သထုံမှာ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တူး‌ဘောက်ထဲကနေ ငွေကျပ်သိန်း ၁၀၀ ခိုးယူခံရ

သထုံမှာ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တူး‌ဘောက်ထဲကနေ ငွေကျပ်သိန်း ၁၀၀ ခိုးယူခံရ

နေပြည်တော်၊ ဩဂုတ် ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိန်ကုန်းရပ်ကွက် Lacky7လက်ဖက်ရည်ဆိုင်
ရှေ့မှာ မနေ့ဩဂုတ်လ ၅ ရက် နေ့လယ်ပိုင်းက ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်
တူးဘောက်ထဲကနေ ငွေကျပ်သိန်း ၁၀၀အထုတ်ကို အမည်မသိလူတွေက ခိုးယူ
ခြင်းခံရတဲဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့မရဲစခန်းကပြောပါတယ်။

“ဘဏ်တစ်ခုက ထုတ်ယူလာတဲ့ သိန်း ၁၀၀ ထုပ်ကို ဆိုင်ကယ်တူးဘောက်ထဲထည့်ပြီး လက်ဖက်ရည်ဝင်သောက်တယ်လို့ သိရတယ်။ ဘဏ်က CCTV တွေနဲ့ တိုက်စစ်ဆေးနေပါတယ်”လို့ သထုံမြို့မရဲစခန်းမှ စခန်းမ‌ှူး ဒုရဲမှူး ဇော်မင်းထွန်းက ပြောပြပါတယ်။

ဖြစ်စဉ်ဖြစ်တဲ့နေ့လယ်ပိုင်းက သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်မှာနေတဲ့ ဦးတင်ရှိန်ဆိုသူ
ဟာ သထုံမြို့ ဧရာဝတီဘဏ်ကနေ ငွေကျပ်သိန်း ၁၀၀ ထုတ်ယူလာခဲ့ပြီး ဆိုင်ကယ်နဲ့ပြန်လာချိန် Lacky7လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ခဲ့ပါတယ်။

လက်ဖက်ရည်သောက်ပြီးအပြန်မှာ ပိုက်ဆံထည့်ထားတဲ့ ကြွပ်ကြွပ်‌အိတ်ဟာ ဆိုင်ကယ်တူးဘောက်အပြင်ကိုထွက်နေတဲ့အတွက် စစ်ဆေးကြည်တဲ့အခါ ငွေကျပ်သိန်း ၁၀၀ ပျောက်ဆုံး‌နေတာကို သိခဲ့ရတာဖြစ်တယ်လို့ သထုံမြို့ မရဲစခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့နဲ့ ၁၇ရက်နေ့ကလည်း သထုံမြို့ ၊ကမ္ဘောဇဘဏ်နဲ့ ဧရာဝတီဘဏ်ကနေ ငွေထုတ်ပြီးပြန်လာတဲ့ အမျိုးသမီးနှစ်ဦးဆီက ငွေကျပ် ၁၂ သိန်းလုယက်ခံရတာနဲ့ ၊ ငွေကျပ်သိန်း ၆၀ထုပ်တစ်ထုပ်ကို ဆိုင်ကယ်စီးလာသူတစ်ဦးက လုယူထွက်ပြေးတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့ပေမယ့် ကျုးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ငွေကျပ် သိန်း ၁၀၀ခိုးယူခံရတဲ့အမှုနဲ့ ပတ်သက်လို့ သထုံမြို့မရဲစခန်းမှာ (ပ) ၄၇၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ရာမညတိုင်း(မ်)
#voiceofmyanmar #VOM #သထုံ

Zawgyi

သထုံမွာ လက္ဖက္ရည္ဆုိင္ေရွ႕ရပ္ထားတဲ့ ဆိုင္ကယ္တူး‌ေဘာက္ထဲကေန
ေငြက်ပ္သိန္း ၁၀၀ ခိုးယူခံရ

