အိမ်သုံးမီတာတွေကို ၅ လတိတိ တစ်လ ယူနစ် ၁၅၀ ထပ်မံကင်းလွတ်ခွင့်ပြု

အိမ်သုံးမီတာတွေကို ၅ လတိတိ တစ်လ ယူနစ် ၁၅၀ ထပ်မံကင်းလွတ်ခွင့်ပြု

နေပြည်တော်၊ဩဂုတ် ၁၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ကိုဗစ်ကာလဖြစ်ပွားနေချိန် မေလခန့်က စတင်ပြီး အိမ်သုံးလျှပ်စစ်မီတာခကို ကျသင့်ယူနစ်ထက် ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုခဲ့တဲ့အပြင် ဩဂုတ်လ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၅ လတိုင် ထပ်မံကင်းလွတ်ခွင့်ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ပေးခဲ့တာကိုလည်း ဇူလိုင်လ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့စာ ၇၅ ယူနစ်ကင်းလွတ်ခွင့်ပေးမှာဖြစ်ပြီး ဩဂုတ် ၁ ရက် နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိကိုလည်း တစ်လ ယူနစ် ၁၅၀ ပေးဆောင်ရန်မလိုအပ်ဘူးလို့ သိရပါတယ်။

“မီတာခလျော့ပေးတာက ကောင်းပါတယ်။ ဘယ်ကတက်မှန်းမသိတဲ့ယူနစ်တွေ တိုးမလာဖို့အရေးကြီးတယ်”လို့ ပဲခူးဒေသခံ ကိုသန်းမင်းစိုးက‌ ဝေဖန်ပြောဆိုပါတယ်။

COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်‌ ဗဟိုကော်မတီက ဩဂုတ်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာကို ဩဂုတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင်က်လြိုပီးနောက်မှာ အခုလို အိမ်သုံးလျှပ်စစ်မီတာခတွေကို တစ်လ ယူနစ် ၁၅၀ အထိ လျော့ချမယ့် အစီအမံ ၅လတိုင် တိုးမြင့်ခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန် ဧပြီလ မှစတင်ကာ အိမ်သုံးလျှပ်စစ်မီတာတွေကို တစ်လချင်းသုံးစွဲတဲ့ ယူနစ်အရေတွက် မှ ယူနစ် ၁၅၀ ထိ(ကျပ် ၁၁၅၀၀)ကင်းလွတ်ခွင့်ပြု‌ခဲ့ပေမယ့်လည်း ကနဦး မီတာခတွေကို ရုတ်တရက် မြင့်တက်သွားတာကြောင့် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။

ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ၃၇၉ ဦးထိ ရှိလာပြီး သေဆုံးသူ ၆ ဦးရှိခဲ့တဲ့အနက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးဟာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒုတိယလှိုင်းဖြစ်ပွားမှာကိုစိုးရိမ်တယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။

ထုတ်ပြန်ချက်အရ ယူနစ် ၁၅၀ နဲ့အထက် သုံးစွဲမှုတွေဟာ သတ်မှတ်နူန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး အထူးကိစ္စတစ်ရပ်အနေနဲ့ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အိမ်သုံးမဟုတ်တဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေအုပ်စုမှ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများအားလုံးဟာ အရင်ကသက်မှတ်နူန်းထားအတိုင်း ပေးဆောင်ရမယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အိမ္သုံးမီတာေတြကို ၅ လတိတိ တစ္လ ယူနစ္ ၁၅၀ ထပ္မံကင္းလြတ္ခြင့္ျပဳ

