CanSino ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရ

CanSino ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရ ပေကျင်း၊ သြဂုတ်-၁၇-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့ ဆေးဝါးထုတ်လုပ်တဲ့ CanSino Biologics ကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး Ad5-nCOV ဟာ တရုတ်တာဝန်ရှိသူတွေထံကနေ မူပိုင်ခွင့်ရရှိသွားပြီလို့ တရုတ်နိုင်ငံဉာဏမူပိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၁၆ ရက်မှာ ဖော်ပြထားပါတယ်။ မူပိုင်ခွင့် ခွင့်ပြုလိုက်တာကို တရုတ်အမျိုးသားဉာဏမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြထားပါတယ်။ CanSino ရဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး တတိယအဆင့် စမ်းသပ်မှုတွေကို စတင်ရန်စီစဉ်ထားတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက ယခုလအတွင်းမှာ ပြောဆိုထားပါတယ်။ CanSino ဆေးဝါးကုမ္ပဏီဟာ အဲဒီဆေးရဲ့ တတိယအဆင့် စမ်းသပ်မှုများပြုလုပ်ဖို့်…

Read More

 UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့

 UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့ နေပြည်တော်၊ သြဂုတ် ၁၇-၂၀၂၀ စွမ်းရဲထွဋ် (VOM)  (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးမှာ  ဆုံးဖြတ်ချက်ပေါင်း ၉ ချက် သဘောတူဆုံးဖြတ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။  နေပြည်တော် MICC 2 မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး နိဂုံးချုပ်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို သဘောတူဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်တွေဟာ လာမယ့် သြဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံအစည်းအဝေးတွေ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကတာဝန်ယူရတဲ့ UPDJC…

Read More

ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်မြင့်နေ

ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်မြင့်နေ ဘန်ကောက်၊ သြဂုတ် ၁၇-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာ သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူထောင်ပေါင်းများစွာပါဝင်ခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေကြပါတယ်။ ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုလားနေကြပြီး ထိုင်းနိုင်ငံမှာ အကဲဆတ်တဲ့ကိစ္စဖြစ်တဲ့ ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲရေးအတွက်လည်း တောင်းဆိုနေကြပါတယ်။ ထိုင်းနိုင်ငံဥပဒေတွေအရ တော်ဝင်မိသားစုကို ဝေဖန်တဲ့ ဘယ်သူကိုမဆို ထောင်နှစ်ရှည်ချတာမျိုး တွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘန်ကောက်မှာ မကြာသေးမီသီတင်းပတ်တွေအတွင်း ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ဆန္ဒပြခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ကျောင်းသားအဖွဲ့တွေအပြင် အခြားပြည်သူတွေပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေကပြောပါတယ်။ ဆန္ဒပြပွဲမှာ လူတစ်သောင်းခန့် ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သြဂုတ် ၁၆ ရက်ကပြုလုပ်တဲ့ ဒီမိုကရေစီအရေးဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုမှာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ အာဏာရပြီးနောက်ပိုင်း…

Read More

ရွှေကြောတွေ့တယ်ဆိုတဲ့နေရာမှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ခတ်တာကြောင့် ဖမ်းဆီးခေါ်ဆောင် သတိပေး

ရွှေကြောတွေ့တယ်ဆိုတဲ့နေရာမှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ခတ်တာကြောင့် ဖမ်းဆီးခေါ်ဆောင် သတိပေး မန္တလေး၊ သြဂုတ် ၁၇-၂၀၂၀ ဖြူဖြူ (VOM) ရွှေကြောတွေ့တယ်ဆိုတဲ့နေရာမှာ လမ်းလုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ခတ်မှုလုပ်ခဲ့တာကြောင့်ဆိုပြီး သြဂုတ် ၁၆ ရက် ညပိုင်းက အမျိုးသား ၁၀ ဦးကို ခေါ်ယူသတိပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ “လုံခြုံရေးယူထားစဉ် သူတို့ထဲကနေ လေးခွနဲ့ပစ်တော့ ရဲသားတစ်ယောက် ခေါင်းမှာ ဘုထသွားတယ်။ အဲ့အချိန်မှာ ကျနော်တို့အားလုံး ဓာတ်မီးနဲ့ထိုးပြီး သွားတဲ့အချိန်မှာ တချို့လည်း ပြေးကြတယ်၊ တချို့လည်း မိတယ်ပေါ့။ ဒါနဲ့သူတို့ကို တစ်နာရီလောက် မေးမြန်းပြီး ပြန်လွှတ်လိုက်ပါတယ်။”လို့ ချောင်းကြီးရွာအမှတ်၃ရာအိမ်မှူး ဦးညွန့်ဝင်းက ပြောပါတယ်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာအနီး သုံးထပ်ကွေ့မှာ မန္တလေး -မိုးကုတ်လမ်း တိုးချဲ့ဖို့ မြေသားတောင်ဖြိုစဉ် သြဂုတ် ၁၅ ရက် ညပိုင်းက ရွှေကြောတွေ့တယ်ဆိုပြီး ဒေသခံနဲ့ အနယ်နယ်အရပ်ရပ်က…

Read More

အလုပ်သမား ၉၇ဦးတရားရုံးကို မလာနိုင်တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာဌာနတွေကို အသနားခံစာတင်ထား

အလုပ်သမား ၉၇ဦးတရားရုံးကို မလာနိုင်တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာဌာနတွေကို အသနားခံစာတင်ထား ရန်ကုန်၊ သြဂုတ် ၁၇-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်း၊ ရွှေသံလွင်စက်မူဇုန် ၃ ရှိ Gust Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြတာတွေကြောင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက တရားစွဲဆိုထားတာကို အလုပ်သမား ၉၇ ဦးက တရားရုံးကိုမလာနိုင်တဲ့အတွက် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာနတွေကို အသနားခံစာတင်ထားတယ်လို့ တရားစွဲခံထားရသူ အလုပ်သမားခေါင်းဆောင် ဒေါ်အေးသူဇာက ပြောပါတယ် ။ အခုလို တရားစွဲခံရတာကလည်း လုပ်ခလစာနည်းပါတာကို ဆန္ဒပြတောင်ဆိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာတော့ အလုပ်သမား ၉၇ ဦးက တရားရုံးကို လာရောက်မူမရှိနိုင်တာတွေက တရားစွဲဆိုထားမူကို ကြာမြင့်နိုင်ကြောင်း ၊ အလုပ်က ထုတ်ပယ်ခံထားရမူကြောင့် ဘယ်စက်ရုံမှ လက်မခံတဲ့အကြောင်း ၊ စားဝတ်နေရေးနဲ့အဆောင်လစာများလည်း ခက်ခဲနေတာနဲ့ တရားစွဲဆိုထာမူကိုလည်း ရုပ်သိမ်းပေးဖို့ကိုတောင်းဆိုထားပါတယ် မနေ့သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ…

Read More

ရွေးကောက်ပွဲကာလ ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ

ရွေးကောက်ပွဲကာလ ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးဟာ နီးသထက်နီးလာနေပါပြီ။ တစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်နေရာတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်း စိုးရိမ်ရဆဲကာလမှာရှိနေဆဲပါ။ ရွေးကောက်ပွဲမဲဆွယ်ဖို့ သတ်မှတ်မယ့် ရက် ၆၀ကာလဟာလည်း နီးကပ်နေပြီမို့ ဘယ်လို ဘေးကင်းအောင် မဲဆွယ်ကြမလဲ?  တခြားအခက်ခဲတွေကရော ဘာတွေရှိနိုင်မလဲ ?   လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်သစ်တွေ၊ အရင်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြုင်ဘူးတဲ့ လက်ရှိကိုယ်စားလှယ်တွေနဲ့ VOM က စကားဝိုင်းလုပ်ပြီး ဆွေးနွေးအဖြေရှာဖြစ်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ ပြည်သူ့ပါတီကနေ ချမ်းအေးသာစံမြို့နယ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နိုင်နိုင်မော် ၊ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အမရပူရမြို့နယ်  ပြည်သူ့လွှတ်တော်နေရာအတွက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးတင်အောင်တို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဦးသိန်းထွန်းဦးက ၂၀၁၀မှာ သူတို့ မဲဆွယ်စည်းရုံးတဲ့အခြေအနေနဲ့ အနိုင်ရခဲ့တဲ့အတွေ့အကြုံတွေ ပြန်ပြောပြခဲ့ပါတယ်။ ဦးတင်အောင်ကလည်း ၂၀၁၅မှာ အလှပြယာဉ်တွေ လူစုလူဝေးတွေနဲ့ မဲဆွယ်ခဲ့ရတဲ့အနေအထားတွေကို ပြန်ပြောပြရင်း ခုလက်တွေ့ဖြစ်သင့်တာတွေကို…

Read More

ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ပြီး သိန်းငါးထောင်နီးပါး ထုတ်ယူခဲ့မှုဖြစ်ပေါ်

ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ပြီး သိန်းငါးထောင်နီးပါး ထုတ်ယူခဲ့မှုဖြစ်ပေါ် မုံရွာ ၊ သြဂုတ် ၁၇ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ ကမ္ဘောဇဘဏ်က ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးဟာ ငွေစာရင်းတွေကို ခွင့်ပြုချက်မရှိဘဲ သိန်းပေါင်း ၅ထောင်နီးပါး အကြိမ်ကြိမ်ထုတ်ယူကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် ကမ္ဘောဇဘဏ်ရဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဒေသ(၄)ခုတာဝန်ခံ လက်ထောက်မန်နေဂျာက မုံရွာမြို့မရဲစခန်းမှာ မနေ့ သြဂုတ် ၁၆ရက်နေ့က တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့မရဲစခန်းမှာ အမှုစစ်တာဝန် ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ အဲ့ဒီအမှုရဲ့ ပထမ သတင်းပေးတိုင်တန်းချက် အမှတ် ၇၂၁ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၈ အရ အမှုရေးဖွင့်ထားပါတယ် ၊ အမှုကတော့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်”…

Read More

ပြည်ပခရီးသွားမှုမရှိဘဲ ကိုဗစ် ၁၉ ရောဂါပိုးတွေ့တဲ့လူနာနဲ့ ဆက်စပ်သူ ၁၉ ဦးကို ကွာရန်တင်းပြုလုပ်ထားရ

ပြည်ပခရီးသွားမှုမရှိဘဲ ကိုဗစ် ၁၉ ရောဂါပိုးတွေ့တဲ့လူနာနဲ့ ဆက်စပ်သူ ၁၉ ဦးကို ကွာရန်တင်းပြုလုပ်ထားရ စစ်တွေ၊ ဩဂုတ် ၁၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မှာ မနေ့ သြဂုတ် ၁၆ရက်နေ့က တွေ့ရှိတဲ့ ကိုဗစ်ပိုးတွေ့လူနာဟာ စစ်တွေမြို့ပေါ်ကဖြစ်ပြီး ဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်ကြောင်းနဲ့ သူဟာ အခြားပြည်ပနိုင်ငံတွေကိုသွားရောက်တဲ့ ရာဇဝင်မရှိသူတစ်ဦးဖြစ်ပေမယ့် ပြည်တွင်းခရီးသွားလာမှုတွေတော့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က စစ်တွေကနေ ကျောက်ဖြူကို ခရီသွားခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာ စစ်တွေကို ရောက်ရှိကြောင်းနဲ့ အဲဒီ ရောက်ရှိတဲ့နေ့မှာပဲ ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကို ဘုရားဖူးသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ ” လူနာအမှတ်က (၃၇၅) ပါ။ ဟုတ်တယ်သူက စစ်တွေမြို့ပေါ်ကပဲ။ ဘဏ်ဝန်ထမ်းပေါ့နော်။ သူက ရှေ့လ ၃၁ ရက်နေ့က ကျောက်ဖြူကို သွားတယ်။…

Read More
VOM News

FREE
VIEW