ေနျပည္ေတာ္၊ ဩဂုတ္ ၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ သိန္ကုန္းရပ္ကြက္ Lacky7လက္ဖက္ရည္ဆိုိင္
ေရွ႕မွာ မေန႔ဩဂုတ္လ ၅ ရက္ ေန႔လယ္ပိုင္းက ဆိုင္ေရွ႕ရပ္ထားတဲ့ ဆိုင္ကယ္
တူးေဘာက္ထဲကေန ေငြက်ပ္သိန္း ၁၀၀အထုတ္ကို အမည္မသိလူေတြက ခိုးယူ
ျခင္းခံရတဲျဖစ္စဥ္ျဖစ္ပြားခဲ့တယ္လို႔ သထုံၿမိဳ႕မရဲစခန္းကေျပာပါတယ္။

“ဘဏ္တစ္ခုက ထုတ္ယူလာတဲ့ သိန္း ၁၀၀ ထုပ္ကို ဆိုင္ကယ္တူးေဘာက္ထဲထည့္ၿပီး လက္ဖက္ရည္ဝင္ေသာက္တယ္လို႔ သိရတယ္။ ဘဏ္က CCTV ေတြနဲ႔ တိုက္စစ္ေဆးေနပါတယ္”လို႔ သထုံၿမိဳ႕မရဲစခန္းမွ စခန္းမ‌ႉး ဒုရဲမႉး ေဇာ္မင္းထြန္းက ေျပာျပပါတယ္။

ျဖစ္စဥ္ျဖစ္တဲ့ေန႔လယ္ပိ္ုင္းက သထုံၿမိဳ႕နယ္၊ သိမ္ကုန္းရပ္ကြက္မွာေနတဲ့ ဦးတင္ရွိန္ဆိုသူ
ဟာ သထုံၿမိဳ႕ ဧရာဝတီဘဏ္ကေန ေငြက်ပ္သိန္း ၁၀၀ ထုတ္ယူလာခဲ့ၿပီး ဆိုင္ကယ္နဲ႔ျပန္လာခ်ိန္ Lacky7လက္ဖက္ရည္ဆိုင္မွာ လက္ဖက္ရည္ဝင္ေသာက္ခဲ့ပါတယ္။

လက္ဖက္ရည္ေသာက္ၿပီးအျပန္မွာ ပိုက္ဆံထည့္ထားတဲ့ ၾကြပ္ႂကြပ္‌အိတ္ဟာ ဆိုင္ကယ္တူးေဘာက္အျပင္ကိုထြက္ေနတဲ့အတြက္ စစ္ေဆးၾကည္တဲ့အခါ ေငြက်ပ္သိန္း ၁၀၀ ေပ်ာက္ဆုံး‌ေနတာကို သိခဲ့ရတာျဖစ္တယ္လို႔ သထုံၿမိဳ႕ မရဲစခန္းကေန သိရပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၈ ရက္ေန႔နဲ႔ ၁၇ရက္ေန႔ကလည္း သထုံၿမိဳ႕ ၊ကေမာၻဇဘဏ္နဲ႔ ဧရာဝတီဘဏ္ကေန ေငြထုတ္ၿပီးျပန္လာတဲ့ အမ်ိဳးသမီးႏွစ္ဦးဆီက ေငြက်ပ္ ၁၂ သိန္းလုယက္ခံရတာနဲ႕ ၊ ေငြက်ပ္သိန္း ၆၀ထုပ္တစ္ထုပ္ကို ဆိုင္ကယ္စီးလာသူတစ္ဦးက လုယူထြက္ေျပးတဲ့ျဖစ္စဥ္ေတြလည္းျဖစ္ပြားခဲ့ေပမယ့္ က်ဳးလြန္သူေတြကို ဖမ္းဆီးႏိုင္ျခင္းမရွိေသးဘူးလို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ေငြက်ပ္ သိန္း ၁၀၀ခိုးယူခံရတဲ့အမႈနဲ႔ ပတ္သက္လို႔ သထုံၿမိဳ႕မရဲစခန္းမွာ (ပ) ၄၇၉/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ အရ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ဓါတ္ပုံ-ရာမညတိုင္း(မ္)
#voiceofmyanmar #VOM #သထံု

Related posts

Leave a Comment

VOM News

FREE
VIEW