ေနျပည္ေတာ္၊ဩဂုတ္ ၁၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကိုဗစ္ကာလျဖစ္ပြားေနခ်ိန္ ေမလခန႔္က စတင္ၿပီး အိမ္သုံးလွ်ပ္စစ္မီတာခကို က်သင့္ယူနစ္ထက္ ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ျပဳခဲ့တဲ့အျပင္ ဩဂုတ္လ ၁ ရက္ေန႔ကေန ဒီဇင္ဘာလ ၃၁ ရက္ေန႔ထိ ၅ လတိုင္ ထပ္မံကင္းလြတ္ခြင့္ေပးသြားမွာျဖစ္တယ္လုိ႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ဩဂုတ္ ၁၈ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္မွာ ဇူလိုင္လ ၁ ရက္ေန႔မွ ၁၅ ရက္ေန႔ထိ ၇၅ ယူနစ္သာ ကင္းလြတ္ခြင့္ေပးခဲ့တာကိုလည္း ဇူလိုင္လ ၁၆ ရက္ေန႔ကေန ၃၁ ရက္ေန႔စာ ၇၅ ယူနစ္ကင္းလြတ္ခြင့္ေပးမွာျဖစ္ၿပီး ဩဂုတ္ ၁ ရက္ ေန႔မွ ဒီဇင္ဘာ ၃၁ ရက္ေန႔ထိကိုလည္း တစ္လ ယူနစ္ ၁၅၀ ေပးေဆာင္ရန္မလိုအပ္ဘူးလို႔ သိရပါတယ္။

“မီတာခေလ်ာ့ေပးတာက ေကာင္းပါတယ္။ ဘယ္ကတက္မွန္းမသိတဲ့ယူနစ္ေတြ တိုးမလာဖို႔အေရးႀကီးတယ္”လို႔ ပဲခူးေဒသခံ ကိုသန္းမင္းစိုးက‌ ေဝဖန္ေျပာဆိုပါတယ္။

COVID -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္‌ ဗဟိုေကာ္မတီက ဩဂုတ္လ ၁၅ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့ အမိန႔္ေၾကညာစာကို ဩဂုတ္လ ၃၁ ရက္ေန႔အထိ ထပ္မံတိုးျမႇင္က္ၿလိုပီးေနာက္မွာ အခုလို အိမ္သံုးလွ်ပ္စစ္မီတာခေတြကို တစ္လ ယူနစ္ ၁၅၀ အထိ ေလ်ာ့ခ်မယ့္ အစီအမံ ၅လတိုင္ တိုးျမင့္ခဲ့တာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ကာကြယ္ကုသေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ခ်ိန္ ဧၿပီလ မွစတင္ကာ အိမ္သုံးလွ်ပ္စစ္မီတာေတြကို တစ္လခ်င္းသုံးစြဲတဲ့ ယူနစ္အေရတြက္ မွ ယူနစ္ ၁၅၀ ထိ(က်ပ္ ၁၁၅၀၀)ကင္းလြတ္ခြင့္ျပဳ‌ခဲ့ေပမယ့္လည္း ကနဦး မီတာခေတြကို ႐ုတ္တရက္ ျမင့္တက္သြားတာေၾကာင့္ ေဝဖန္မႈေတြထြက္ေပၚခဲ့ပါတယ္။

ျပည္တြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးစစ္ေဆးေတြ႕ရွိသူ ၃၇၉ ဦးထိ ရွိလာၿပီး ေသဆုံးသူ ၆ ဦးရွိခဲ့တဲ့အနက္ ရခုိင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္ ပုဂၢလိကဘဏ္ဝန္ထမ္းတစ္ဦးဟာ ျပည္ပခရီးသြားရာဇဝင္မရွိတဲ့အတြက္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒုတိယလႈိင္းျဖစ္ပြားမွာကိုစိုးရိမ္တယ္လို႔ သတိေပးခ်က္ထုတ္ျပန္ခဲ့ရပါတယ္။

ထုတ္ျပန္ခ်က္အရ ယူနစ္ ၁၅၀ နဲ႔အထက္ သုံးစြဲမႈေတြဟာ သတ္မွတ္ႏူန္းထားအတိုင္း ေပးေဆာင္ရမွာျဖစ္ၿပီး အထူးကိစၥတစ္ရပ္အေနနဲ႔ ကင္းလြတ္ခြင့္ျပဳခဲ့တဲ့ အိမ္သုံးမဟုတ္တဲ့ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းေတြအုပ္စုမွ ျပည္တြင္းလူမႈေရးအဖြဲ႔အစည္းမ်ားမွအပ က်န္သုံးစြဲသူမ်ားအားလုံးဟာ အရင္ကသက္မွတ္ႏူန္းထားအတိုင္း ေပးေဆာင္ရမယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW