ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်မြင့်နေ

ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်မြင့်နေ

ဘန်ကောက်၊ သြဂုတ် ၁၇-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာ သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူထောင်ပေါင်းများစွာပါဝင်ခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေကြပါတယ်။

ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုလားနေကြပြီး ထိုင်းနိုင်ငံမှာ အကဲဆတ်တဲ့ကိစ္စဖြစ်တဲ့ ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲရေးအတွက်လည်း တောင်းဆိုနေကြပါတယ်။

ထိုင်းနိုင်ငံဥပဒေတွေအရ တော်ဝင်မိသားစုကို ဝေဖန်တဲ့ ဘယ်သူကိုမဆို ထောင်နှစ်ရှည်ချတာမျိုး တွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘန်ကောက်မှာ မကြာသေးမီသီတင်းပတ်တွေအတွင်း ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ဆန္ဒပြခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါပေမယ့် သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ကျောင်းသားအဖွဲ့တွေအပြင် အခြားပြည်သူတွေပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေကပြောပါတယ်။ ဆန္ဒပြပွဲမှာ လူတစ်သောင်းခန့် ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ ဒီမိုကရေစီအရေးဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုမှာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ အာဏာရပြီးနောက်ပိုင်း အကြီးမားဆုံးအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုလည်းဖြစ်ပါတယ်။

Ref : BBC
Photo: Jonathan Head
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ဘန္ေကာက္မွာ ထိုင္းအစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြ အရိွိန္ျမင္႔ေန

ဘန္ေကာက္၊ ၾသဂုတ္ ၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံ၊ ျမိဳ႕ေတာ္ဘန္ေကာက္မွာ ၾသဂုတ္ ၁၆ ရက္ကျပဳလုပ္တဲ႔ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲမွာ လူေထာင္ေပါင္းမ်ားစြာပါ၀င္ခဲ႔ျပီး နိ္ုင္ငံေရးျပဳျပင္ေျပာင္းလဲေရးအတြက္ ေတာင္းဆိုေနၾကပါတယ္။

ဆႏၵျပသူေတြဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ဖို႔ လိုလားေနၾကျပီး ထိုင္းနိုင္ငံမွာ အကဲဆတ္တဲ႔ကိစၥျဖစ္တဲ႔ ဘုရင္စနစ္ကိုျပဳျပင္ေျပာင္းလဲေရးအတြက္လည္း ေတာင္းဆိုေနၾကပါတယ္။

ထိုင္းနိုင္ငံဥပေဒေတြအရ ေတာ္၀င္မိသားစုကို ေ၀ဖန္တဲ႔ ဘယ္သူကိုမဆို ေထာင္နွစ္ရွည္ခ်တာမ်ိဳး ေတြရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဘန္ေကာက္မွာ မၾကာေသးမီသီတင္းပတ္ေတြအတြင္း ေက်ာင္းသားေတြဦးေဆာင္တဲ႔ ဆႏၵျပပြဲေတြ ေန႔စဥ္နီးပါးျဖစ္ပြားေနျပီး ဆႏၵျပေခါင္းေဆာင္အခ်ိဳ႕ ဖမ္းဆီးခံခဲ႔ရပါတယ္။

ဒါေပမယ္႔ ၾသဂုတ္ ၁၆ ရက္ကျပဳလုပ္တဲ႔ ဆႏၵျပပြဲမွာေတာ႔ ေက်ာင္းသားအဖြဲ႔ေတြအျပင္ အျခားျပည္သူေတြပါ က်ယ္က်ယ္ျပန္႔ျပန္႔ ပါ၀င္ခဲ႔တယ္လို႔ ဆႏၵျပပြဲစီစဥ္သူေတြကေျပာပါတယ္။ ဆႏၵျပပြဲမွာ လူတစ္ေသာင္းခန္႔ ပါ၀င္ခဲ႔တယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ၾသဂုတ္ ၁၆ ရက္ကျပဳလုပ္တဲ႔ ဒီမိုကေရစီအေရးဆႏၵျပပြဲဟာ ၂၀၁၄ ခုနွစ္အာဏာသိမ္းမႈမွာ ၀န္ၾကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာ အာဏာရျပီးေနာက္ပိုင္း အၾကီးမားဆံုးအစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲတစ္ခုလည္းျဖစ္ပါတယ္။

Ref : BBC
Photo: Jonathan Head
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW