ရော်ဘာဈေးထိုးကျပြီးလုပ်ငန်းထိခိုက်ခဲ့ရပေမယ့် ရော်ဘာစိုက်ပျိုးသူတွေ COVID-19 ချေးငွေမရ

ရော်ဘာဈေးထိုးကျပြီးလုပ်ငန်းထိခိုက်ခဲ့ရပေမယ့် ရော်ဘာစိုက်ပျိုးသူတွေ COVID-19 ချေးငွေမရ

ရန်ကုန်၊ သြဂုတ် ၁၂-၂၀၂၀
ကျော်ကျော်(VOM)

COVID-19 ကြောင့် ရော်ဘာဈေးတွေထိုးကျကာ ထိခိုက်ခဲ့ရပေမယ့် ရော်ဘာစိုက်ပျိုးသူတွေ COVID-19 ချေးငွေမရရှိဘူးလို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က VOM ကို ပြောပါတယ်။

COVID-19 ကြောင့် ပြီးခဲ့တဲ့ မေလဆန်းကစတင်ကာ ပြည်ပကိုတင်ပို့တဲ့ရော်ဘာဈေးနှုန်းအပြင် ပြည်တွင်းရောင်းချတဲ့ ရော်ဘာဈေးနှုန်းတွေပါထိုးကျခဲ့ပြီး လုပ်ငန်တွေထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

“လက်ရှိချေးပေးတဲ့ COVID ချေးငွေကို ရော်ဘာခြံတွေမရပါဘူး။ ရော်ဘာခြံတွေအတွက် အစိုးရဆီက ချေးငွေနဲ့ ထောက်ပံ့မှုပေးဖို့ ခဏခဏတောင်းဆိုခဲ့ဖူးပါတယ်။ အခု စီးပွားကူး/သန်းက အကူအညီပေးဖို့လုပ်နေတာကလည်း ဓာတ်ခွဲခန်းအကူအညီပါ။ ငွေးကြေးတော့ မပါသေးပါဘူး”လို့ ဦးခိုင်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့မေလဆန်းမှာ ပြည်ပတင်ပို့တဲ့ရော်ဘာတစ်တန်ကို ဒေါ်လာ ၁၁၀၀ လောက်အထိကျသွားခဲ့ပေမယ့် လက်ရှိရော်ဘာတစ်တန်ကို ဒေါ်လာ ၁၆၀၀ လောက်အထိ ပြန်တက်လာခဲ့ပေမယ့် မိုးရာသီကာလဟာ ရော်ဘာခြံပိတ်တဲ့ကာလဖြစ်တာကြောင့် ပြည်တွင်းအပြင် ပြည်ပကိုပါ တင်ပို့ရောင်းချမှုအလွန်နည်းပါးတယ်လို့ သိရပါတယ်။

ရော်ဘာဈေးတွေထိုးကျခဲ့လို့ လက်ရှိမိုးရာသီကာလ ရော်ဘာခြံတွေ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ဓာတ်မြေသြဇာကျွေးဖို့အတွက် ငွေကြေးအခက်အခဲရှိတယ်လို့ ရော်ဘာခြံလုပ်ငန်းတစ်ဦးက ပြောပါတယ်။

“မိုးရာသီမှာ ရော်ဘာခြံတွေကို ဓာတ်မြေဩဇာကျွေးရမယ်။ ခြံတွေကို ထိန်းသိမ်းရမယ်။ ဒါပေမယ့် COVID ဖြစ်တော့ ဈေးတွေထိုးကျသွားပြီး အဲဒါတွေလုပ်ဖို့ ငွေမရှိတော့ဘူး။ ခြံတွေကို ထိန်းသိမ်းဖို့ ငှားရတဲ့အလုပ်သမားစရိတ်အတွက် ပေးစရာမရှိဘူး”လို့ ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရော်ဘာခြံလုပ်ကိုင်သူတွေအနေနဲ့ လာမယ့် ရော်ဘာရာသီအတွက် ဆက်လက်လုပ်ကိုင်ဖို့အတွက် အားလျော့မှုတွေရှိနေတာကြောင့် စိတ်မပျက်ဘဲ အရည်အသွေးကောင်းတဲ့ရော်ဘာတွေစိုက်ပျိုးထုတ်လုပ်ကြဖို့ကိုလည်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က အကြံပြုပြောပါတယ်။

ရော်ဘာကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မ့ှာ အများဆုံးစိုက်ပျိုးကြပြီး ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာလည်း စိုက်ပျိုးတာတွေရှိနေပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပြည်ပကို ရော်ဘာတန်ချိန် ၂ သိန်းနီးပါးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Photo – မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း
#voiceofmyanmar #VOM #ရော်ဘာ #ကိုဗစ်ချေးငွေ

Zawgyi

ေရာ္ဘာေဈးထိုးက်ၿပီးလုပ္ငန္းထိခိုက္ခဲ့ရေပမယ့္ ေရာ္ဘာစိုက္ပ်ိဳး
သူေတြ COVID-19 ေခ်းေငြမရ

ရန္ကုန္၊ ၾသဂုတ္ ၁၂-၂၀၂၀
ေက်ာ္ေက်ာ္(VOM)

