ရှမ်းတရုတ်လူမျိုးတွေ မောင်းနှင်လာတဲ့ကားပေါ်ကနေ ဘိန်းဖြူဆပ်ပြာခွက် နှစ်ထောင်ကျော်ဖမ်းမိ

ရှမ်းတရုတ်လူမျိုးတွေ မောင်းနှင်လာတဲ့ကားပေါ်ကနေ ဘိန်းဖြူဆပ်ပြာခွက် နှစ်ထောင်ကျော်ဖမ်းမိ

မုံရွာ၊ သြဂုတ် ၆-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ ပင်လယ်ဘူး – ဖောင်ပြင်သွားတဲ့ကားလမ်း ၊ပေါက်စင်ကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာအနောက်ဘက်၊ ရေဝေတောင်ထပ်နေရာမှာ သြဂုတ်လ ၅ ရက် မနက်ပိုင်းက မူးယစ်ဆေးဝါးတွေသယ်လာတဲ့ ကားတစ်စီးကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်တယ်လို့ ပင်လယ်ဘူးမြို့မရဲစခန်းမှ သိရပါတယ်။

“မူးယစ်ဆေးဝါး သတင်းအရ ဖမ်းဆီးဖို့ တောင်ထိပ်မှာစောင့်နေချိန် VIGO အဖြူရောင် အမျိုးအစား ယာဉ်အမှတ် MDY 2H / 89 …. ကားကို ရပ်တန့်စစ်ဆေးတယ် ၊ ကားပေါ်မှာ လိုက်ပါလာတဲ့သူတွေက ရှမ်း၊တရုတ်လူမျိုးတွေဖြစ်ပြီး ဗမာစကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ကြဘူး၊ နာရီ၀က်ခန့်အကြာမှာ နောက်ထပ် ကားတစ်စီး ထပ်ရောက်လာတယ်၊ HILO GL / 48 … အမျိုးအစားဖြစ်တယ် ၊ အဲ့ဒီကားကို စစ်ဆေးတဲ့အခါ အဲ့ဒီကားရဲ့ နောက်ဖက်ကြမ်းပြင် အံဝှက်ထဲက ဖြူဝါရောင်ဘိန်းဖြူမှုန့် (၁၀)ဂရမ်စီပါ ဆပ်ပြာခွက်(၂၃၉၈)ခွက်၊ အလေးချိန် (၂၃ ဒသမ ၉၈ ) ကီလိုဂရမ်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၉၀၀၀၀)ပြား အလေးချိန် (၉) ကီလိုဂရမ် ဖမ်းဆီးရရှိတာဖြစ်တယ်”လို့ မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ လိုက်ပါသွားတဲ့ မူးယစ်ဆန့်ကျင်ရေး မိုးသောက်ကြယ်အသင်မှ အဖွဲ့၀င်တစ်ဦးကပြောပါတယ် ။

အဲ့ဒီ မူးယစ်ဆေးဝါးတွေကို မူးယစ်တပ်ဖွဲ့စု အမှတ်(၆) ကသာရဲတပ်ဖွဲ့၊ ပင်လယ်ဘူး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ ၊ မူးယစ်ဆန့်ကျင်ရေး မိုးသောက်ကြယ်အဖွဲ့၀င်တွေက ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရရှိမိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဥပဒေအရ အမှုဖွင့်အရေးယူသွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပင်လယ်ဘူး

Zawgyi

ရွမ္းတ႐ုတ္လူမ်ိဳးေတြ ေမာင္းႏွင္လာတဲ့ကားေပၚကေန ဘိန္းျဖဴဆပ္ျပာခြက္ ႏွစ္ေထာင္ေက်ာ္ဖမ္းမိ

မုံ႐ြာ၊ ၾသဂုတ္ ၆-၂၀၂၀
ကိုတိုးႀကီး(VOM)

စစ္ကိုင္းတိုင္း၊ ပင္လယ္ဘူးၿမိဳ႕နယ္၊ ပင္လယ္ဘူး – ေဖာင္ျပင္သြားတဲ့ကားလမ္း ၊ေပါက္စင္ေက်း႐ြာအုပ္စု၊ ဝါးဘိုးေခ်ာင္းေက်း႐ြာအေနာက္ဘက္၊ ေရေဝေတာင္ထပ္ေနရာမွာ ၾသဂုတ္လ ၅ ရက္ မနက္ပိုင္းက မူးယစ္ေဆးဝါးေတြသယ္လာတဲ့ ကားတစ္စီးကို ရဲတပ္ဖြဲ႕ကေန ဖမ္းဆီးလိုက္တယ္လို႔ ပင္လယ္ဘူးၿမိဳ႕မရဲစခန္းမွ သိရပါတယ္။

“မူးယစ္ေဆးဝါး သတင္းအရ ဖမ္းဆီးဖို႔ ေတာင္ထိပ္မွာေစာင့္ေနခ်ိန္ VIGO အျဖဴေရာင္ အမ်ိဳးအစား ယာဥ္အမွတ္ MDY 2H / 89 …. ကားကို ရပ္တန႔္စစ္ေဆးတယ္ ၊ ကားေပၚမွာ လိုက္ပါလာတဲ့သူေတြက ရွမ္း၊တ႐ုတ္လူမ်ိဳးေတြျဖစ္ၿပီး ဗမာစကားကို ေကာင္းေကာင္းမြန္မြန္ မေျပာတတ္ၾကဘူး၊ နာရီ၀က္ခန႔္အၾကာမွာ ေနာက္ထပ္ ကားတစ္စီး ထပ္ေရာက္လာတယ္၊ HILO GL / 48 … အမ်ိဳးအစားျဖစ္တယ္ ၊ အဲ့ဒီကားကို စစ္ေဆးတဲ့အခါ အဲ့ဒီကားရဲ႕ ေနာက္ဖက္ၾကမ္းျပင္ အံဝွက္ထဲက ျဖဴဝါေရာင္ဘိန္းျဖဴမႈန႔္ (၁၀)ဂရမ္စီပါ ဆပ္ျပာခြက္(၂၃၉၈)ခြက္၊ အေလးခ်ိန္ (၂၃ ဒသမ ၉၈ ) ကီလိုဂရမ္နဲ႔ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၀၀၀၀)ျပား အေလးခ်ိန္ (၉) ကီလိုဂရမ္ ဖမ္းဆီးရရွိတာျဖစ္တယ္”လို႔ မူးယစ္ေဆးဝါး ဖမ္းဆီးရာမွာ လိုက္ပါသြားတဲ့ မူးယစ္ဆန႔္က်င္ေရး မိုးေသာက္ၾကယ္အသင္မွ အဖြဲ႕၀င္တစ္ဦးကေျပာပါတယ္ ။

အဲ့ဒီ မူးယစ္ေဆးဝါးေတြကို မူးယစ္တပ္ဖြဲ႕စု အမွတ္(၆) ကသာရဲတပ္ဖြဲ႕၊ ပင္လယ္ဘူး ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္မ်ား ၊ မူးယစ္ဆန႔္က်င္ေရး မိုးေသာက္ၾကယ္အဖြဲ႕၀င္ေတြက ဖမ္းဆီးလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ဖမ္းဆီးရရွိမိတဲ့ မူးယစ္ေဆးဝါး သယ္ေဆာင္လာသူေတြကို စစ္ေဆးေဆာင္႐ြက္လ်က္ရွိၿပီး ဥပေဒအရ အမႈဖြင့္အေရးယူသြားမယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ပင္လယ္ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW