ရွေးကောက်ပွဲကာလ ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ

ရွေးကောက်ပွဲကာလ ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးဟာ နီးသထက်နီးလာနေပါပြီ။ တစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်နေရာတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်း စိုးရိမ်ရဆဲကာလမှာရှိနေဆဲပါ။ ရွေးကောက်ပွဲမဲဆွယ်ဖို့ သတ်မှတ်မယ့် ရက် ၆၀ကာလဟာလည်း နီးကပ်နေပြီမို့ ဘယ်လို ဘေးကင်းအောင် မဲဆွယ်ကြမလဲ?  တခြားအခက်ခဲတွေကရော ဘာတွေရှိနိုင်မလဲ ?   လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်သစ်တွေ၊ အရင်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြုင်ဘူးတဲ့ လက်ရှိကိုယ်စားလှယ်တွေနဲ့ VOM က စကားဝိုင်းလုပ်ပြီး ဆွေးနွေးအဖြေရှာဖြစ်ခဲ့ပါတယ်။
ဒီစကားဝိုင်းမှာ ပြည်သူ့ပါတီကနေ ချမ်းအေးသာစံမြို့နယ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နိုင်နိုင်မော် ၊ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အမရပူရမြို့နယ်  ပြည်သူ့လွှတ်တော်နေရာအတွက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးတင်အောင်တို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဦးသိန်းထွန်းဦးက ၂၀၁၀မှာ သူတို့ မဲဆွယ်စည်းရုံးတဲ့အခြေအနေနဲ့ အနိုင်ရခဲ့တဲ့အတွေ့အကြုံတွေ ပြန်ပြောပြခဲ့ပါတယ်။ ဦးတင်အောင်ကလည်း ၂၀၁၅မှာ အလှပြယာဉ်တွေ လူစုလူဝေးတွေနဲ့ မဲဆွယ်ခဲ့ရတဲ့အနေအထားတွေကို ပြန်ပြောပြရင်း ခုလက်တွေ့ဖြစ်သင့်တာတွေကို စပြောပါတယ်။
“တစ်ခုလေးပြောစရာရှိတာက ကျတော်တို့ဆီက အရင်တုန်းကလို ကိုဗစ်ကာလလိုဟာမျိုး မဖြစ်ခဲ့ဘူးဆိုရင်တော့ ၂ လဆိုတဲ့အချိန်ဟာ သိပ်ပြီးတော့ပြဿနာမရှိပေမယ့် အခုမှစပြီးဝင်လာကြမယ့် ပါတီသစ်လေးတွေ ပါတီသစ်လို့ပဲပြောပါမယ်၊ ပါတီသေးလို့ ကျတော်မပြောရက်ပါဘူး ဘာလို့ဆိုတော့ ပါတီသစ်ပေါ့ဗျာ ပါတီသစ်တွေအတွက်တော့ ပြည်သူနဲ့ မိတ်ဆက်ရမယ့်အခန်းကဏ္ဍဟာ ၂ လဆိုရင်တော့ အင်မတန်မှနည်းလွန်းတယ်လို့မြင်တယ်လေ။ ရက်ပေါင်း ၆၀ အတွင်းမှာ တခြားအမေရိကန်လိုနိုင်ငံမျိုး နှိုင်းယှဉ်ပြောတာမဟုတ်ဘူး သူတို့ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ တစ်အိမ်တက်ဆင်းလုပ်ပြီးတော့ ပြောမယ်ပေါ့လေ ကျတော်တို့က ကိုဗစ်ကာလ ၁၅ ယောက်ဆိုလို့ရှိရင် လူစုလူဝေးလုပ်လို့ရတယ် ၊ အကယ်၍ ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ မိမိပါတီရဲ့မူဝါဒ မိမိရဲ့ ရှေ့လုပ်ရမယ်လုပ်ငန်းစဉ်နဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ထွက်ဆွေးနွေးမယ်ဆိုရင်တော့ ဒါဟာအကောင်းဆုံးပေါ့လေ သို့သော် ၂ လ အချိန်အတွင်းဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်သေးဘူး ၊ လက်ရှိ အာဏာရလို့တော့ မပြောလိုပါဘူး၊ ပါတီကြီးတွေပေါ့လေ ပြည်သူနဲ့မိတ်ဆက်ပြီးသား ပြည်သူကသိပြီးသားဆိုတဲ့ ပါတီကြီးတွေအတွက်ကတော့ သိပ်ပြဿနာမရှိပေမယ့် နောက်ထပ်ပါတီအသစ်တွေအတွက်ကတော့ တော်တော်လေး အခက်အခဲရှိမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ အချိန်တွေတိုးပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ဒါကတော့ ကာလအနေအထားကိုမြင်လို့ပြောတာပါ။ အကယ်၍ ကိုဗစ်ကာလလည်းမဖြစ်ဘူး ၂၀၁၅တုန်းကလို ၂၀၁၀တုန်းကလို လွတ်လွတ်လပ်လပ်နဲ့ လွတ်လွတ်လပ်လပ်ဆိုတာဒီလိုပါ ရောဂါကိုကြောက်နေစရာမလိုဘဲနဲ့ လူစုလူဝေးနဲ့ အုန်းအုန်း အုန်းအုန်းနဲ့ သွားလို့ရမယ်ဆိုရင်တော့ သိပ်ပြဿနာမရှိဘူးပေါ့လေ ၂ လဆိုတာနည်းတယ်ဆိုတာ ကျတော့်စိတ်ထဲမြင်ပါတယ်  “ လို့ ဦးတင်အောင်က သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းပြောသွားပါတယ်။
ပြည်သူ့ပါတီက ဒေါ်နိုင်နိုင်မော်ကတော့ တချို့ညွန်ကြားချက်တွေက ရှင်းလင်းတိကျမှုမရှိလို့ စိုးရိမ်စရာရှိတဲ့အကြောင်းတွေကို ခုလိုဆွေးနွေးပါတယ်။
“ ဒီနှစ်မှာမှ တိုက်တိုက်ဆိုင်ဆိုင်  တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကပ်ရောဂါနဲ့ကြုံတွေ့တဲ့အခါမှာ ဒါဖြစ်တောင့်ဖြစ်ခဲဖြစ်စဉ်ကြီးဆိုတော့ ရှေ့ပိုင်းမှာပြောဆိုလှုပ်ရှားခဲ့တဲ့ Plan တွေကတော့ ပုံစံတွေပြောင်းသွားတယ်၊ အဓိကကတော့ ညွှန်ကြားချက်ရယ်လို့ သီးသန့်မရှိသေးဘူး။ ပြည်သူလူထုရဲ့ကျန်းမာရေးသည် နံပါတ် ၁ ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးရှုထောင့်ကနေပြီးတော့ ချဉ်းကပ်မယ်။ ကျန်းမာရေးရှုထောင့်ကနေ ချဉ်းကပ်တဲ့အခါမှာ ဘာတွေရင်ဆိုင်နေရလဲဆိုတော့ ကိုယ်စားလှယ်တစ်ယောက်ရဲ့ စည်းရုံးရေးကာလတွေရောက်တော့မယ် ကိုယ်စားလှယ်တစ်ယောက်ရဲ့ စည်းရုံးရေးမှာတောင်မပြောနဲ့ ပါတီစည်းရုံးရေးမှာတောင်မှ အခုအခင်းအကျင်းက တော်တော်လေးကို ခက်ခဲ၊ကျပ်တည်းနေတယ်ပေါ့ အဲ့ဒီလိုရင်ဆိုင်နေရတဲ့အခါမှာ Plan 1, 2 ဆိုပြီးတော့ချထားတယ်၊ နောက်တစ် ချက်စောင့်နေတာ ဘာလည်းဆိုတော့ UEC ရဲ့ထုတ်ပြန်ချက်မျိုးကို ကျမတို့မျှော်လင့်နေတယ်။ အခုဟာက သို့လော သို့လောတွေဖြစ်နေတယ်၊ အစိုးရရဲ့ထုတ်ပြန်ချက်တွေရှိတယ်၊ ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်တွေရှိတယ်၊ ဒေသန္တရရဲ့ ကျန်းမာရေးထုတ်ပြန်ချက်တွေရှိတဲ့အခါ ကျန်းမာရေးရှုထောင့်ရဲ့ ထုတ်ပြန်ချက်တွေအကုန်လုံးဟာ အခုသွားမယ့်ရွေးကောက်ပွဲ ကျမတို့ပါတီတွေအတွက် ပြီးပြည့်စုံတဲ့ ဥပဒေမူဘောင်ဖြစ်ရဲ့လား၊ လွပ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ရာ အခုလိုကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေးကာလကို သွားမယ့်ဟာကို သီးသန့်မူဝါဒ တွေချပေးဖို့များရှိမလားဆိုတဲ့ မျှော်လင့်ချက်တစ်ခုကိုတော့ စောင့်နေတယ်ပေါ့။”
ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းထွန်းဦးကတော့ တချို့ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေ ပါတီလုပ်ငန်းတွေလုပ်လို့ရပြီး ရွေးကောက်ပွဲနဲ့ဆိုင်တာတွေလုပ်နေတာတွေဟာ မျှတမှုနည်းတာကြောင့် ဒီဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
“အခု ဇူလိုင် ၁ ရက်နေ့ကစပြီးတော့ ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုဝန်ကြီးတွေ မဲဆွယ်၊ ပါတီလုပ်ငန်းလဲလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုး ထွက်ပေါ်လာတယ်။ စည်းရုံးရေးနဲ့ ပါတီလုပ်ငန်းလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတလည်းပါမယ် ပြည်ထောင်စုဝန်ကြီးတွေလည်းပါမယ်၊ သူက ၇ (ခ)နဲ့ ၁၇(ဃ)ကို ကုဒ်လုပ်ပြီးတော့ UECက ရွေးကောက်ပွဲစတင် ပြုလုပ်မယ့်ရက်ကို စတင်ကြေငြာတဲ့ရက်ကစပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်သမ္မတပါတာပေါ့နော် အဲ့ဒါတွေက ဒီလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်ဆိုပြီးတော့ ဒီလိုဖော်ပြလာတယ်၊ ဒါက ၁ .၇.၂၀၂၀မှာ အံ့သြဖို့ကောင်းတာက ၂.၇.၂၀၂၀ မှာ UEC ကနေပြီးတော့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအစားထိုးလိုက်တာက နိုင်ငံရေးပါတီတွေဟာ ၎င်းတို့ရဲ့ပါတီရုံးတွင်းမှာလုပ်နေတဲ့ ဆောင်ရွက်ချက်တွေကို ကျန်းမာရေးဝန်ကြီးဌာရဲ့ ကန့်သတ်ချက်များနဲ့အညီ ဆောင်ရွက်ခြင်းရှိမရှိ ကြပ်မတ်ဆောင်ရွက်ရန်ဆိုတဲ့ အခြားသောနိုင်ငံရေးပါတီတွေရဲ့ ကျန်းမာရေးကိုအကြောင်းပြပြီးတော့ ဒီလိုညွှန်ကြားချက်ထုတ်တဲ့စာ ကျတော်တို့သွားတွေ့တယ်။ တစ်ဖက်မှာကြတော့ အနိုင်ရအဖွဲ့ကို ၁ ရက်နေ့မှာ ဒီအခွင့်အရေးကိုပေးတယ်၊ တဖက်မှာကြတော့ သူတို့ကိုကြပ်မတ်ထားတယ်ဆိုတဲ့ဟာမျိုး ကောင်းပြီ ဒါဆိုရင်စောစောတုန်းက UEC ကုဒ်လုပ်ထားတဲ့ ၇ (ခ)နဲ့ ၁၇ (ဃ) ကို ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉၉မှာ နိုင်ငံတော်မှာရှိနေတဲ့ ဥပဒေတွေရဲ့အခြေခံဥပဒေဟာ ၂၀၀၈အခြေခံဥပဒေကြီးလို့ သတ်မှတ်ပြဌာန်းထားတယ်။ ဒီတည်ဆဲဥပဒေတစ်ခုဟာတဲ့ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းမပြုသေးဘူးဆိုရင် အခြေခံဥပဒေနဲ့မဆန့်ကျင်သမျှ အတည်ဖြစ်တယ်လို့ ဖော်ပြထားတယ်၊ အဲ့ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၆ မှာ ဖော်ပြထားတယ်။ ဒါဆိုလို့ရှိရင် စောစောက ၇(ခ)နဲ့ ၁၇(ဃ)ကို ကျတော်က ဘာနဲ့သွားပြန်ပြီးတော့ နှိုင်းလဲဆိုလို့ရှိရင် ၆၄ မှာ နိုင်ငံတော်သမ္မတဟာ ပါတီလုပ်ငန်းများကို ၎င်းရဲ့ တာဝန်သက်တမ်းအတွင်းမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရဘူး။  ၂၃၂ ဋ မှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေဟာ ၎င်းတို့ရဲ့ရာထူးသက်တမ်းအတွင်းမှာ ပါတီလုပ်ငန်း ဆောင်ရွက်ခြင်းမပြုရဆိုပြီးတော့ ဖော်ပြထားတယ်။ ဒါကြောင့်မို့ ဒီဥပဒေလိုဟာမျိုးတွေကိုလည်း သုံးသပ်ဖို့လိုလိမ့်မယ်လို့ ဒီနေရာမှာ ကြားဖြတ်ကလေး ဆွေးနွေးတင်ပြလိုပါတယ်။ “
 ဦးသိန်းထွန်းဦးက အဲဒီလိုဆိုတယ်ဆိုတော့ ရှေ့နေလည်းဖြစ် လက်ရှိအာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ရဲ့ သဘောထားဘယ်လိုရှိမလဲဆိုတော့ “မဲဆွယ်စည်းရုံးခွင့်ရတယ်လို့ ပြောတာမဟုတ်ဘူး ပါတီနယ်မြေစည်းရုံးခွင့်ပေါ့လေ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးရပိုင်ခွင့်ကို မဆုံးရှုံးစေရန်အလို့ငှာအတွက် နယ်မြေစည်းရုံးရေးလုပ်ငန်းနဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေလုပ်လို့ရတယ်၊ သို့သော် ကန်ပိန်းအဆင့်တော့ လုပ်လို့မရသေးဘူး ဒါကတော့ အကုန်တန်းတူညီမျှအခွင့်အရေးပါပဲ။” လို့ ပြန်လည်ချေပပါတယ်။ ဒါဆို ခုမှရွေးကောက်ပွဲဝင်ပြိုင်မယ့် အရင်ကသတင်းထောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ ပြည်သူ့ပါတီက ဒေါ်နိုင်နိုင်မော်ကရော အရင် ၂၀၁၀ရွေးကောက်ပွဲကော်မရှင်နဲ့ ၂၀၁၅ နောက်ရွေးကောက်ပွဲကော်မရှင်တို့ ခြားနားချက်ဘာရှိလဲဆိုတော့
“၂၀၁၅မှာ UECမှာ ဘာရှိလည်းဆိုတော့ အရင်ဦးဆုံး စောင့်ကြည့်လေ့လာဆိုတာရှိတယ်။ အဲ့ဒါက အရပ်ဖက်အဖွဲ့အစည်းတွေပေါ့နော် အရပ်ဖက်အဖွဲ့အစည်းတွေက စောင့်ကြည့်လေ့လာဆိုပြီးတော့ အခုချိန်မှာ စောင့်ကြည့်ဆိုတာကို ဖြုတ်လိုက်တယ်၊ လေ့လာဆိုတာပဲထားလိုက်တယ်။ ဒါက ပထမဦးဆုံး ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတဲ့အချက်ပေါ့နော်၊ ဘာကြောင့်မို့လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြတာလဲဆိုတဲ့အချက်ကို စဉ်းစားတယ်။ စဉ်းစားတော့ တရားဥပဒေစိုးမိုးမှုအားနည်းနေသေးတယ်၊ နောက် ဥပဒေမူဘောင်တွေ ခိုင်မာမှုအားနည်းတယ်၊ ပြီးတော့ ဒီမိုကရေစီနိုင်ငံဆိုတာကိုသွားနေသေးတဲ့ ကျမတို့လိုနိုင်ငံတွေမှာ တရားမျှတတဲ့ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်ချမ်းနဲ့ ဆောင်ရွက်နိုင်ဖို့ရာအတွက် အခုလိုမျိုးလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေ ရှိကိုရှိနေသင့်တယ်။ အဲ့ဒါက စံနှုန်းတစ်ခုပဲ ကျမတို့က အဲ့ဒါကို ကြိုဆိုတယ်၊ ဖိတ်ခေါ်တယ်၊ အဲ့ဒါမျိုးတွေရှိနေဖို့လည်းမျှော်လင့်တယ်။ ဒီချိန်မှာ စောင့်ကြည့်ဆိုတာကို ဖြုတ်လိုက်တဲ့အတွက်ကြောင့် လေ့လာမှုတစ်ခုပဲရှိတဲ့အတွက် ဘာပါဆုံးရှုံသွားသလဲဆိုရင် ဆက်စပ်ပေါ့ မီဒီယာရဲ့အခန်းကဏ္ဍပါလျော့နည်းသွားတယ်။ စောင့်ကြည့်လေ့လာတဲ့သူတွေဟာ သူတို့ရဲ့တွေ့ရှိချက်တွေ စောင့်ကြည့်ချက်တွေ ခိုင်မာတဲ့အထောက်အထားတွေကိုင်ပြီးတော့ သူတို့ကအချိန်နဲ့တပြေးညီ စာတန်းတွေထုတ်ပြန်နေတယ်၊ အဲ့ဒီအချက်အလက်တွေကို ကိုးကားပြီးတော့ မီဒီယာတွေကလည်း သူတို့ရဲ့တွေ့ရှိချက်တွေနဲ့ သူတို့တွေကိုသွားပြီးတော့ အင်တာဗျူးမယ်၊ ပြည်သူလူထုကို အချိန်နဲ့တပြေးညီချပြမယ်။ ဒီလိုကန့်သက်လိုက်ခြင်းဟာ ပြည်သူလူထုရဲ့သိပိုင်ခွင့် လွတ်လပ်ပိုင်ခွင့်ထိခိုက်တယ်ဆိုတော့ ပါတီငယ်တွေ အခုမှဝင်လာတဲ့သူတွေအတွက် ပိုပြီးတော့နစ်နာရတယ်ပေါ့ ဒါကတော့ မြင်ရတဲ့အချက်ပေါ့။ နောက်ထပ်အချက်တွေက ဘာတွေလဲဆိုတော့ ရွေးကောက်ပွဲ မဲလက်မှတ်တွေကို ရိုက်နှိပ်တဲ့အချိန်မှာ အရင်တုန်းက နေပြည်တော်မှာ ရိုက်တယ်၊ ၂၀၁၅ မှာတုန်းက မဲလက်မှတ်ရိုက်တာကို စောင့်ကြည့်ခွင့်ရှိတယ်။ ဘယ်လောက်ရိုက်သလဲ ဘယ်သယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ အချက်အလက်တွေကိုကြည့်ပြီးတော့ မဲလက်မှတ်က ဘယ်လောက်ရှိနေပြီ ဘယ်လောက် ရိုက်သလဲဆိုတာကိုကြည့်ပြီးတော့သိရတယ်။ အခုအဲ့ဒါတွေကို သိခွင့်မရှိတော့ဘူး၊ ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေကို သိခွင့်မရှိတော့ဘူး၊ နောက်တစ်ခါ  ကွန်ပလိန်းတက်လာမယ့်အကြောင်းအရာတွေကို ခုံရုံးဖွဲ့ပြီးဆုံးဖြတ်တာမျိုးတွေမှာ ဆုံးဖြတ်ချက်တွေကိုလည်း သိခွင့်မရှိတော့ဘူး။ ဒီလိုမျိုးအခြေခံကျတဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ပိတ်ပင်ထားလိုက်တဲ့အတွက် ကျမတို့မျှော်လင့်နေတာက ၂၀၂၀သည် ၂၀၁၅ တုန်းက သောင်ပြိုကမ်းပြိုနိုင်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံး ထဲထဲဝင်ဝင်နဲ့ တင်မြှောက်ပေးလိုက်တဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့ ဟောဒီ ၂၀၂၀ သမိုင်းတွင်လာမယ့် ရွေးကောက်ပွဲဖြစ်ရမယ်။ လွတ်လပ်လိုက်တာ မျှတလိုက်တာဆိုတဲ့အချက်တွေနဲ့ သိပိုင်ခွင့်တွေအများကြီးရှိလိုက်တာ ဘယ်တုန်းကမှမတွေ့ခဲ့ဘူးတဲ့ ပါတီတွေအနေနဲ့လည်း ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ ရွေးကောက်ပွဲမျိုးကြုံရတယ်ဆိုတာမျိုး စောင့်ကြည့်သူတွေအတွက်လည်း ဘယ်တုန်းကမှ မရဘူးတဲ့အခွင့်အရေးရတယ်ဆိုတာမျိုး ကြုံရမယ့်အစား အခုလိုမျိုးအကန့်သတ်ခံပြီးတော့ ၂၀၁၅တုန်းက စံချိန်စံညွှန်းကိုတောင်မှ ပြည့်မှီအောင် မဆောင်ရွက်ပေးနိုင်ဘူးဆိုတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်ရှင့်”
NLD ပါတီက ဦးတင်အောင်ကတော့ အတိုက်ခံနဲ့ အာဏာရဆိုတာ မမြင်မတူနိုင်ဘူးလို့ဆိုပါတယ်၊ “ကျွန်‌တော်တို့ ၂၀၁၅တုန်းက ဝင်ပြိုင်တဲ့အချိန်တုန်းကတော့ အတိုက်အခံပေါ့လေ အတိုက်အခံရဲ့ဘဝကျတော့ ဘယ်လိုဖြစ်လည်းဆိုတော့ အားလုံးဟာ ထွက်ပေါ်လာတဲ့အမိန့်တွေ၊ ညွန်ကြားချက်တွေဟာ တရားမျှတမှုရှိပါ့မလားဆိုတဲ့သံသယ အမြဲတမ်းရှိတယ်။ အတိုက်ခံဆိုရင် ဒီအတိုင်းပဲရှိလေ့ရှိထရှိကြတယ်၊ ကျတော်တို့လည်းရှိခဲ့တာပဲ။ အဲ့တုန်းက ကော်မရှင်ဥက္ကဌ ဦးတင်အေးပေါ့လေ ဦးတင်အေးက ထွက်လိုက်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေအားလုံးဟာ ထွက်လိုက်တိုင်း ထွက်လိုက်တိုင်း ဟုတ်ပါ့မလား ဟုတ်ပါ့မလားဆိုပြီး နားစွန့်နေကြရတာပေါ့။ တခါတစ်လေကျရင်လည်း မကျေနပ်တဲ့အချက်တွေ အများကြီးကျတော်တို့ရှိတယ်။ ထွက်လိုက်တိုင်း ထွက်လိုက်တိုင်း ဒါငါတို့ကို နှိပ်ကွပ်ပြန်ပြီထင်တယ် ဒီလိုပဲဖြစ်ကြရတယ်၊ နောက်ပိုင်း ပြီးသွားတဲ့အခါကျမှပဲ ဒါကတော့ တရားမျှတတယ် တရားမမျှတဘူးဆိုတာ ကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့အမိန့်တွေ ညွှန်ကြားချက်တွေအပေါ်မှာတော့  အာဏာရမဟုတ်တဲ့  အတိုက်အခံတွေကတော့ သံသယရှိမယ်ဆိုတာ အငြင်းမပွားပါဘူး။ အားလုံးဟာ ပြည်သူတွေကပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်၊ ပြည်သူတွေကပဲ ပါဝင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဥပမာထားပါတော့ မဲရုံမှာ မဲစာရင်းသွားကြည့်မယ်။ မဲထည့်တဲ့အခါမှာကျလည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့နည်းလမ်းတွေအတိုင်းပဲ ကာကွယ်သွားလိုက်မယ်ဆိုရင် ကိုဗစ်ကိုလည်းတွန်းလှန်ရာရောက်မယ်။ မိမိထည့်ချင်တဲ့ပါတီ မိမိထည့်ချင်တဲ့ပုဂ္ဂိုလ်ကိုလည်း လွတ်လွတ်လပ်လပ်ထည့်လို့ရမယ်။ မဲလည်းမဖြစ်မနေသွားပြီးတော့ ထည့်သင့်တယ် ကျတော့အနေနဲ့ ဒီနှစ်ခုတော့ တိုက်တွန်းလိုပါတယ်ခင်ဗျ” လို့ သူ့သဘောထားကို ပြန်လည်တင်ပြသွားပါတယ်။
ဒီစကားဝိုင်းရဲ့ ဆွေးနွေးချက်တွေဟာ အင်မတန်အားရစရာကောင်းပြီး အပြန်လှန်ချေပတာတွေနဲ့ မြိုင်ဆိုင်လှပါတယ်။ ဆွေးနွေးချက်တွေကိုပြန်ချုပ်ရရင် ကိုဗစ်ကာလမို့ မဲဆွယ်စည်းရုံးခွင့်ပေးထားတဲ့ ရက် ၆၀ ဟာ အင်မတန်နည်းကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်သင့်ကြောင်းနဲ့ လိုလားတဲ့ပါတီကို မျက်နှာသာပေးပြီး လူကျွံဘောဖမ်းကစားနည်းတွေကို သတိထားသင့်ကြောင်း တင်ပြသွားကြပါတယ်။
နိဂုံးချုပ်ကောက်နုတ်ရရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မူတည်သလို၊ တိကျတဲ့ညွန်ကြားချက်တွေ ချမှတ်ဖို့လိုကြောင်း ၊ ပြည်သူအားလုံးပါဝင်ဖို့နဲ့ မဲစာရင်းတွေမှားရင် အမြန်ပြုပြင်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ မဲတစ်ပြားကို အကျိုးရှိရှိအသုံးချပြီး လိုလားတဲ့ပါတီကို မဲပေးကြဖို့လိုပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ  နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပစောင့်ကြည့်သူတွေချီးကျူးရပြီး ပြည်သူရောနိုင်ငံရေးအင်အားစုတွေပါ အားရကျေနပ်မယ့် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့   ပြည်သူအားလုံးအတူပူးပေါင်းပါဝင်ဖို့လိုသလို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးကြောင်း ဒီတပတ် သုံးသပ်တင်ပြလိုက်ရပါတယ်။
#voiceofmyanmar  #VOM  #ရွေးကောက်ပွဲကာလ  #ကိုဗစ်နဲ့အခြားစိန်ခေါ်မှုများ
Zawgyi
ေ႐ြးေကာက္ပြဲကာလ ကိုဗစ္နဲ႔အျခားစိန္ေခၚမႈမ်ား
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးဟာ နီးသထက္နီးလာေနပါၿပီ။ တစ္ကမာၻလုံးနီးပါးရင္ဆိုင္ေနရာတဲ့ ကိုဗစ္ေရာဂါကပ္ဆိုးႀကီးကလည္း စိုးရိမ္ရဆဲကာလမွာရွိေနဆဲပါ။ ေ႐ြးေကာက္ပြဲမဲဆြယ္ဖို႔ သတ္မွတ္မယ့္ ရက္ ၆၀ကာလဟာလည္း နီးကပ္ေနၿပီမို႔ ဘယ္လို ေဘးကင္းေအာင္ မဲဆြယ္ၾကမလဲ?  တျခားအခက္ခဲေတြကေရာ ဘာေတြရွိႏိုင္မလဲ ?   လာမယ့္ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ၾကမယ့္ ကိုယ္စားလွယ္သစ္ေတြ၊ အရင္ေ႐ြးေကာက္ပြဲေတြမွာ ပါဝင္ယွဥ္ျပဳင္ဘူးတဲ့ လက္ရွိကိုယ္စားလွယ္ေတြနဲ႔ VOM က စကားဝိုင္းလုပ္ၿပီး ေဆြးေႏြးအေျဖရွာျဖစ္ခဲ့ပါတယ္။
ဒီစကားဝိုင္းမွာ ျပည္သူ႔ပါတီကေန ခ်မ္းေအးသာစံၿမိဳ႕နယ္အတြက္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေဒၚႏိုင္ႏိုင္ေမာ္ ၊ ျပည္ေထာင္စုႀကံခိုင္ဖြံ႕ၿဖိဳးေရးပါတီအတြက္ အမရပူရၿမိဳ႕နယ္  ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ယွဥ္ၿပိဳင္မယ့္ ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးတို႔နဲ႔အတူ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္  ဦးတင္ေအာင္တို႔ ပါဝင္ေဆြးေႏြးခဲ့ပါတယ္။
ဦးသိန္းထြန္းဦးက ၂၀၁၀မွာ သူတို႔ မဲဆြယ္စည္း႐ုံးတဲ့အေျခအေနနဲ႔ အႏိုင္ရခဲ့တဲ့အေတြ႕အႀကဳံေတြ ျပန္ေျပာျပခဲ့ပါတယ္။ ဦးတင္ေအာင္ကလည္း ၂၀၁၅မွာ အလွျပယာဥ္ေတြ လူစုလူေဝးေတြနဲ႔ မဲဆြယ္ခဲ့ရတဲ့အေနအထားေတြကို ျပန္ေျပာျပရင္း ခုလက္ေတြ႕ျဖစ္သင့္တာေတြကို စေျပာပါတယ္။
“တစ္ခုေလးေျပာစရာရွိတာက က်ေတာ္တို႔ဆီက အရင္တုန္းကလို ကိုဗစ္ကာလလိုဟာမ်ိဳး မျဖစ္ခဲ့ဘူးဆိုရင္ေတာ့ ၂ လဆိုတဲ့အခ်ိန္ဟာ သိပ္ၿပီးေတာ့ျပႆနာမရွိေပမယ့္ အခုမွစၿပီးဝင္လာၾကမယ့္ ပါတီသစ္ေလးေတြ ပါတီသစ္လို႔ပဲေျပာပါမယ္၊ ပါတီေသးလို႔ က်ေတာ္မေျပာရက္ပါဘူး ဘာလို႔ဆိုေတာ့ ပါတီသစ္ေပါ့ဗ်ာ ပါတီသစ္ေတြအတြက္ေတာ့ ျပည္သူနဲ႔ မိတ္ဆက္ရမယ့္အခန္းက႑ဟာ ၂ လဆိုရင္ေတာ့ အင္မတန္မွနည္းလြန္းတယ္လို႔ျမင္တယ္ေလ။ ရက္ေပါင္း ၆၀ အတြင္းမွာ တျခားအေမရိကန္လိုႏိုင္ငံမ်ိဳး ႏႈိင္းယွဥ္ေျပာတာမဟုတ္ဘူး သူတို႔ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ဟာ တစ္အိမ္တက္ဆင္းလုပ္ၿပီးေတာ့ ေျပာမယ္ေပါ့ေလ က်ေတာ္တို႔က ကိုဗစ္ကာလ ၁၅ ေယာက္ဆိုလို႔ရွိရင္ လူစုလူေဝးလုပ္လို႔ရတယ္ ၊ အကယ္၍ ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ဟာ မိမိပါတီရဲ႕မူဝါဒ မိမိရဲ႕ ေရွ႕လုပ္ရမယ္လုပ္ငန္းစဥ္နဲ႔ တစ္အိမ္ဝင္တစ္အိမ္ထြက္ ဝင္ထြက္ေဆြးေႏြးမယ္ဆိုရင္ေတာ့ ဒါဟာအေကာင္းဆုံးေပါ့ေလ သို႔ေသာ္ ၂ လ အခ်ိန္အတြင္းဆိုရင္ ဘယ္လိုမွအဆင္မေျပႏိုင္ေသးဘူး ၊ လက္ရွိ အာဏာရလို႔ေတာ့ မေျပာလိုပါဘူး၊ ပါတီႀကီးေတြေပါ့ေလ ျပည္သူနဲ႔မိတ္ဆက္ၿပီးသား ျပည္သူကသိၿပီးသားဆိုတဲ့ ပါတီႀကီးေတြအတြက္ကေတာ့ သိပ္ျပႆနာမရွိေပမယ့္ ေနာက္ထပ္ပါတီအသစ္ေတြအတြက္ကေတာ့ ေတာ္ေတာ္ေလး အခက္အခဲရွိမယ္လို႔ထင္ပါတယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ အခ်ိန္ေတြတိုးေပးမယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့ ဒါကေတာ့ ကာလအေနအထားကိုျမင္လို႔ေျပာတာပါ။ အကယ္၍ ကိုဗစ္ကာလလည္းမျဖစ္ဘူး ၂၀၁၅တုန္းကလို ၂၀၁၀တုန္းကလို လြတ္လြတ္လပ္လပ္နဲ႔ လြတ္လြတ္လပ္လပ္ဆိုတာဒီလိုပါ ေရာဂါကိုေၾကာက္ေနစရာမလိုဘဲနဲ႔ လူစုလူေဝးနဲ႔ အုန္းအုန္း အုန္းအုန္းနဲ႔ သြားလို႔ရမယ္ဆိုရင္ေတာ့ သိပ္ျပႆနာမရွိဘူးေပါ့ေလ ၂ လဆိုတာနည္းတယ္ဆိုတာ က်ေတာ့္စိတ္ထဲျမင္ပါတယ္  “ လို႔ ဦးတင္ေအာင္က သူ႔သေဘာထားကို ပြင့္ပြင့္လင္းလင္းေျပာသြားပါတယ္။
ျပည္သူ႔ပါတီက ေဒၚႏိုင္ႏိုင္ေမာ္ကေတာ့ တခ်ိဳ႕ၫြန္ၾကားခ်က္ေတြက ရွင္းလင္းတိက်မႈမရွိလို႔ စိုးရိမ္စရာရွိတဲ့အေၾကာင္းေတြကို ခုလိုေဆြးေႏြးပါတယ္။
“ ဒီႏွစ္မွာမွ တိုက္တိုက္ဆိုင္ဆိုင္  တစ္ကမာၻလုံးရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါနဲ႔ႀကဳံေတြ႕တဲ့အခါမွာ ဒါျဖစ္ေတာင့္ျဖစ္ခဲျဖစ္စဥ္ႀကီးဆိုေတာ့ ေရွ႕ပိုင္းမွာေျပာဆိုလႈပ္ရွားခဲ့တဲ့ Plan ေတြကေတာ့ ပုံစံေတြေျပာင္းသြားတယ္၊ အဓိကကေတာ့ ၫႊန္ၾကားခ်က္ရယ္လို႔ သီးသန႔္မရွိေသးဘူး။ ျပည္သူလူထုရဲ႕က်န္းမာေရးသည္ နံပါတ္ ၁ ျဖစ္တဲ့အတြက္ေၾကာင့္ က်န္းမာေရးရႈေထာင့္ကေနၿပီးေတာ့ ခ်ဥ္းကပ္မယ္။ က်န္းမာေရးရႈေထာင့္ကေန ခ်ဥ္းကပ္တဲ့အခါမွာ ဘာေတြရင္ဆိုင္ေနရလဲဆိုေတာ့ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ စည္း႐ုံးေရးကာလေတြေရာက္ေတာ့မယ္ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ စည္း႐ုံးေရးမွာေတာင္မေျပာနဲ႔ ပါတီစည္း႐ုံးေရးမွာေတာင္မွ အခုအခင္းအက်င္းက ေတာ္ေတာ္ေလးကို ခက္ခဲ၊က်ပ္တည္းေနတယ္ေပါ့ အဲ့ဒီလိုရင္ဆိုင္ေနရတဲ့အခါမွာ Plan 1, 2 ဆိုၿပီးေတာ့ခ်ထားတယ္၊ ေနာက္တစ္ ခ်က္ေစာင့္ေနတာ ဘာလည္းဆိုေတာ့ UEC ရဲ႕ထုတ္ျပန္ခ်က္မ်ိဳးကို က်မတို႔ေမွ်ာ္လင့္ေနတယ္။ အခုဟာက သို႔ေလာ သို႔ေလာေတြျဖစ္ေနတယ္၊ အစိုးရရဲ႕ထုတ္ျပန္ခ်က္ေတြရွိတယ္၊ က်န္းမာေရးဝန္ႀကီးဌာရဲ႕ ထုတ္ျပန္ခ်က္ေတြရွိတယ္၊ ေဒသႏၲရရဲ႕ က်န္းမာေရးထုတ္ျပန္ခ်က္ေတြရွိတဲ့အခါ က်န္းမာေရးရႈေထာင့္ရဲ႕ ထုတ္ျပန္ခ်က္ေတြအကုန္လုံးဟာ အခုသြားမယ့္ေ႐ြးေကာက္ပြဲ က်မတို႔ပါတီေတြအတြက္ ၿပီးျပည့္စုံတဲ့ ဥပေဒမူေဘာင္ျဖစ္ရဲ႕လား၊ လြပ္လပ္ၿပီးမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ရာ အခုလိုကိုယ္စားလွယ္ေတြရဲ႕ မဲဆြယ္စည္း႐ုံးေရးကာလကို သြားမယ့္ဟာကို သီးသန႔္မူဝါဒ ေတြခ်ေပးဖို႔မ်ားရွိမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုကိုေတာ့ ေစာင့္ေနတယ္ေပါ့။”
ျပည္ခိုင္ၿဖိဳးပါတီက ဦးသိန္းထြန္းဦးကေတာ့ တခ်ိဳ႕ျပည္ေထာင္စုအဆင့္တာဝန္ရွိသူေတြ ပါတီလုပ္ငန္းေတြလုပ္လို႔ရၿပီး ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တာေတြလုပ္ေနတာေတြဟာ မွ်တမႈနည္းတာေၾကာင့္ ဒီဥပေဒေတြကို ျပန္လည္သုံးသပ္ဖို႔လိုတယ္လို႔ ဆိုပါတယ္။
“အခု ဇူလိုင္ ၁ ရက္ေန႔ကစၿပီးေတာ့ ျပည္ေထာင္စုအဆင့္ဝန္ႀကီး၊ ဒုဝန္ႀကီးေတြ မဲဆြယ္၊ ပါတီလုပ္ငန္းလဲလုပ္လို႔ရတယ္ဆိုတဲ့ဟာမ်ိဳး ထြက္ေပၚလာတယ္။ စည္း႐ုံးေရးနဲ႔ ပါတီလုပ္ငန္းလို႔ ဆိုလိုျခင္းျဖစ္ပါတယ္။ ႏိုင္ငံေတာ္သမၼတလည္းပါမယ္ ျပည္ေထာင္စုဝန္ႀကီးေတြလည္းပါမယ္၊ သူက ၇ (ခ)နဲ႔ ၁၇(ဃ)ကို ကုဒ္လုပ္ၿပီးေတာ့ UECက ေ႐ြးေကာက္ပြဲစတင္ ျပဳလုပ္မယ့္ရက္ကို စတင္ေၾကျငာတဲ့ရက္ကစၿပီးေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္ေတြနဲ႔ ႏိုင္ငံေတာ္သမၼတပါတာေပါ့ေနာ္ အဲ့ဒါေတြက ဒီလုပ္ငန္းေတြကို ေဆာင္႐ြက္ခြင့္ရွိတယ္ဆိုၿပီးေတာ့ ဒီလိုေဖာ္ျပလာတယ္၊ ဒါက ၁ .၇.၂၀၂၀မွာ အံ့ၾသဖို႔ေကာင္းတာက ၂.၇.၂၀၂၀ မွာ UEC ကေနၿပီးေတာ့ သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲအစားထိုးလိုက္တာက ႏိုင္ငံေရးပါတီေတြဟာ ၎တို႔ရဲ႕ပါတီ႐ုံးတြင္းမွာလုပ္ေနတဲ့ ေဆာင္႐ြက္ခ်က္ေတြကို က်န္းမာေရးဝန္ႀကီးဌာရဲ႕ ကန႔္သတ္ခ်က္မ်ားနဲ႔အညီ ေဆာင္႐ြက္ျခင္းရွိမရွိ ၾကပ္မတ္ေဆာင္႐ြက္ရန္ဆိုတဲ့ အျခားေသာႏိုင္ငံေရးပါတီေတြရဲ႕ က်န္းမာေရးကိုအေၾကာင္းျပၿပီးေတာ့ ဒီလိုၫႊန္ၾကားခ်က္ထုတ္တဲ့စာ က်ေတာ္တို႔သြားေတြ႕တယ္။ တစ္ဖက္မွာၾကေတာ့ အႏိုင္ရအဖြဲ႕ကို ၁ ရက္ေန႔မွာ ဒီအခြင့္အေရးကိုေပးတယ္၊ တဖက္မွာၾကေတာ့ သူတို႔ကိုၾကပ္မတ္ထားတယ္ဆိုတဲ့ဟာမ်ိဳး ေကာင္းၿပီ ဒါဆိုရင္ေစာေစာတုန္းက UEC ကုဒ္လုပ္ထားတဲ့ ၇ (ခ)နဲ႔ ၁၇ (ဃ) ကို ေျပာမယ္ဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၉၉မွာ ႏိုင္ငံေတာ္မွာရွိေနတဲ့ ဥပေဒေတြရဲ႕အေျခခံဥပေဒဟာ ၂၀၀၈အေျခခံဥပေဒႀကီးလို႔ သတ္မွတ္ျပဌာန္းထားတယ္။ ဒီတည္ဆဲဥပေဒတစ္ခုဟာတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က ျပင္ဆင္ျခင္း၊ ပယ္ဖ်က္ျခင္းမျပဳေသးဘူးဆိုရင္ အေျခခံဥပေဒနဲ႔မဆန႔္က်င္သမွ် အတည္ျဖစ္တယ္လို႔ ေဖာ္ျပထားတယ္၊ အဲ့ဒါက ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၄၆ မွာ ေဖာ္ျပထားတယ္။ ဒါဆိုလို႔ရွိရင္ ေစာေစာက ၇(ခ)နဲ႔ ၁၇(ဃ)ကို က်ေတာ္က ဘာနဲ႔သြားျပန္ၿပီးေတာ့ ႏႈိင္းလဲဆိုလို႔ရွိရင္ ၆၄ မွာ ႏိုင္ငံေတာ္သမၼတဟာ ပါတီလုပ္ငန္းမ်ားကို ၎ရဲ႕ တာဝန္သက္တမ္းအတြင္းမွာ ပါဝင္ေဆာင္႐ြက္ျခင္းမျပဳရဘူး။  ၂၃၂ ဋ မွာလည္း ျပည္ေထာင္စုအစိုးရအဖြဲ႕ဝန္ႀကီးေတြဟာ ၎တို႔ရဲ႕ရာထူးသက္တမ္းအတြင္းမွာ ပါတီလုပ္ငန္း ေဆာင္႐ြက္ျခင္းမျပဳရဆိုၿပီးေတာ့ ေဖာ္ျပထားတယ္။ ဒါေၾကာင့္မို႔ ဒီဥပေဒလိုဟာမ်ိဳးေတြကိုလည္း သုံးသပ္ဖို႔လိုလိမ့္မယ္လို႔ ဒီေနရာမွာ ၾကားျဖတ္ကေလး ေဆြးေႏြးတင္ျပလိုပါတယ္။ “
 ဦးသိန္းထြန္းဦးက အဲဒီလိုဆိုတယ္ဆိုေတာ့ ေရွ႕ေနလည္းျဖစ္ လက္ရွိအာဏာရပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ရဲ႕ သေဘာထားဘယ္လိုရွိမလဲဆိုေတာ့ “မဲဆြယ္စည္း႐ုံးခြင့္ရတယ္လို႔ ေျပာတာမဟုတ္ဘူး ပါတီနယ္ေျမစည္း႐ုံးခြင့္ေပါ့ေလ ႏိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရးရပိုင္ခြင့္ကို မဆုံးရႈံးေစရန္အလို႔ငွာအတြက္ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းနဲ႔ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြလုပ္လို႔ရတယ္၊ သို႔ေသာ္ ကန္ပိန္းအဆင့္ေတာ့ လုပ္လို႔မရေသးဘူး ဒါကေတာ့ အကုန္တန္းတူညီမွ်အခြင့္အေရးပါပဲ။” လို႔ ျပန္လည္ေခ်ပပါတယ္။ ဒါဆို ခုမွေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ အရင္ကသတင္းေထာက္အလုပ္လုပ္ကိုင္ခဲ့တဲ့ ျပည္သူ႔ပါတီက ေဒၚႏိုင္ႏိုင္ေမာ္ကေရာ အရင္ ၂၀၁၀ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ၂၀၁၅ ေနာက္ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ျခားနားခ်က္ဘာရွိလဲဆိုေတာ့
“၂၀၁၅မွာ UECမွာ ဘာရွိလည္းဆိုေတာ့ အရင္ဦးဆုံး ေစာင့္ၾကည့္ေလ့လာဆိုတာရွိတယ္။ အဲ့ဒါက အရပ္ဖက္အဖြဲ႕အစည္းေတြေပါ့ေနာ္ အရပ္ဖက္အဖြဲ႕အစည္းေတြက ေစာင့္ၾကည့္ေလ့လာဆိုၿပီးေတာ့ အခုခ်ိန္မွာ ေစာင့္ၾကည့္ဆိုတာကို ျဖဳတ္လိုက္တယ္၊ ေလ့လာဆိုတာပဲထားလိုက္တယ္။ ဒါက ပထမဦးဆုံး ကြင္းကြင္းကြက္ကြက္ျမင္လိုက္ရတဲ့အခ်က္ေပါ့ေနာ္၊ ဘာေၾကာင့္မို႔လို႔ အရပ္ဘက္အဖြဲ႕အစည္းေတြက ေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာၾကတာလဲဆိုတဲ့အခ်က္ကို စဥ္းစားတယ္။ စဥ္းစားေတာ့ တရားဥပေဒစိုးမိုးမႈအားနည္းေနေသးတယ္၊ ေနာက္ ဥပေဒမူေဘာင္ေတြ ခိုင္မာမႈအားနည္းတယ္၊ ၿပီးေတာ့ ဒီမိုကေရစီႏိုင္ငံဆိုတာကိုသြားေနေသးတဲ့ က်မတို႔လိုႏိုင္ငံေတြမွာ တရားမွ်တတဲ့ေ႐ြးေကာက္ပြဲကို ၿငိမ္းၿငိမ္းခ်မ္ခ်မ္းနဲ႔ ေဆာင္႐ြက္ႏိုင္ဖို႔ရာအတြက္ အခုလိုမ်ိဳးေလ့လာေစာင့္ၾကည့္တဲ့အဖြဲ႕ေတြ ရွိကိုရွိေနသင့္တယ္။ အဲ့ဒါက စံႏႈန္းတစ္ခုပဲ က်မတို႔က အဲ့ဒါကို ႀကိဳဆိုတယ္၊ ဖိတ္ေခၚတယ္၊ အဲ့ဒါမ်ိဳးေတြရွိေနဖို႔လည္းေမွ်ာ္လင့္တယ္။ ဒီခ်ိန္မွာ ေစာင့္ၾကည့္ဆိုတာကို ျဖဳတ္လိုက္တဲ့အတြက္ေၾကာင့္ ေလ့လာမႈတစ္ခုပဲရွိတဲ့အတြက္ ဘာပါဆုံးရႈံသြားသလဲဆိုရင္ ဆက္စပ္ေပါ့ မီဒီယာရဲ႕အခန္းက႑ပါေလ်ာ့နည္းသြားတယ္။ ေစာင့္ၾကည့္ေလ့လာတဲ့သူေတြဟာ သူတို႔ရဲ႕ေတြ႕ရွိခ်က္ေတြ ေစာင့္ၾကည့္ခ်က္ေတြ ခိုင္မာတဲ့အေထာက္အထားေတြကိုင္ၿပီးေတာ့ သူတို႔ကအခ်ိန္နဲ႔တေျပးညီ စာတန္းေတြထုတ္ျပန္ေနတယ္၊ အဲ့ဒီအခ်က္အလက္ေတြကို ကိုးကားၿပီးေတာ့ မီဒီယာေတြကလည္း သူတို႔ရဲ႕ေတြ႕ရွိခ်က္ေတြနဲ႔ သူတို႔ေတြကိုသြားၿပီးေတာ့ အင္တာဗ်ဴးမယ္၊ ျပည္သူလူထုကို အခ်ိန္နဲ႔တေျပးညီခ်ျပမယ္။ ဒီလိုကန႔္သက္လိုက္ျခင္းဟာ ျပည္သူလူထုရဲ႕သိပိုင္ခြင့္ လြတ္လပ္ပိုင္ခြင့္ထိခိုက္တယ္ဆိုေတာ့ ပါတီငယ္ေတြ အခုမွဝင္လာတဲ့သူေတြအတြက္ ပိုၿပီးေတာ့နစ္နာရတယ္ေပါ့ ဒါကေတာ့ ျမင္ရတဲ့အခ်က္ေပါ့။ ေနာက္ထပ္အခ်က္ေတြက ဘာေတြလဲဆိုေတာ့ ေ႐ြးေကာက္ပြဲ မဲလက္မွတ္ေတြကို ႐ိုက္ႏွိပ္တဲ့အခ်ိန္မွာ အရင္တုန္းက ေနျပည္ေတာ္မွာ ႐ိုက္တယ္၊ ၂၀၁၅ မွာတုန္းက မဲလက္မွတ္႐ိုက္တာကို ေစာင့္ၾကည့္ခြင့္ရွိတယ္။ ဘယ္ေလာက္႐ိုက္သလဲ ဘယ္သယ္သြားလဲ၊ ဘာလုပ္လဲဆိုတာ အခ်က္အလက္ေတြကိုၾကည့္ၿပီးေတာ့ မဲလက္မွတ္က ဘယ္ေလာက္ရွိေနၿပီ ဘယ္ေလာက္ ႐ိုက္သလဲဆိုတာကိုၾကည့္ၿပီးေတာ့သိရတယ္။ အခုအဲ့ဒါေတြကို သိခြင့္မရွိေတာ့ဘူး၊ ကိုယ္စားလွယ္ေတြရဲ႕ အခ်က္အလက္ေတြကို သိခြင့္မရွိေတာ့ဘူး၊ ေနာက္တစ္ခါ  ကြန္ပလိန္းတက္လာမယ့္အေၾကာင္းအရာေတြကို ခုံ႐ုံးဖြဲ႕ၿပီးဆုံးျဖတ္တာမ်ိဳးေတြမွာ ဆုံးျဖတ္ခ်က္ေတြကိုလည္း သိခြင့္မရွိေတာ့ဘူး။ ဒီလိုမ်ိဳးအေျခခံက်တဲ့ အေရးႀကီးတဲ့အခ်က္အလက္ေတြကို ပိတ္ပင္ထားလိုက္တဲ့အတြက္ က်မတို႔ေမွ်ာ္လင့္ေနတာက ၂၀၂၀သည္ ၂၀၁၅ တုန္းက ေသာင္ၿပိဳကမ္းၿပိဳႏိုင္ၿပီးေတာ့ ျပည္သူလူထုတစ္ရပ္လုံး ထဲထဲဝင္ဝင္နဲ႔ တင္ေျမႇာက္ေပးလိုက္တဲ့အစိုးရျဖစ္တဲ့အတြက္ေၾကာင့္မို႔ ေဟာဒီ ၂၀၂၀ သမိုင္းတြင္လာမယ့္ ေ႐ြးေကာက္ပြဲျဖစ္ရမယ္။ လြတ္လပ္လိုက္တာ မွ်တလိုက္တာဆိုတဲ့အခ်က္ေတြနဲ႔ သိပိုင္ခြင့္ေတြအမ်ားႀကီးရွိလိုက္တာ ဘယ္တုန္းကမွမေတြ႕ခဲ့ဘူးတဲ့ ပါတီေတြအေနနဲ႔လည္း ဘယ္တုန္းကမွ မႀကဳံခဲ့ဘူးတဲ့ ေ႐ြးေကာက္ပြဲမ်ိဳးႀကဳံရတယ္ဆိုတာမ်ိဳး ေစာင့္ၾကည့္သူေတြအတြက္လည္း ဘယ္တုန္းကမွ မရဘူးတဲ့အခြင့္အေရးရတယ္ဆိုတာမ်ိဳး ႀကဳံရမယ့္အစား အခုလိုမ်ိဳးအကန႔္သတ္ခံၿပီးေတာ့ ၂၀၁၅တုန္းက စံခ်ိန္စံၫႊန္းကိုေတာင္မွ ျပည့္မွီေအာင္ မေဆာင္႐ြက္ေပးႏိုင္ဘူးဆိုေတာ့ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိတယ္ရွင့္”
NLD ပါတီက ဦးတင္ေအာင္ကေတာ့ အတိုက္ခံနဲ႔ အာဏာရဆိုတာ မျမင္မတူႏိုင္ဘူးလို႔ဆိုပါတယ္၊ “ကြၽန္‌ေတာ္တို႔ ၂၀၁၅တုန္းက ဝင္ၿပိဳင္တဲ့အခ်ိန္တုန္းကေတာ့ အတိုက္အခံေပါ့ေလ အတိုက္အခံရဲ႕ဘဝက်ေတာ့ ဘယ္လိုျဖစ္လည္းဆိုေတာ့ အားလုံးဟာ ထြက္ေပၚလာတဲ့အမိန႔္ေတြ၊ ၫြန္ၾကားခ်က္ေတြဟာ တရားမွ်တမႈရွိပါ့မလားဆိုတဲ့သံသယ အၿမဲတမ္းရွိတယ္။ အတိုက္ခံဆိုရင္ ဒီအတိုင္းပဲရွိေလ့ရွိထရွိၾကတယ္၊ က်ေတာ္တို႔လည္းရွိခဲ့တာပဲ။ အဲ့တုန္းက ေကာ္မရွင္ဥကၠဌ ဦးတင္ေအးေပါ့ေလ ဦးတင္ေအးက ထြက္လိုက္တဲ့ အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြအားလုံးဟာ ထြက္လိုက္တိုင္း ထြက္လိုက္တိုင္း ဟုတ္ပါ့မလား ဟုတ္ပါ့မလားဆိုၿပီး နားစြန႔္ေနၾကရတာေပါ့။ တခါတစ္ေလက်ရင္လည္း မေက်နပ္တဲ့အခ်က္ေတြ အမ်ားႀကီးက်ေတာ္တို႔ရွိတယ္။ ထြက္လိုက္တိုင္း ထြက္လိုက္တိုင္း ဒါငါတို႔ကို ႏွိပ္ကြပ္ျပန္ၿပီထင္တယ္ ဒီလိုပဲျဖစ္ၾကရတယ္၊ ေနာက္ပိုင္း ၿပီးသြားတဲ့အခါက်မွပဲ ဒါကေတာ့ တရားမွ်တတယ္ တရားမမွ်တဘူးဆိုတာ ကြၽန္ေတာ္တို႔ေျပာလို႔ရမွာျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြအေပၚမွာေတာ့  အာဏာရမဟုတ္တဲ့  အတိုက္အခံေတြကေတာ့ သံသယရွိမယ္ဆိုတာ အျငင္းမပြားပါဘူး။ အားလုံးဟာ ျပည္သူေတြကပဲ ဆုံးျဖတ္ရမွာျဖစ္ပါတယ္၊ ျပည္သူေတြကပဲ ပါဝင္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ဥပမာထားပါေတာ့ မဲ႐ုံမွာ မဲစာရင္းသြားၾကည့္မယ္။ မဲထည့္တဲ့အခါမွာက်လည္း က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့နည္းလမ္းေတြအတိုင္းပဲ ကာကြယ္သြားလိုက္မယ္ဆိုရင္ ကိုဗစ္ကိုလည္းတြန္းလွန္ရာေရာက္မယ္။ မိမိထည့္ခ်င္တဲ့ပါတီ မိမိထည့္ခ်င္တဲ့ပုဂၢိဳလ္ကိုလည္း လြတ္လြတ္လပ္လပ္ထည့္လို႔ရမယ္။ မဲလည္းမျဖစ္မေနသြားၿပီးေတာ့ ထည့္သင့္တယ္ က်ေတာ့အေနနဲ႔ ဒီႏွစ္ခုေတာ့ တိုက္တြန္းလိုပါတယ္ခင္ဗ်” လို႔ သူ႔သေဘာထားကို ျပန္လည္တင္ျပသြားပါတယ္။
ဒီစကားဝိုင္းရဲ႕ ေဆြးေႏြးခ်က္ေတြဟာ အင္မတန္အားရစရာေကာင္းၿပီး အျပန္လွန္ေခ်ပတာေတြနဲ႔ ၿမိဳင္ဆိုင္လွပါတယ္။ ေဆြးေႏြးခ်က္ေတြကိုျပန္ခ်ဳပ္ရရင္ ကိုဗစ္ကာလမို႔ မဲဆြယ္စည္း႐ုံးခြင့္ေပးထားတဲ့ ရက္ ၆၀ ဟာ အင္မတန္နည္းေၾကာင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ သီးျခားလြတ္လပ္တဲ့အဖြဲ႕အစည္း ျဖစ္သင့္ေၾကာင္းနဲ႔ လိုလားတဲ့ပါတီကို မ်က္ႏွာသာေပးၿပီး လူကြၽံေဘာဖမ္းကစားနည္းေတြကို သတိထားသင့္ေၾကာင္း တင္ျပသြားၾကပါတယ္။
နိဂုံးခ်ဳပ္ေကာက္ႏုတ္ရရင္ လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔ဆိုတာ ေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚမွာ မူတည္သလို၊ တိက်တဲ့ၫြန္ၾကားခ်က္ေတြ ခ်မွတ္ဖို႔လိုေၾကာင္း ၊ ျပည္သူအားလုံးပါဝင္ဖို႔နဲ႔ မဲစာရင္းေတြမွားရင္ အျမန္ျပဳျပင္ၿပီး ကိုယ္ပိုင္ဆိုင္တဲ့ မဲတစ္ျပားကို အက်ိဳးရွိရွိအသုံးခ်ၿပီး လိုလားတဲ့ပါတီကို မဲေပးၾကဖို႔လိုပါတယ္။ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္မွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲဟာ  ႏိုင္ငံတကာနဲ႔ ျပည္တြင္းျပည္ပေစာင့္ၾကည့္သူေတြခ်ီးက်ဴးရၿပီး ျပည္သူေရာႏိုင္ငံေရးအင္အားစုေတြပါ အားရေက်နပ္မယ့္ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔   ျပည္သူအားလုံးအတူပူးေပါင္းပါဝင္ဖို႔လိုသလို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ အခန္းက႑ဟာ အင္မတန္အေရးႀကီးေၾကာင္း ဒီတပတ္ သုံးသပ္တင္ျပလိုက္ရပါတယ္။
#voiceofmyanmar  #VOM  #ေ႐ြးေကာက္ပြဲကာလ  #ကိုဗစ္နဲ႔အျခားစိန္ေခၚမႈမ်ား

Related posts

Leave a Comment

VOM News

FREE
VIEW