COVID-19 ေၾကာင့္ ေရာ္ဘာေဈးေတြထိုးက်ကာ ထိခိုက္ခဲ့ရေပမယ့္ ေရာ္ဘာစိုက္ပ်ိဳးသူေတြ COVID-19 ေခ်းေငြမရရွိဘူးလို႔ ျမန္မာႏိုင္ငံေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉး ဦးခိုင္ျမင့္က VOM ကို ေျပာပါတယ္။

COVID-19 ေၾကာင့္ ၿပီးခဲ့တဲ့ ေမလဆန္းကစတင္ကာ ျပည္ပကိုတင္ပို႔တဲ့ေရာ္ဘာေဈးႏႈန္းအျပင္ ျပည္တြင္းေရာင္းခ်တဲ့ ေရာ္ဘာေဈးႏႈန္းေတြပါထိုးက်ခဲ့ၿပီး လုပ္ငန္ေတြထိခိုက္ခဲ့ရတယ္လို႔ သိရပါတယ္။

“လက္ရွိေခ်းေပးတဲ့ COVID ေခ်းေငြကို ေရာ္ဘာၿခံေတြမရပါဘူး။ ေရာ္ဘာၿခံေတြအတြက္ အစိုးရဆီက ေခ်းေငြနဲ႔ ေထာက္ပံ့မႈေပးဖို႔ ခဏခဏေတာင္းဆိုခဲ့ဖူးပါတယ္။ အခု စီးပြားကူး/သန္းက အကူအညီေပးဖို႔လုပ္ေနတာကလည္း ဓာတ္ခြဲခန္းအကူအညီပါ။ ေငြးေၾကးေတာ့ မပါေသးပါဘူး”လို႔ ဦးခိုင္ျမင့္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ေမလဆန္းမွာ ျပည္ပတင္ပို႔တဲ့ေရာ္ဘာတစ္တန္ကို ေဒၚလာ ၁၁၀၀ ေလာက္အထိက်သြားခဲ့ေပမယ့္ လက္ရွိေရာ္ဘာတစ္တန္ကို ေဒၚလာ ၁၆၀၀ ေလာက္အထိ ျပန္တက္လာခဲ့ေပမယ့္ မိုးရာသီကာလဟာ ေရာ္ဘာၿခံပိတ္တဲ့ကာလျဖစ္တာေၾကာင့္ ျပည္တြင္းအျပင္ ျပည္ပကိုပါ တင္ပို႔ေရာင္းခ်မႈအလြန္နည္းပါးတယ္လို႔ သိရပါတယ္။

ေရာ္ဘာေဈးေတြထိုးက်ခဲ့လို႔ လက္ရွိမိုးရာသီကာလ ေရာ္ဘာၿခံေတြ ျပဳျပင္ထိန္းသိမ္းဖို႔နဲ႔ ဓာတ္ေျမၾသဇာေကြၽးဖို႔အတြက္ ေငြေၾကးအခက္အခဲရွိတယ္လို႔ ေရာ္ဘာၿခံလုပ္ငန္းတစ္ဦးက ေျပာပါတယ္။

“မိုးရာသီမွာ ေရာ္ဘာၿခံေတြကို ဓာတ္ေျမဩဇာေကြၽးရမယ္။ ၿခံေတြကို ထိန္းသိမ္းရမယ္။ ဒါေပမယ့္ COVID ျဖစ္ေတာ့ ေဈးေတြထိုးက်သြားၿပီး အဲဒါေတြလုပ္ဖို႔ ေငြမရွိေတာ့ဘူး။ ၿခံေတြကို ထိန္းသိမ္းဖို႔ ငွားရတဲ့အလုပ္သမားစရိတ္အတြက္ ေပးစရာမရွိဘူး”လို႔ ေရာ္ဘာၿခံလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။

ေရာ္ဘာၿခံလုပ္ကိုင္သူေတြအေနနဲ႔ လာမယ့္ ေရာ္ဘာရာသီအတြက္ ဆက္လက္လုပ္ကိုင္ဖို႔အတြက္ အားေလ်ာ့မႈေတြရွိေနတာေၾကာင့္ စိတ္မပ်က္ဘဲ အရည္အေသြးေကာင္းတဲ့ေရာ္ဘာေတြစိုက္ပ်ိဳးထုတ္လုပ္ၾကဖို႔ကိုလည္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉး ဦးခိုင္ျမင့္က အႀကံျပဳေျပာပါတယ္။

ေရာ္ဘာကို မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔မ့ွာ အမ်ားဆုံးစိုက္ပ်ိဳးၾကၿပီး ပဲခူးတိုင္းနဲ႔ တနသၤာရီတိုင္းတို႔မွာလည္း စိုက္ပ်ိဳးတာေတြရွိေနၿပီး ၿပီးခဲ့တဲ့ ဘ႑ာႏွစ္က ျပည္ပကို ေရာ္ဘာတန္ခ်ိန္ ၂ သိန္းနီးပါးတင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။

Photo – မြန္ျပည္နယ္ေရာ္ဘာစိုက္ပ်ဳိးထုတ္လုပ္သူမ်ားအသင္း
#voiceofmyanmar #VOM #ေရာ္ဘာ #ကိုဗစ္ေခ်းေငြ

Related posts

Leave a Comment

VOM News

FREE
VIEW