ထန်တလန်မြို့နယ်မှာ (PCV-2) ဝက်ဗိုင်းရပ်စ်ရောဂါကြောင့် ဝက်အကောင်ရေ ၁၃၆၀ ထိ သေဆုံးမှုတွေရှိလာ

ထန်တလန်မြို့နယ်မှာ (PCV-2) ဝက်ဗိုင်းရပ်စ်ရောဂါကြောင့် ဝက်အကောင်ရေ ၁၃၆၀ ထိ သေဆုံးမှုတွေရှိလာ

မုံရွာ၊ သြဂုတ် ၁၄-၂၀၂၀
ရန်နိုင်စိုး(VOM)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ မွေးမြူရေးဝက်တွေ သေဆုံးမှုဖြစ်ပွားနေတဲ့ (PCV-2) ဝက်ဗိုင်းရပ်စ်(ခေါ် ) ဝက်အားနည်းရောဂါ‌ကြောင့် ဝက်အကောင်ရေ ၁၃၆၀ ထိ သေဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဝက်ဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ ဧပြီလက ဝက်အကောင်ရေ ၁၀၀ ကျော်သေဆုံးရာကနေ ယခုဩဂုတ်လအထိ အကောင်ရေ ၁၃၆၀ လောက်သေဆုံး‌မှုဖြစ်ပွားလာတယ်လို့ ထန်တလန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းကောက်ယူချက်အရ သိရပါတယ်။

” မြို့နယ်မှာသေဆုံးတာတွေလဲ ဆက်လက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး တားဆီးဖို့အ‌နေနဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဝက်တင်ပို့မှုတွေဝင်မလာအောင်လည်း သက်ဆိုင်ရာဂိတ်တွေကနေ တားထားတာတွေရှိပါတယ်။ ထန်တ‌လန်မြို့နယ်က ဝက်တွေလည်း တခြားမရောင်းဝယ်အောင်လဲ ပိတ်ထားတယ်။ ကျေးရွာတွေကိုလည်း ဒီ ဝက်ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ် ” လို့ ထန်တလန်မြို့နယ် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ တာဝန်ခံဦးလျံဘွေးက ပြောပါတယ်။

(PCV-2) ဝက်ဗိုင်းရပ်စ်ဟာ အိမ်မွေးဝက်တွေနဲ့ တောဝက်တွေမှာအဖြစ်များပြီး ရောဂါလက္ခဏာတွေအရ အစာမစားခြင်း ၊ အသဲရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်ထခြင်း ၊ ရောဂါပြင်းထန်ပြီး တခြားရောဂါများဝင်ရောက်ခြင်း နဲ့ ရောဂါလက္ခဏာမပြဘဲ ရုတ်တရပ်သေဆုံးတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ (PVC-2) ဝက်ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ ဝက်တွေကိုတော့ မြို့နဲ့ ၁ မိုင်အကွာမှာ မြေမြုပ်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်တလန်

Zawgyi

ထန္တလန္ၿမိဳ႕နယ္မွာ (PCV-2) ဝက္ဗိုင္းရပ္စ္ေရာဂါေၾကာင့္ ဝက္အေကာင္ေရ ၁၃၆၀ ထိ ေသဆုံးမႈေတြရွိလာ

မံုရြာ၊ ၾသဂုတ္ ၁၄-၂၀၂၀
ရန္ႏိုင္စိုး(VOM)

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္မွာ ေမြးျမဴေရးဝက္ေတြ ေသဆုံးမႈျဖစ္ပြားေနတဲ့ (PCV-2) ဝက္ဗိုင္းရပ္စ္(ေခၚ ) ဝက္အားနည္းေရာဂါ‌ေၾကာင့္ ဝက္အေကာင္ေရ ၁၃၆၀ ထိ ေသဆုံးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဝက္ဗိုင္းရပ္စ္ေၾကာင့္ ၿပီးခဲ့တဲ့ ဧၿပီလက ဝက္အေကာင္ေရ ၁၀၀ ေက်ာ္ေသဆုံးရာကေန ယခုဩဂုတ္လအထိ အေကာင္ေရ ၁၃၆၀ ေလာက္ေသဆုံး‌မႈျဖစ္ပြားလာတယ္လို႔ ထန္တလန္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ စာရင္းေကာက္ယူခ်က္အရ သိရပါတယ္။

” ၿမိဳ႕နယ္မွာေသဆုံးတာေတြလဲ ဆက္လက္ရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး တားဆီးဖို႔အ‌ေနနဲ႔ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းက ဝက္တင္ပို႔မႈေတြဝင္မလာေအာင္လည္း သက္ဆိုင္ရာဂိတ္ေတြကေန တားထားတာေတြရွိပါတယ္။ ထန္တ‌လန္ၿမိဳ႕နယ္က ဝက္ေတြလည္း တျခားမေရာင္းဝယ္ေအာင္လဲ ပိတ္ထားတယ္။ ေက်း႐ြာေတြကိုလည္း ဒီ ဝက္ဗိုင္းရပ္စ္နဲ႔ပတ္သတ္ၿပီး အသိပညာေပးတာေတြ ေဆာင္႐ြက္ေနပါတယ္ ” လို႔ ထန္တလန္ၿမိဳ႕နယ္ ေမြးျမဴေရးနဲ႔ကုသေရးဦးစီးဌာနမွ တာဝန္ခံဦးလ်ံေဘြးက ေျပာပါတယ္။

(PCV-2) ဝက္ဗိုင္းရပ္စ္ဟာ အိမ္ေမြးဝက္ေတြနဲ႔ ေတာဝက္ေတြမွာအျဖစ္မ်ားၿပီး ေရာဂါလကၡဏာေတြအရ အစာမစားျခင္း ၊ အသဲေရာင္အသားဝါျဖစ္ျခင္း၊ အျပာကြက္ထျခင္း ၊ ေရာဂါျပင္းထန္ၿပီး တျခားေရာဂါမ်ားဝင္ေရာက္ျခင္း နဲ႔ ေရာဂါလကၡဏာမျပဘဲ ႐ုတ္တရပ္ေသဆုံးတာေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ထန္တလန္ၿမိဳ႕မွာ (PVC-2) ဝက္ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့ ဝက္ေတြကိုေတာ့ ၿမိဳ႕နဲ႔ ၁ မိုင္အကြာမွာ ေျမျမဳပ္တာေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ထန္တလန္

Related posts

Leave a Comment

VOM News

FREE
VIEW