ရွှေကြောတွေ့တယ်ဆိုတဲ့နေရာမှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ခတ်တာကြောင့် ဖမ်းဆီးခေါ်ဆောင် သတိပေး

ရွှေကြောတွေ့တယ်ဆိုတဲ့နေရာမှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ခတ်တာကြောင့် ဖမ်းဆီးခေါ်ဆောင် သတိပေး

မန္တလေး၊ သြဂုတ် ၁၇-၂၀၂၀
ဖြူဖြူ (VOM)

ရွှေကြောတွေ့တယ်ဆိုတဲ့နေရာမှာ လမ်းလုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ခတ်မှုလုပ်ခဲ့တာကြောင့်ဆိုပြီး သြဂုတ် ၁၆ ရက် ညပိုင်းက အမျိုးသား ၁၀ ဦးကို ခေါ်ယူသတိပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

“လုံခြုံရေးယူထားစဉ် သူတို့ထဲကနေ လေးခွနဲ့ပစ်တော့ ရဲသားတစ်ယောက် ခေါင်းမှာ ဘုထသွားတယ်။ အဲ့အချိန်မှာ ကျနော်တို့အားလုံး ဓာတ်မီးနဲ့ထိုးပြီး သွားတဲ့အချိန်မှာ တချို့လည်း ပြေးကြတယ်၊ တချို့လည်း မိတယ်ပေါ့။ ဒါနဲ့သူတို့ကို တစ်နာရီလောက် မေးမြန်းပြီး ပြန်လွှတ်လိုက်ပါတယ်။”လို့ ချောင်းကြီးရွာအမှတ်၃ရာအိမ်မှူး ဦးညွန့်ဝင်းက ပြောပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာအနီး သုံးထပ်ကွေ့မှာ မန္တလေး -မိုးကုတ်လမ်း တိုးချဲ့ဖို့ မြေသားတောင်ဖြိုစဉ် သြဂုတ် ၁၅ ရက် ညပိုင်းက ရွှေကြောတွေ့တယ်ဆိုပြီး ဒေသခံနဲ့ အနယ်နယ်အရပ်ရပ်က လာရောက်တူးဖော်ရှာဖွေတာတွေ ရှိခဲ့တာပါ။

ရွှေကြောလို့ ပြောဆိုနေမှုတွေဟာ ကောလဟလဖြစ်တဲ့အပြင် လမ်းလုပ်ငန်းဧရိယာလည်း ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ယာဉ်အန္တရယ်နဲ့ တုတ်၊ ဓား၊ လက်နက်ထိခိုက်မှုတွေ မဖြစ်အောင် အဲဒီနေရာကို ရှာဖွေတူးဖော်မှုတွေ တားမြစ်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လုံခြုံရေးယူထားစဉ် လေးခွနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တာလို့ ချောင်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစန်းက ပြောပါတယ်။

ကိုမင်းသူကတော့ ဖမ်းဆီးခေါ်ဆောင်နေတာတွေကြောင့် လူလွတ်ရုန်းထွက်ပြေးခဲ့ပေမယ့် ဆိုင်ကယ်ကတော့ သိမ်းဆည်းခံခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ လေးခွနဲ့လည်း မပစ်ပါဘူး။ ပစ်တာတွေလည်းရှိရင်ရှိမှာပေါ့။ ကျနော်လည်း ခေါ်နေတာတွေမြင်တော့ ပြေးတော့တာပဲ။ အဲ့ဒါနဲ့ ကျနော့်ဆိုင်ကယ်လေး ပါသွားတော့ အခုပြန်လာရွေးတာ။ ကျနော်တို့တူးနေတာကလည်း သူတို့တားထားတဲ့နေရာမှာ မဟုတ်ပါဘူး။ လာတူးတဲ့သူတွေကလည်း ဖားကန့်လိုမျိုးပြောရင် စွန့်ပစ်မြေပုံထဲ ရှာတာပေါ့။”လို့ သြဂုတ် ၁၇ ရက်မနက် ချောင်းကြီးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဆိုင်ကယ်လာထုတ်စဉ် ကိုမင်းသူ ပြောပြတာပါ။

သြဂုတ် ၁၆ ရက်ကစပြီး တူးဖော်မှုတွေဆက်မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် တားမြစ်ထားတဲ့ တောင်ကြောဘက်မှာမဟုတ်ဘဲ လမ်းရဲ့တစ်ဖက်ခြမ်းက မြေစာတွေထဲမှာတော့ ရှာဖွေမှုတွေ လုပ်နေခဲ့ကြတာပါ။ သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာတော့ ရှာဖွေတူးဖော်တာတွေ မတွေ့ခဲ့ရပါဘူး။

သပိတ်ကျင်းမြို့နယ်ဟာ ရွှေထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ဒေသခံတွေဟာလည်း ရွှေတူးဖော်မှုလုပ်ငန်းကို အဓိကအမှီပြု လုပ်ကိုင်ကြတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ေ႐ႊေၾကာေတြ႕တယ္ဆိုတဲ့ေနရာမွာ လမ္းလုံၿခဳံေရး ေဆာင္႐ြက္ေနတဲ့ရဲတပ္ဖြဲ႔ဝင္ေတြကို ေလးခြနဲ႔ပစ္ခတ္တာေၾကာင့္ ဖမ္းဆီးေခၚေဆာင္ သတိေပး

မႏၲေလး၊ ၾသဂုတ္ ၁၇-၂၀၂၀
ျဖဴျဖဴ (VOM)

ေ႐ႊေၾကာေတြ႕တယ္ဆိုတဲ့ေနရာမွာ လမ္းလုံၿခဳံေရးယူေနတဲ့ တပ္ဖြဲ႕ဝင္ေတြကို ေလးခြနဲ႔ပစ္ခတ္မႈလုပ္ခဲ့တာေၾကာင့္ဆိုၿပီး ၾသဂုတ္ ၁၆ ရက္ ညပိုင္းက အမ်ိဳးသား ၁၀ ဦးကို ေခၚယူသတိေပးတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

“လုံၿခဳံေရးယူထားစဥ္ သူတို႔ထဲကေန ေလးခြနဲ႔ပစ္ေတာ့ ရဲသားတစ္ေယာက္ ေခါင္းမွာ ဘုထသြားတယ္။ အဲ့အခ်ိန္မွာ က်ေနာ္တို႔အားလုံး ဓာတ္မီးနဲ႔ထိုးၿပီး သြားတဲ့အခ်ိန္မွာ တခ်ိဳ႕လည္း ေျပးၾကတယ္၊ တခ်ိဳ႕လည္း မိတယ္ေပါ့။ ဒါနဲ႔သူတို႔ကို တစ္နာရီေလာက္ ေမးျမန္းၿပီး ျပန္လႊတ္လိုက္ပါတယ္။”လို႔ ေခ်ာင္းႀကီး႐ြာအမွတ္၃ရာအိမ္မႉး ဦးၫြန႔္ဝင္းက ေျပာပါတယ္။

မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္၊ ေခ်ာင္းႀကီး႐ြာအနီး သုံးထပ္ေကြ႕မွာ မႏၲေလး -မိုးကုတ္လမ္း တိုးခ်ဲ႕ဖို႔ ေျမသားေတာင္ၿဖိဳစဥ္ ၾသဂုတ္ ၁၅ ရက္ ညပိုင္းက ေ႐ႊေၾကာေတြ႕တယ္ဆိုၿပီး ေဒသခံနဲ႔ အနယ္နယ္အရပ္ရပ္က လာေရာက္တူးေဖာ္ရွာေဖြတာေတြ ရွိခဲ့တာပါ။

ေ႐ႊေၾကာလို႔ ေျပာဆိုေနမႈေတြဟာ ေကာလဟလျဖစ္တဲ့အျပင္ လမ္းလုပ္ငန္းဧရိယာလည္း ျဖစ္တဲ့အတြက္ မလိုလားအပ္တဲ့ ယာဥ္အႏၲရယ္နဲ႔ တုတ္၊ ဓား၊ လက္နက္ထိခိုက္မႈေတြ မျဖစ္ေအာင္ အဲဒီေနရာကို ရွာေဖြတူးေဖာ္မႈေတြ တားျမစ္ထားၿပီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕နဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက လုံၿခဳံေရးယူထားစဥ္ ေလးခြနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့တာလို႔ ေခ်ာင္းႀကီး႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဖိုးစန္းက ေျပာပါတယ္။

ကိုမင္းသူကေတာ့ ဖမ္းဆီးေခၚေဆာင္ေနတာေတြေၾကာင့္ လူလြတ္႐ုန္းထြက္ေျပးခဲ့ေပမယ့္ ဆိုင္ကယ္ကေတာ့ သိမ္းဆည္းခံခဲ့ရတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ေလးခြနဲ႔လည္း မပစ္ပါဘူး။ ပစ္တာေတြလည္းရွိရင္ရွိမွာေပါ့။ က်ေနာ္လည္း ေခၚေနတာေတြျမင္ေတာ့ ေျပးေတာ့တာပဲ။ အဲ့ဒါနဲ႔ က်ေနာ့္ဆိုင္ကယ္ေလး ပါသြားေတာ့ အခုျပန္လာေ႐ြးတာ။ က်ေနာ္တို႔တူးေနတာကလည္း သူတို႔တားထားတဲ့ေနရာမွာ မဟုတ္ပါဘူး။ လာတူးတဲ့သူေတြကလည္း ဖားကန႔္လိုမ်ိဳးေျပာရင္ စြန႔္ပစ္ေျမပုံထဲ ရွာတာေပါ့။”လို႔ ၾသဂုတ္ ၁၇ ရက္မနက္ ေခ်ာင္းႀကီး႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ဆိုင္ကယ္လာထုတ္စဥ္ ကိုမင္းသူ ေျပာျပတာပါ။

ၾသဂုတ္ ၁၆ ရက္ကစၿပီး တူးေဖာ္မႈေတြဆက္မလုပ္ဖို႔ တားျမစ္ခဲ့ေပမယ့္ တားျမစ္ထားတဲ့ ေတာင္ေၾကာဘက္မွာမဟုတ္ဘဲ လမ္းရဲ႕တစ္ဖက္ျခမ္းက ေျမစာေတြထဲမွာေတာ့ ရွာေဖြမႈေတြ လုပ္ေနခဲ့ၾကတာပါ။ ၾသဂုတ္ ၁၇ ရက္ မနက္ပိုင္းမွာေတာ့ ရွာေဖြတူးေဖာ္တာေတြ မေတြ႕ခဲ့ရပါဘူး။

သပိတ္က်င္းၿမိဳ႕နယ္ဟာ ေ႐ႊထြက္ရွိရာ ေဒသတစ္ခုျဖစ္ၿပီး ေဒသခံေတြဟာလည္း ေ႐ႊတူးေဖာ္မႈလုပ္ငန္းကို အဓိကအမွီျပဳ လုပ္ကိုင္ၾကတာလို႔ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW