ပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ဘေရွတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေ

ပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ဘေရွတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေ

ဘေရွတ်၊ သြဂုတ်-၇-၂၀၂၀
မျိုးဆက် (VOM)

လက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာ သြဂုတ် ၆ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။

ပါလီမန်အနီးရှိ ဆန္ဒပြသူ ဒါဇင်များစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့တာကြောင့် ထိခိုက်မှုတွေလည်းရှိနေပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက ဘေးကင်းလုံခြုံမှုမရှိပဲ သိုလှောင်ထားတဲ့ အမိုနီယမ်နိုင်ထရစ်တန်ချိန် ၂၇၅၀ ကြောင့်ဖြစ်ပွားခဲ့တဲ့ သြဂုတ် ၄ ရက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက အမျက်ဒေါသထွက်နေကြပါတယ်။

အစိုးရရဲ့ပေါ့ဆမှုကြောင့် လူ ၁၃၇ ဦးသေဆုံးပြီး ငါးထောင်ကျော်ဒါဏ်ရာရရှိခဲ့တဲ့ ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာလို့ လက်ဘနွန်ပြည်သူ အများအပြားက ဝေဖန်ပြောဆိုနေကြပါတယ်။

ပေါက်ကွဲမှုကြောင့် မြို့တော်ရှိ ခရိုင်တစ်ခုလုံးပျက်စီးသွားခဲ့ပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြိုလဲခဲ့ကာ လူဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ ၁၆ ဦးကိုဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့် လက်ဘနွန်အစိုးရက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဘေရွတ်

Zawgyi

ေပါက္ကြဲမႈၾကီးျဖစ္ခဲ႔တဲ႔ ေဘရြတ္မွာ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျဖစ္ေပၚေန

ေဘရြတ္၊ ၾသဂုတ္-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

လက္ဘႏြန္နိုင္ငံေဘရြတ္ျမိဳ႕မွာ ၾသဂုတ္ ၆ ရက္ကျဖစ္ပြားခဲ႔တဲ႔ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြမွာ ဆႏၵျပသူေတြနဲ႔ လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြအၾကား ပဋိပကၡေတြျဖစ္ပြားခဲ႔ပါတယ္။

ပါလီမန္အနီးရိွ ဆႏၵျပသူ ဒါဇင္မ်ားစြာကို လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြက မ်က္ရည္ယိုဗံုးေတြအသံုးျပဳကာ လူစုခြဲခဲ႔တာေၾကာင္႔ ထိခိုက္မႈေတြလည္းရိွေနပါတယ္။

၂၀၁၃ ခုနွစ္ကတည္းက ေဘးကင္းလံုျခံဳမႈမရိွပဲ သိုေလွာင္ထားတဲ႔ အမိုနီယမ္နိုင္ထရစ္တန္ခ်ိန္ ၂၇၅၀ ေၾကာင္႔ျဖစ္ပြားခဲ႔တဲ႔ ၾသဂုတ္ ၄ ရက္ေပါက္ကြဲမႈနဲ႔ပတ္သက္ျပီး ဆႏၵျပသူေတြက အမ်က္ေဒါသထြက္ေနၾကပါတယ္။

အစိုးရရဲ႔ေပါ႔ဆမႈေၾကာင္႔ လူ ၁၃၇ ဦးေသဆံုးျပီး ငါးေထာင္ေက်ာ္ဒါဏ္ရာရရိွခဲ႔တဲ႔ ေပါက္ကြဲမႈၾကီးျဖစ္ခဲ႔တာလို႔ လက္ဘႏြန္ျပည္သူ အမ်ားအျပားက ေ၀ဖန္ေျပာဆိုေနၾကပါတယ္။

ေပါက္ကြဲမႈေၾကာင္႔ ျမိဳ႕ေတာ္ရိွ ခရိုင္တစ္ခုလံုးပ်က္စီးသြားခဲ႔ျပီး ေနအိမ္္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြလည္း ျပိဳလဲခဲ႔ကာ လူဒါဇင္မ်ားစြာ ေပ်ာက္ဆံုးေနဆဲျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး လူ ၁၆ ဦးကိုဖမ္းဆီးထားျပီး စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔္ လက္ဘႏြန္အစိုးရက ထုတ္ျပန္ထားပါတယ္။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ေဘရြတ္

Related posts

Leave a Comment

VOM News

FREE
VIEW