NDFပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို တပ်မတော်ကနေကူညီဖို့အတွက် ရင်ဖွင့်တင်ပြ အကူညီတောင်းခဲ့ခြင်းသာဖြစ် ရန်ကုန်၊ သြဂုတ် ၁၅-၂၀၂၀ သိင်္ဂီ (VOM) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ ခုရဲ့ ခေါင်းဆောင်တွေဟာ မနေ့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး နေပြည်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီလိုတွေ့ဆုံမှုမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ပါတီအနေနဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေပေါ်မှာ ဆက်ဆံမှု ဘက်လိုက်နေကြောင်း၊ ဆက်ဆံတဲ့အခါမှာ ပါတီတွေအပေါ် တန်းတူအခွင့်အရေးမရကြောင်း ၊ NLD ပါတီကိုတော့ အခွင့်အရေးတွေ ပိုပေးနေတာကြောင့် ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်မျှတအောင် တပ်မတော်အနေနဲ့ကူညီဖို့ ရင်ဖွင့်တင်ပြ အကူညီတောင်းခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောပါတယ်။ “တပ်မတော်ဦးစီးချုပ်ကပြောတယ် ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်မျှတအောင် တပ်မတော်ကကူညီမယ်ဆိုတဲ့ စကားရှိတဲ့အတွက်ကြောင့် ဒီစကားအရ ပါတီတွေက တပ်ချုပ်ကိုပြောပြတာဖြစ်ပါတယ်။ တပ်ချုပ်က အပိတ်ကျမှ စကားလေး နှစ်ခွန်းသုံးခွန်းနဲ့ပြီးသွားတယ်။…
Read MoreDay: August 14, 2020
ဘင်္ဂါလီတွေ ရွေးကောက်ပွဲဝင်နိုင်ရေး မြန်မာအစိုးရကို တိုက်တွန်း
ဘင်္ဂါလီတွေ ရွေးကောက်ပွဲဝင်နိုင်ရေး မြန်မာအစိုးရကို တိုက်တွန်း ဝါရှင်တန်၊ သြဂုတ်-၁၄-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာကျင်းပမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် နိုင်ငံသားစိစစ်ရေးကဒ် လုပ်ငန်းစဉ်တွေကို ဖျက်သိမ်းဖို့နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ပေးဖို့ မြန်မာအစိုးရကို Fortify Rights အဖွဲ့က သြဂုတ် ၁၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းဆန်တာဟာ လူမျိုးတုန်းသတ်ဖြတ်မှုအမှောင်ခြမ်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ Fortify Rights အဖွဲ့ပူးတွဲတည်ထောင်သူ မက်သရူးစမစ်ကပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဘင်္ဂါလီတွေဦးဆောင်တဲ့ ပါတီတွေရဲ့ အခွင့်အရေးတွေကို မြန်မာအစိုးရအနေနဲ့အာမခံပေးသင့်တယ်လို့ Fortify Rightsအဖွဲ့က တိုက်တွန်းထားပါတယ်။ စစ်တွေရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီမှ ပါတီဝင်တစ်ဦးဖြစ်သူ ဘင်္ဂါလီလူမျိုး အဗ္ဗဒူရာရှစ်ရဲ့ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကို ပယ်ချလိုက်ပြီးနောက် Fortify Rightsအဖွဲ့က…
Read Moreထန်တလန်မြို့နယ်မှာ (PCV-2) ဝက်ဗိုင်းရပ်စ်ရောဂါကြောင့် ဝက်အကောင်ရေ ၁၃၆၀ ထိ သေဆုံးမှုတွေရှိလာ
ထန်တလန်မြို့နယ်မှာ (PCV-2) ဝက်ဗိုင်းရပ်စ်ရောဂါကြောင့် ဝက်အကောင်ရေ ၁၃၆၀ ထိ သေဆုံးမှုတွေရှိလာ မုံရွာ၊ သြဂုတ် ၁၄-၂၀၂၀ ရန်နိုင်စိုး(VOM) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ မွေးမြူရေးဝက်တွေ သေဆုံးမှုဖြစ်ပွားနေတဲ့ (PCV-2) ဝက်ဗိုင်းရပ်စ်(ခေါ် ) ဝက်အားနည်းရောဂါကြောင့် ဝက်အကောင်ရေ ၁၃၆၀ ထိ သေဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဝက်ဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ ဧပြီလက ဝက်အကောင်ရေ ၁၀၀ ကျော်သေဆုံးရာကနေ ယခုဩဂုတ်လအထိ အကောင်ရေ ၁၃၆၀ လောက်သေဆုံးမှုဖြစ်ပွားလာတယ်လို့ ထန်တလန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းကောက်ယူချက်အရ သိရပါတယ်။ ” မြို့နယ်မှာသေဆုံးတာတွေလဲ ဆက်လက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး တားဆီးဖို့အနေနဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဝက်တင်ပို့မှုတွေဝင်မလာအောင်လည်း သက်ဆိုင်ရာဂိတ်တွေကနေ တားထားတာတွေရှိပါတယ်။ ထန်တလန်မြို့နယ်က ဝက်တွေလည်း တခြားမရောင်းဝယ်အောင်လဲ ပိတ်ထားတယ်။ ကျေးရွာတွေကိုလည်း ဒီ ဝက်ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ် ” လို့ ထန်တလန်မြို့နယ် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ…
Read Moreအစားအစာမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ သက်သေအထောက်အထားမရှိ
အစားအစာမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ သက်သေအထောက်အထားမရှိ ဂျီနီဗာ၊ သြဂုတ်-၁၄-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ဟာ အစားအစာထုတ်လုပ်ခြင်းနဲ့ဖြန့်ဖြူးခြင်းတွေကတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ သက်သေအထောက်အထားမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘရာဇီးနိုင်ငံကနေတင်သွင်းတဲ့ အေးခဲကြက်သားတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတယ်လို့ တရုတ်နိုင်ငံက ကြေညာပြီးနောက် သြဂုတ် ၁၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို သိရှိရကြောင်း၊ ဒါပေမယ့် ထောင်ပေါင်းများစွာသော အေးခဲကြက်သားနမူနာတွေကို စစ်ဆေးရာမှာ မဖြစ်စလောက်ပမာဏမှာသာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ရေး နည်းပညာဆိုင်ရာအကြီးအကဲ မာရီယာဗန်ကာဟွတ်က ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ အသားတွေမှာရှိနေတယ်ဆိုရင်တောင် သင့်တော်တဲ့အပူချိန်နဲ့ ချက်ပြုတ်လိုက်မယ်ဆိုရင် သေသွားမှာဖြစ်တယ်လို့ မာရီယာက ပြောပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီဖြစ်စဉ်တွေအပေါ်မှာ ဆက်လက်လေ့လာသွားမှာဖြစ်ပြီး အစာကွင်းဆက်ကတဆင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တဲ့ သက်သေအထောက်အထားမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်အကြီးအကဲ မိုက်ကယ်ရိုင်ယန်ကလည်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ Ref…
Read Moreစစ်ကိုင်းခရိုင်အတွင်း အခြေခံမဲစာရင်းထဲမှာ ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ တစ်သောင်းကျော်ရှိ
စစ်ကိုင်းခရိုင်အတွင်း အခြေခံမဲစာရင်းထဲမှာ ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ တစ်သောင်းကျော်ရှိ စစ်ကိုင်း၊ သြဂုတ် ၁၄-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းခရိုင်အတွင်းမှာ အခြေခံမဲစာရင်းကြော်ငြာကပ်ထားတဲ့နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ မဲစာရင်းကို ပြင်ဆင်၊ကန့်ကွက်၊ဖြည့်စွက်ပေးဖို့ လျှောက်ထားသူဦးရေဟာ တစ်သောင်းကျော်ရှိတယ်လို့ စစ်ကိုင်းခရိုင်ရွးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ပြောပါတယ်။ စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်းမြို့နယ်၊မြောင်မြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ မဲစာရင်းတွေကပ်ထားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ အခြေခံမဲစာရင်းလာရောက်ကြည့်ရှု့သူ (၁၃၉၈၉၄)ဦးရှိပြီး၊ မဲစာရင်းမှာ မပါဝင်တဲ့အတွက် ပုံစံ (၃)နဲ့ တောင်းဆို လျှောက်ထားသူဦးရေ (၅၉၈၈)ဦး၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့အတွက် ပုံစံ (၄)နဲ့ ကန့်ကွက်လွှာတင်သွင်းသူ (၁၆၂၂)ဦး၊ ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိတဲ့အတွက် ပုံစံ ၄ (ဂ)နဲ့ ပြင်ဆင်လွှာဖြည့်စွက်သူ (၆၁၅၀) ဦး ရှိတယ်လို့…
Read Moreအရွယ်မရောက်သေးသူကို သားမယားပြုကျင့်ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထောင်ဒဏ် ၃၂ နှစ် အမိန့်ချ
အရွယ်မရောက်သေးသူကို သားမယားပြုကျင့်ခဲ့တဲ့ တရုတ်နိုင်ငံသားကို ထောင်ဒဏ် ၃၂ နှစ် အမိန့်ချ မြဝတီ ၊ သြဂုတ် ၁၄ – ၂၀၂၀ ကိုတိုးကြီး (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂) ရပ်ကွက် အောက်ချိုင့်အနီးမှာရှိတဲ့ ဂိမ်းဆိုင်အလုပ်သမား အသက်(၁၄) နှစ်နဲ့ (၁၁)လ အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဂိမ်းဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ဟာ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုတာကို စစ်ဆေးပေါ်ခဲ့တဲ့အတွက် မြဝတီခရိုင်တရားရုံးက သူတို့နှစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် (၃၂) နှစ်ကျခံစေဖို့ မနေ့သြဂုတ်လ ၁၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ မြဝတီမြို့မရဲစခန်းမှာ အမှုစစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “တရုတ်နိုင်ငံသား တရုတ်လူမျိုးက Mr . WANG WEI WEI အသက် (၂၈) နှစ်နဲ့ စကားပြန် သန့်ဇင်ဝင်း အသက်(၄၀)နှစ် တို့ဖြစ်တယ်…
Read Moreသထုံမြို့မှာ ကျပ်သိန်းပေါင်း ၄သိန်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ
သထုံမြို့မှာ ကျပ်သိန်းပေါင်း ၄သိန်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ နေပြည်တော်၊ဩဂုတ် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသောက်သူ အမျိုးသားတစ်ဦးဆီကနေ ကျပ်သိန်းပေါင်း ၄သိန်း နီးပါးတန်ဖိုးရှိ ICE နဲ့ WY ဆေးပြားတွေကို ဩဂုတ်လ ၁၃ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “သတင်းအရ ကျွန်တော်တို့ စောင့်ဆိုင်းနေ့တဲ့အခါမှာ အမျိုးသားတစ်ဦးကားနဲ့ရောက်လာတာပါ။ ကားပေါ်စစ်ဆေးတဲ့အခါ လက်ကေစ့်တွေ့နဲ့ထည့်ထားတဲ့ အထုတ်တွေကို ဖမ်းမိခဲ့တာပါ။ ရှမ်းပြည်နယ်က သယ်လာတာပါ”လို့ သုဓမ္မဝတီရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မွန်ပြည်နယ် မှုခင်းနှိမ်နင်းရေးအကူဌာနက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က သထုံမြို့နယ် သုဓမ္မဝတီမြို့သစ် စားသောက်ဆိုင်တစ်ဆိုင်မှာ သတင်းအရ စောင့်ဆိုင်းနေချိန် Honda Fit အမျိုးအစား အိမ်စီး မော်တော်ယာဉ်တစ်စင်းနဲ့ ရောက်ရှိလာသူ စိုင်းကျော်နိုင်(ခ)ကျော်ကျော် (၂၉ နှစ်)ကိုတွေ့ရှိခဲ့ရပြီး ယာဉ်ကိုစစ်ဆေးရာမှာတော့…
Read Moreမော်လမြိုင် တရားရုံးဝင်းထဲမှာ ရှေ့နေအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဝက်အူလှည့်နဲ့ ဝင်ထိုး
မော်လမြိုင် တရားရုံးဝင်းထဲမှာ ရှေ့နေအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဝက်အူလှည့်နဲ့ ဝင်ထိုး နေပြည်တော်၊ဩဂုတ် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တရားရုံးဝင်းထဲမှာ ဩဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းက တရားလွှတ်တော်ရှေ့နေအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဝက်အူလှည့်နဲ့ဝင်ထိုးခဲ့လို့ မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ မော်လမြိုင်လူမှုကူညီရေးအဖွဲ့မှ ဦးအောင်လင်းယုက ပြောပါတယ်။ “အခုလက်ရှိတော့ မော်လမြိုင်ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးထားရပါတယ်။ ထိုးသွင်းဒဏ်ရာနှစ်ချက်ရှိပြီး အနည်းငယ်သက်သာလာပြီလို့သိရပါတယ်”လို့ ဦးအောင်လင်းယုက ပြောပါတယ်။ အဆိုပါညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ မော်လမြိုင်မြို့နယ် တရားရုံးဝင်းအတွင်းက ဆိုင်တစ်ဆိုင်မှာထိုင်နေတဲ့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးကို ဝင်းမြင့်ဆိုသူက ဝက်အူလှည့်နဲ့ဝင်ထိုးပြီး ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာလက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာတို့ရရှိခဲ့ပြီး အခင်းဖြစ်ပြီးညမှပဲ ဖမ်းဆီးရမိခဲ့တယ်လို့ မော်လမြိုင်မြို့မရဲစခန်းကနေ သိရပါတယ်။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဝင်းမြင့်ဆိုသူကို မော်လမြိုင်မြို့မရဲစခန်းမှာ (ပ)၅၅၅/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၇…
Read Moreကျောက်တန်း စစ်ဆေးရေးဂိတ်မှာ AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိ
ကျောက်တန်း စစ်ဆေးရေးဂိတ်မှာ AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိ စစ်တွေ ၊ သြဂုတ် ၁၄ – ၂၀၂၀ ကိုတိုးကြီး (VOM) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ AA အဖွဲ့ဝင်သုံးဦးကို မူးယစ်စိတ်ကြွ ရူးသွပ်ဆေးပြားတွေနဲ့ သြဂုတ်လ ၁၂ရက်နေ့က ဖမ်းဆီးရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ် ။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်မှုခင်းအကူဌာနစိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာဖြစ်တယ် ၊ AA ယူနီဖောင်း (၁)စုံ ၊AA နဲ့ဆက်သွယ်ပြောဆိုထားတာတဲ့ ဆက်သွယ်ရေးမှတ်တမ်းပါ ဖုန်း(၂)လုံး ၊ပိုက်ဆံ(၁၂) သိန်းနဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၆၀၀)ပြား ၊ ကာလတန်ဖိုးကတော့…
Read Moreနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်မှာ မဲစာရင်ကပ်ထားမှုလာရောက် ကြည့်ရှု
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်မှာ မဲစာရင်ကပ်ထားမှုလာရောက် ကြည့်ရှု နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၂၀ စွမ်းရဲထွဋ် (VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက် ရပ်၊ကျေး ကော်မရှင်ရုံးကို ဒီကနေ့ နံနက် ၉ နာရီ မိနစ် ၂၀ မှာလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ လာရောက် အားပေးခဲ့တဲ့ ပြည်သူတွေကိုလည်း “ဓာတ်ပုံရိုက်တဲ့သူတွေ မဲပေးရမယ်နော်။ ဘယ်ပါတီကိုပဲဖြစ်ဖြစ် မဲတော့လာပေးရမယ်နော်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ပါတယ်။ ကြည့်ရှုချိန်မှာ ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှာကြားမှုတွေ လုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် Zawgyi နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်မှာ မဲစာရင်ကပ်ထားမှုလာရောက် ကြည့်ရှု နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၂၀ စွမ်းရဲထွဋ်…
Read More