ပြည်ပခရီးသွားမှုမရှိဘဲ ကိုဗစ် ၁၉ ရောဂါပိုးတွေ့တဲ့လူနာနဲ့ ဆက်စပ်သူ ၁၉ ဦးကို ကွာရန်တင်းပြုလုပ်ထားရ

ပြည်ပခရီးသွားမှုမရှိဘဲ ကိုဗစ် ၁၉ ရောဂါပိုးတွေ့တဲ့လူနာနဲ့ ဆက်စပ်သူ ၁၉ ဦးကို ကွာရန်တင်းပြုလုပ်ထားရ

စစ်တွေ၊ ဩဂုတ် ၁၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မှာ မနေ့ သြဂုတ် ၁၆ရက်နေ့က တွေ့ရှိတဲ့ ကိုဗစ်ပိုးတွေ့လူနာဟာ စစ်တွေမြို့ပေါ်ကဖြစ်ပြီး ဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်ကြောင်းနဲ့ သူဟာ အခြားပြည်ပနိုင်ငံတွေကိုသွားရောက်တဲ့ ရာဇဝင်မရှိသူတစ်ဦးဖြစ်ပေမယ့် ပြည်တွင်းခရီးသွားလာမှုတွေတော့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က စစ်တွေကနေ ကျောက်ဖြူကို ခရီသွားခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာ စစ်တွေကို ရောက်ရှိကြောင်းနဲ့ အဲဒီ ရောက်ရှိတဲ့နေ့မှာပဲ ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကို ဘုရားဖူးသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။

” လူနာအမှတ်က (၃၇၅) ပါ။ ဟုတ်တယ်သူက စစ်တွေမြို့ပေါ်ကပဲ။ ဘဏ်ဝန်ထမ်းပေါ့နော်။ သူက ရှေ့လ ၃၁ ရက်နေ့က ကျောက်ဖြူကို သွားတယ်။ ဒီလ ၃ ရက်နေ့ စစ်တွေကို ပြန်ရောက်တယ်။ စစ်တွေကို ရောက်တော့ ပုဏ္ဏားကျွန်းကို ဘုရားသွားဖူးတော့ နောက်တစ်နေ့ ၄ ရက်နေ့မှာပဲ အဲလိုဖြစ်တာ။” လို ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုဝင်းပိုင်ကပြောပါတယ်။

လက်ရှိမှာ အဲ့ဒီအမျိုးသမီးရဲ့အိမ်မှာ မိသားစုနဲ့ အခြားအိမ်ငှားနေထိုင်သူတွေအပါအဝင် မိသားစု (၁၉) ယောက်ရှိပြီး သူတို့အားလုံးကို Quarantine ထားကြောင်းနဲ့ တို့ဖက်နမူနာယူထားတယ်လို့ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အဲဒီ ကိုဗစ် ၁၉ အတည်ပြုလူနာရဲ့ နေအိမ်က Home Quarantine ဝင်နေသူတစ်ဦးပြောပြတာကတော့” အိမ်မှာ Quarantine ဝင်နေရတာပေါ့။ အပြင်ကို ထွက်လို့မရဘူး။ Quarantine အနည်းဆုံးတော့ ၂၁ ရက်လောက် ဝင်ရမယ်ထင်ပါတယ်။ အခုလည်း ကျန်မာရေးကလူတွေ တို့ဖက်နမူနာတွေယူနေတယ်။ လူနာအခြေအနေကလည်း သက်သက်သာသာ ရှိပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတချို့ သက်ဆိုင်ရာဆေးရုံတွေက ဆင်းခွင့်ရနေပြီး တစ်ဖက်မှာလည်း ကိုဗစ် ၁၉ အတည်ပြုလူနာတစ်ဦး ထပ်မံ တွေ့ရှိတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ျပည္ပခရီးသြားမႈမရွိဘဲ ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕တဲ့လူနာနဲ႔ ဆက္စပ္သူ ၁၉ ဦးကို ကြာရန္တင္းျပဳလုပ္ထားရ

စစ္ေတြ၊ ဩဂုတ္ ၁၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္မွာ မေန႔ ၾသဂုတ္ ၁၆ရက္ေန႔က ေတြ႕ရွိတဲ့ ကိုဗစ္ပိုးေတြ႕လူနာဟာ စစ္ေတြၿမိဳ႕ေပၚကျဖစ္ၿပီး ဘဏ္ဝန္ထမ္းအမ်ိဳးသမီးျဖစ္ေၾကာင္းနဲ႔ သူဟာ အျခားျပည္ပႏိုင္ငံေတြကိုသြားေရာက္တဲ့ ရာဇဝင္မရွိသူတစ္ဦးျဖစ္ေပမယ့္ ျပည္တြင္းခရီးသြားလာမႈေတြေတာ့ရွိတယ္လို႔ သိရပါတယ္။

အဲ့ဒီ အမ်ိဳးသမီးဟာ လြန္ခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔က စစ္ေတြကေန ေက်ာက္ျဖဴကို ခရီသြားခဲ့ၿပီး ဩဂုတ္ ၃ ရက္ေန႔မွာ စစ္ေတြကို ေရာက္ရွိေၾကာင္းနဲ႔ အဲဒီ ေရာက္ရွိတဲ့ေန႔မွာပဲ ပုဏၰားကြၽန္းၿမိဳ႕နယ္ဖက္ကို ဘုရားဖူးသြားခဲ့တယ္လို႔ ရခိုင္ျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေျပာပါတယ္။

” လူနာအမွတ္က (၃၇၅) ပါ။ ဟုတ္တယ္သူက စစ္ေတြၿမိဳ႕ေပၚကပဲ။ ဘဏ္ဝန္ထမ္းေပါ့ေနာ္။ သူက ေရွ႕လ ၃၁ ရက္ေန႔က ေက်ာက္ျဖဴကို သြားတယ္။ ဒီလ ၃ ရက္ေန႔ စစ္ေတြကို ျပန္ေရာက္တယ္။ စစ္ေတြကို ေရာက္ေတာ့ ပုဏၰားကြၽန္းကို ဘုရားသြားဖူးေတာ့ ေနာက္တစ္ေန႔ ၄ ရက္ေန႔မွာပဲ အဲလိုျဖစ္တာ။” လို ရခိုင္ျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုဝင္းပိုင္ကေျပာပါတယ္။

လက္ရွိမွာ အဲ့ဒီအမ်ိဳးသမီးရဲ႕အိမ္မွာ မိသားစုနဲ႔ အျခားအိမ္ငွားေနထိုင္သူေတြအပါအဝင္ မိသားစု (၁၉) ေယာက္ရွိၿပီး သူတို႔အားလုံးကို Quarantine ထားေၾကာင္းနဲ႔ တို႔ဖက္နမူနာယူထားတယ္လို႔ ျပည္နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

အဲဒီ ကိုဗစ္ ၁၉ အတည္ျပဳလူနာရဲ႕ ေနအိမ္က Home Quarantine ဝင္ေနသူတစ္ဦးေျပာျပတာကေတာ့” အိမ္မွာ Quarantine ဝင္ေနရတာေပါ့။ အျပင္ကို ထြက္လို႔မရဘူး။ Quarantine အနည္းဆုံးေတာ့ ၂၁ ရက္ေလာက္ ဝင္ရမယ္ထင္ပါတယ္။ အခုလည္း က်န္မာေရးကလူေတြ တို႔ဖက္နမူနာေတြယူေနတယ္။ လူနာအေျခအေနကလည္း သက္သက္သာသာ ရွိပါတယ္။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာတခ်ိဳ႕ သက္ဆိုင္ရာေဆး႐ုံေတြက ဆင္းခြင့္ရေနၿပီး တစ္ဖက္မွာလည္း ကိုဗစ္ ၁၉ အတည္ျပဳလူနာတစ္ဦး ထပ္မံ ေတြ႕ရွိတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW