ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ အခမ်းအနား အာဏာပိုင်တွေက ပြန်လည်ကျင်းပခွင့်ပြု

ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ အခမ်းအနား အာဏာပိုင်တွေက ပြန်လည်ကျင်းပခွင့်ပြု

ရန်ကုန်၊ သြဂုတ် ၁၀ -၂၀၂၀
အေးချမ်းသူ(VOM)

သြဂုတ်လ၁၂ရက်နေ့မှာကျရောက်မယ့် နှစ် (၇၀) ပြည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ သတ်မှတ်ချက်စည်းကမ်းတွေနဲ့အညီ ပြန်လည်ကျင်းပဖို့အတွက် မြို့နယ်တာဝန်ရှိသူတွေကခွင့်ပြုခဲ့တယ်လို့ ကရင်တိုင်းရင်းသားများအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှက ပြောပါတယ်။

“မနေ့က မြို့နယ်က တာဝန်ရှိသူတွေနဲ့ ညိုနှိုင်းတာ အဆင်ပြေသွားတယ်။ ကျွန်မတို့က ပြောပြတယ်။ ၈၈၈၈၈လုံးပွဲလည်း လုပ်တာပဲလို့ ၊ ကိုဗစ်ကြောင့်ဆို ကျွန်မတို့စည်းကမ်းချက်နဲ့ အညီလုပ်မယ်ဆိုလို့ အဆင်ပြေသွားတာ”လို့ ဒေါ်နော်အုံးလှကပြောပါတယ်။

ကရင်အာဇာနည်နေ့အခမ်းအနားကို မဟာဗန္ဓုလပန်းခြံရှေ့မှာ မနက် ၉နာရီကနေ ညနေ ၄နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး အလေးပြုရာတွင်လည်း ၁၅ ယောက်တစ်တွဲသာအလေးပြုရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်မှတ်ရေးထိုးကာ ညိုနှိုင်းမှုပြုလုပ်ခဲ့တယ်လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မဟာဗန္ဓုလပန်းခြံရှေမှာ နှစ် ၇၀ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ပြုလုပ်ဖို့ စာတင်ခဲ့ပေမယ့် ခွင့်မပြုခဲ့တာဖြစ်ပြီး အတင်းအကြပ်ပြုလုပ်မှာကို သိရတဲ့အတွက် ပြန်လည်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဒေါ်နော်အုံးလှက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကပြုလုပ်တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားကို အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပေမယ့်လည်း ကရင်ပြည်သူလူထု တက်ကြွစွာ ပါဝင်ချီတက်ခဲ့ကြပြီး အဲ့ဒီပွဲကို ဦးဆောင်ခဲ့တဲ့ ဒေါ်နော်အုန်းလှအပါအဝင် တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူမှုခဲ့ပြီး ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ထောင်ဒဏ် ၁လကျခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္ၿမိဳ႕မွာ ကရင္အာဇာနည္ေန႔ အခမ္းအနား အာဏာပိုင္ေတြက ျပန္လည္က်င္းပခြင့္ျပဳ

ရန္ကုန္၊ ၾသဂုတ္ ၁၀ -၂၀၂၀
ေအးခ်မ္းသူ(VOM)

ၾသဂုတ္လ၁၂ရက္ေန႔မွာက်ေရာက္မယ့္ ႏွစ္ (၇၀) ျပည့္ ကရင့္အာဇာနည္ေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႔မွာ သတ္မွတ္ခ်က္စည္းကမ္းေတြနဲ႔အညီ ျပန္လည္က်င္းပဖို႔အတြက္ ၿမိဳ႕နယ္တာဝန္ရွိသူေတြကခြင့္ျပဳခဲ့တယ္လို႔ ကရင္တိုင္းရင္းသားမ်ားအေရး တက္ႂကြလႈပ္ရွားသူ ေဒၚေနာ္အုန္းလွက ေျပာပါတယ္။

“မေန႔က ၿမိဳ႔နယ္က တာဝန္ရွိသူေတြနဲ႔ ညိဳႏႈိင္းတာ အဆင္ေျပသြားတယ္။ ကြၽန္မတို႔က ေျပာျပတယ္။ ၈၈၈၈၈လုံးပြဲလည္း လုပ္တာပဲလို႔ ၊ ကိုဗစ္ေၾကာင့္ဆို ကြၽန္မတို႔စည္းကမ္းခ်က္နဲ႔ အညီလုပ္မယ္ဆိုလို႔ အဆင္ေျပသြားတာ”လို႔ ေဒၚေနာ္အုံးလွကေျပာပါတယ္။

ကရင္အာဇာနည္ေန႔အခမ္းအနားကို မဟာဗႏၶဳလပန္းၿခံေရွ႔မွာ မနက္ ၉နာရီကေန ညေန ၄နာရီအထိ ျပဳလုပ္သြားမွာျဖစ္ၿပီး အေလးျပဳရာတြင္လည္း ၁၅ ေယာက္တစ္တြဲသာအေလးျပဳရမယ္ဆိုတဲ့ သေဘာတူညီခ်က္နဲ႔ လက္မွတ္ေရးထိုးကာ ညိဳႏႈိင္းမႈျပဳလုပ္ခဲ့တယ္လို႔ ေဒၚေနာ္အုန္းလွကေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက မဟာဗႏၶဳလပန္းၿခံေရွမွာ ႏွစ္ ၇၀ ႀကိမ္ေျမာက္ ကရင္အာဇာနည္ေန႔အခမ္းအနား ျပဳလုပ္ဖို႔ စာတင္ခဲ့ေပမယ့္ ခြင့္မျပဳခဲ့တာျဖစ္ၿပီး အတင္းအၾကပ္ျပဳလုပ္မွာကို သိရတဲ့အတြက္ ျပန္လည္ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ ေဒၚေနာ္အုံးလွက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကျပဳလုပ္တဲ့ ကရင့္အာဇာနည္ေန႔ အခမ္းအနားကို အာဏာပိုင္ေတြက ပိတ္ပင္ခဲ့ေပမယ့္လည္း ကရင္ျပည္သူလူထု တက္ႂကြစြာ ပါဝင္ခ်ီတက္ခဲ့ၾကၿပီး အဲ့ဒီပြဲကို ဦးေဆာင္ခဲ့တဲ့ ေဒၚေနာ္အုန္းလွအပါအဝင္ တက္ႂကြလႈပ္ရွားသူေတြကို အာဏာပိုင္ေတြက ဖမ္းဆီးအေရးယူမႈခဲ့ၿပီး ၿငိမ္းစုစီပုဒ္မ ၁၉နဲ႔ ေထာင္ဒဏ္ ၁လက်ခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW