CanSino ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရ

CanSino ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရ

ပေကျင်း၊ သြဂုတ်-၁၇-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံရဲ့ ဆေးဝါးထုတ်လုပ်တဲ့ CanSino Biologics ကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး Ad5-nCOV ဟာ တရုတ်တာဝန်ရှိသူတွေထံကနေ မူပိုင်ခွင့်ရရှိသွားပြီလို့ တရုတ်နိုင်ငံဉာဏမူပိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် တရုတ်နိုင်ငံမှာ ပထမဆုံးမူပိုင်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၁၆ ရက်မှာ ဖော်ပြထားပါတယ်။

မူပိုင်ခွင့် ခွင့်ပြုလိုက်တာကို တရုတ်အမျိုးသားဉာဏမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြထားပါတယ်။

CanSino ရဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး တတိယအဆင့် စမ်းသပ်မှုတွေကို စတင်ရန်စီစဉ်ထားတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက ယခုလအတွင်းမှာ ပြောဆိုထားပါတယ်။

CanSino ဆေးဝါးကုမ္ပဏီဟာ အဲဒီဆေးရဲ့ တတိယအဆင့် စမ်းသပ်မှုများပြုလုပ်ဖို့် ရုရှား၊ ဘရာဇီး၊ ချီလီနိုင်ငံတို့နဲ့ပါဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

မူပိုင်ခွင့်ရရှိသွားတာကြောင့် ကုမ္ပဏီရဲ့ ဟောင်ကောင်ရှယ်ယာတွေဟာ သြဂုတ် ၁၇ ရက်မှာ ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရှန်ဟိုင်းရှိ ရှယ်ယာတွေကတော့ မွန်းလွဲပိုင်းမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

Ref : Reuters
Photo: Reuters
#voiceomyanmar #VOM #ပေကျင်း

Zawgyi

CanSino ကုမၸဏီထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆး တရုတ္နိုင္ငံမွာ ပထမဆံုးမူပိုင္ခြင္႔ရ

ေပက်င္း၊ ၾသဂုတ္-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံရဲ႕ ေဆး၀ါးထုတ္လုပ္တဲ႔ CanSino Biologics ကုမၸဏီရဲ႕ ကိုဗစ္-၁၉ ကာကြယ္ေဆး Ad5-nCOV ဟာ တရုတ္တာ၀န္ရွိသူေတြထံကေန မူပိုင္ခြင္႔ရရိွသြားျပီလို႔ တရုတ္နိုင္ငံဥာဏမူပိုင္ခြင္႔ဆိုင္ရာ စာရြက္စာတမ္းေတြကို ကိုးကားျပီး နို္င္ငံပိုင္သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဒါဟာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးအတြက္ တရုတ္နိုင္ငံမွာ ပထမဆံုးမူပိုင္ခြင္႔ရရိွခဲ႔တာျဖစ္တယ္လို႔ တရုတ္နုိင္ငံပိုင္သတင္းဌာနက ၾသဂုတ္ ၁၆ ရက္မွာ ေဖာ္ျပထားပါတယ္။

မူပိုင္ခြင္႔ ခြင္႔ျပဳလိုက္တာကို တရုတ္အမ်ိဳးသားဥာဏမူပိုင္ခြင္႔ဆိုင္ရာ စီမံခန္႔ခြဲမႈအဖြဲ႔က ၾသဂုတ္ ၁၁ ရက္မွာ ထုတ္ျပန္လိုက္တာျဖစ္တယ္လို႔ အဆိုပါသတင္းဌာနက ေဖာ္ျပထားပါတယ္။

CanSino ရဲ႕ ကာကြယ္ေဆးနဲ႔ပတ္သက္ျပီး တတိယအဆင္႔ စမ္းသပ္မႈေတြကို စတင္ရန္စီစဥ္ထားတယ္လို႔ ေဆာ္ဒီအာေရဗ်နိုင္ငံက ယခုလအတြင္းမွာ ေျပာဆိုထားပါတယ္။

CanSino ေဆး၀ါးကုမၸဏီဟာ အဲဒီေဆးရဲ႕ တတိယအဆင္႔ စမ္းသပ္မႈမ်ားျပဳလုပ္ဖို႔္ ရုရွား၊ ဘရာဇီး၊ ခ်ီလီနိုင္ငံတို႔နဲ႔ပါေဆြးေႏြးထားတယ္လို႔ ဆိုပါတယ္။

မူပိုင္ခြင္႔ရရိွသြားတာေၾကာင္႔ ကုမၸဏီရဲ႕ ေဟာင္ေကာင္ရွယ္ယာေတြဟာ ၾသဂုတ္ ၁၇ ရက္မွာ ၁၄ ရာခိုင္နႈန္းျမင္႔တက္ခဲ႔ျပီး ရွန္ဟိုင္းရိွ ရွယ္ယာေတြကေတာ႔ မြန္းလြဲပိုင္းမွာ ၆ ဒသမ ၆ ရာခိုင္နႈန္းျမင္႔တက္ခဲ႔ပါတယ္။

Ref : Reuters
Photo: Reuters
#voiceomyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW