အလုပ်သမား ၉၇ဦးတရားရုံးကို မလာနိုင်တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာဌာနတွေကို အသနားခံစာတင်ထား

အလုပ်သမား ၉၇ဦးတရားရုံးကို မလာနိုင်တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာဌာနတွေကို အသနားခံစာတင်ထား

ရန်ကုန်၊ သြဂုတ် ၁၇-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်တိုင်း၊ ရွှေသံလွင်စက်မူဇုန် ၃ ရှိ Gust Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြတာတွေကြောင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက တရားစွဲဆိုထားတာကို အလုပ်သမား ၉၇ ဦးက တရားရုံးကိုမလာနိုင်တဲ့အတွက် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာနတွေကို အသနားခံစာတင်ထားတယ်လို့ တရားစွဲခံထားရသူ အလုပ်သမားခေါင်းဆောင် ဒေါ်အေးသူဇာက ပြောပါတယ် ။

အခုလို တရားစွဲခံရတာကလည်း လုပ်ခလစာနည်းပါတာကို ဆန္ဒပြတောင်ဆိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ် ။

လက်ရှိမှာတော့ အလုပ်သမား ၉၇ ဦးက တရားရုံးကို လာရောက်မူမရှိနိုင်တာတွေက တရားစွဲဆိုထားမူကို ကြာမြင့်နိုင်ကြောင်း ၊ အလုပ်က ထုတ်ပယ်ခံထားရမူကြောင့် ဘယ်စက်ရုံမှ လက်မခံတဲ့အကြောင်း ၊ စားဝတ်နေရေးနဲ့အဆောင်လစာများလည်း ခက်ခဲနေတာနဲ့ တရားစွဲဆိုထာမူကိုလည်း ရုပ်သိမ်းပေးဖို့ကိုတောင်းဆိုထားပါတယ် မနေ့သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi


ရန်ကုန်၊ သြဂုတ် ၁၇-၂၀၂၀
ယဉ်ပပထွန်း(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW