအမှုဖွင့်ဖို့သွားတယ်၊ အမှတ်၁ရဲစခန်းကိုရွှေ့လိုက်တယ်၊ ကျွန်မတို့သွားတော့ အမှုကဖွင့်လို့မရဘူး၊ ဆေးစာပါမှဖွင့်လို့ရမယ်လို့ပြောတယ်၊ ကျွန်မလက်ထဲမှာတော့ ခုထိဘာဆေးစာမှ မရှိသေးဘူးလို့…

Read More

ရန်ကုန်-မန္တလေး မီးရထားလမ်း ပြန်ဖွင့်

ရန်ကုန်-မန္တလေး မီးရထားလမ်း ပြန်ဖွင့် နေပြည်တော်၊ ဩဂုတ် ၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာကြား မီးရထားလမ်း ရေတိုက်စားမှုဖြစ်ခဲ့တဲ့အတွက် ဩဂုတ်လ ၄ ရက် မနက်ပိုင်းက စတင်ပိတ်ထားရတဲ့ ရထားခရီးစဉ်များကို ဒီကနေ့မနက် ၈ နာရီက ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ တောင်ငူဘူ တာရုံပိုင်ကြီး ဦးကျော်မိုးလွင်က ပြောပါတယ်။ ရန်ကုန်နဲ့ မန္တလေးဘက်ကတော့ လက်မှတ်ပြန်ရောင်းပြီ၊ ကြားဘူတာတွေ ဒီကနေ့ ညနေလောက်မှ စရောင်းပေးရမယ်”လို့ ဦးကျော်မိုးလွင်က ပြောပါတယ်။ ညောင်လေးပင်မြို့နယ်အတွင်း ရေကြီးရေလျံမှုတွေကြောင့် ရန်ကုန်-မန္တလေးမီးရထား လမ်း၊ တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင် ၉၈ အနီး တံတားတစ်စင်း ရေတိုက်စားပြီး ရေကျော် ပျက်ဆီးခဲ့တာ‌ကြောင့် ဩဂုတ်လ ၄ ရက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အမှတ်(၅)အဆန်နဲ့ အမှတ် (၃)အဆန်အမြန်ရထားတို့ကို ယာယီဖျက်သိမ်းခဲ့ကာ နှစ်ရက်အကြာမှာတော့ ပြန်လည်သွာလာခွင့်ပြုလိုက်ပြီလို့မြန်မာ့မီးရထား(တိုင်း…

Read More

တရားဟောဆရာစောဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို ထောင် ၃ လ အမိန့်ချ

တရားဟောဆရာစောဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို ထောင် ၃ လ အမိန့်ချ ရန်ကုန်၊ သြဂုတ် ၆-၂၀၂၀ အေးချမ်းသူ(VOM) တရားဟောဆရာ စောဒေးဗစ်(ခ) စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်း ဦးဝေထွန်းတို့ကို ဒီကနေ့မနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃လ အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၂၅နဲ့ တရားစွဲဆိုခံရတဲ့ တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရတ်)တို့ကို မရမ်းကုန်တရားရုံးက ရုံးချိန်း၁၄ချိန်းအပြီးမှာ အခုလိုအမိန့်ချခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေဦးအောင်ကြည်ဝင်းကပြောပါတယ်။ ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ဟာ မေလ ၂၀ရက်နေ့ကတည်းက သူတို့ ၂ဦးကို ချုပ်ရမန်ယူခဲ့တာဖြစ်ပြီး အခုလ ၂၀ ရက်နေ့မှာ ၃ လပြည့်မှာဖြစ်တဲ့အတွက် သူတို့ ၂ ဦးအနေနဲ့ ထောင်ထဲမှာ ၁၄ရက် (၂ ပတ်ခန့်) နေရဦးမှာ ဖြစ်တယ်လို့ တရားရုံးကနေ သိရပါတယ်။…

Read More

ရှမ်းတရုတ်လူမျိုးတွေ မောင်းနှင်လာတဲ့ကားပေါ်ကနေ ဘိန်းဖြူဆပ်ပြာခွက် နှစ်ထောင်ကျော်ဖမ်းမိ

ရှမ်းတရုတ်လူမျိုးတွေ မောင်းနှင်လာတဲ့ကားပေါ်ကနေ ဘိန်းဖြူဆပ်ပြာခွက် နှစ်ထောင်ကျော်ဖမ်းမိ မုံရွာ၊ သြဂုတ် ၆-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ ပင်လယ်ဘူး – ဖောင်ပြင်သွားတဲ့ကားလမ်း ၊ပေါက်စင်ကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာအနောက်ဘက်၊ ရေဝေတောင်ထပ်နေရာမှာ သြဂုတ်လ ၅ ရက် မနက်ပိုင်းက မူးယစ်ဆေးဝါးတွေသယ်လာတဲ့ ကားတစ်စီးကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်တယ်လို့ ပင်လယ်ဘူးမြို့မရဲစခန်းမှ သိရပါတယ်။ “မူးယစ်ဆေးဝါး သတင်းအရ ဖမ်းဆီးဖို့ တောင်ထိပ်မှာစောင့်နေချိန် VIGO အဖြူရောင် အမျိုးအစား ယာဉ်အမှတ် MDY 2H / 89 …. ကားကို ရပ်တန့်စစ်ဆေးတယ် ၊ ကားပေါ်မှာ လိုက်ပါလာတဲ့သူတွေက ရှမ်း၊တရုတ်လူမျိုးတွေဖြစ်ပြီး ဗမာစကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ကြဘူး၊ နာရီ၀က်ခန့်အကြာမှာ နောက်ထပ် ကားတစ်စီး ထပ်ရောက်လာတယ်၊ HILO GL / 48 … အမျိုးအစားဖြစ်တယ် ၊ အဲ့ဒီကားကို…

Read More

သထုံမှာ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တူး‌ဘောက်ထဲကနေ ငွေကျပ်သိန်း ၁၀၀ ခိုးယူခံရ

သထုံမှာ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တူး‌ဘောက်ထဲကနေ ငွေကျပ်သိန်း ၁၀၀ ခိုးယူခံရ နေပြည်တော်၊ ဩဂုတ် ၅-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိန်ကုန်းရပ်ကွက် Lacky7လက်ဖက်ရည်ဆိုင် ရှေ့မှာ မနေ့ဩဂုတ်လ ၅ ရက် နေ့လယ်ပိုင်းက ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ် တူးဘောက်ထဲကနေ ငွေကျပ်သိန်း ၁၀၀အထုတ်ကို အမည်မသိလူတွေက ခိုးယူ ခြင်းခံရတဲဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့မရဲစခန်းကပြောပါတယ်။ “ဘဏ်တစ်ခုက ထုတ်ယူလာတဲ့ သိန်း ၁၀၀ ထုပ်ကို ဆိုင်ကယ်တူးဘောက်ထဲထည့်ပြီး လက်ဖက်ရည်ဝင်သောက်တယ်လို့ သိရတယ်။ ဘဏ်က CCTV တွေနဲ့ တိုက်စစ်ဆေးနေပါတယ်”လို့ သထုံမြို့မရဲစခန်းမှ စခန်းမ‌ှူး ဒုရဲမှူး ဇော်မင်းထွန်းက ပြောပြပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့နေ့လယ်ပိုင်းက သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်မှာနေတဲ့ ဦးတင်ရှိန်ဆိုသူ ဟာ သထုံမြို့ ဧရာဝတီဘဏ်ကနေ ငွေကျပ်သိန်း ၁၀၀ ထုတ်ယူလာခဲ့ပြီး ဆိုင်ကယ်နဲ့ပြန်လာချိန် Lacky7လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ခဲ့ပါတယ်။ လက်ဖက်ရည်သောက်ပြီးအပြန်မှာ ပိုက်ဆံထည့်ထားတဲ့ ကြွပ်ကြွပ်‌အိတ်ဟာ…

Read More
VOM News

FREE
VIEW