ရခိုင်ပြည်နယ်စတဲ့ ကိုဗစ် ဒုတိယလှိုင်းအတွက် ကန့်သတ်ချက်တွေထုတ်ပြန်

ရခိုင်ပြည်နယ်စတဲ့ ကိုဗစ် ဒုတိယလှိုင်းအတွက် ကန့်သတ်ချက်တွေထုတ်ပြန်

မန္တလေး၊ ဩဂုတ် ၂၁-၂၀၂၀
မှူးသခင် (VOM)

ရခိုင်ပြည်နယ်မှာ ဒီကနေ့မနက်ပိုင်းအချိန်ထိ ကိုဗစ် ရောဂါပိုးတွေ့ရှိသူဦးရေ ၂၀ကျော်ထိ တွေ့ရှိလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနကနေ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မိမိတို့အိမ်မှာသာနေကြဖို့ မနေ့ သြဂုတ်လ၂၀ရက်နေ့ ညပိုင်းက အသိပေးချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကလည်း ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီအမိန့်ဟာ စတင်ထုတ်ပြန်တဲ့နေ့ကစတင်ကာ ၂လအတွင်း အကျုံးဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

တားမြစ်ချက်ထုတ်ပြန်သတ်မှတ်ထားတဲ့မြို့တွေကနေ တခြားမြို့တွေကိုသွားရောက်မယ်‌ ဆိုရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ ကွာရန်တင်း ၁၄ရက်ထားရှိပြီး ဓာတ်ခွဲနမူနာ ၂ကြိမ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ ရောဂါပိုးမတွေ့ရှိပါက Home Quarintine ၇ ရက်ဆက်လက်နေထိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အရေးကြီးလာရောက်ဖို့ရှိတဲ့ နိုင်ငံခြားသားတွေရှိရင်လည်း ရခိုင်ပြည်နယ်မှာ ၂လနေထိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျောင်းတွေနဲ့ တရားဝင်ဖွင့်ခွင့်မရသေးတဲ့ ကျောင်းတွေကိုလည်း ရောဂါကူးစက်မှုမရှိစေဖို့အတွက် ယာယီပိတ်ထားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဒီကနေ့မနက်ပိုင်း နေပြည်တော်မှာပြုလုပ်တဲ့ မဏ္ဍိုင် ၄ရပ် တွေ့ဆုံပွဲ ခေတ္တနားချိန်မှာ သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ရခိုင္ျပည္နယ္စတဲ့ ကိုဗစ္ ဒုတိယလိႈင္းအတြက္ ကန္႔သတ္ခ်က္ေတြထုတ္ျပန္

မႏၲေလး၊ ဩဂုတ္ ၂၁-၂၀၂၀
မႉးသခင္ (VOM)

ရခိုင္ျပည္နယ္မွာ ဒီကေန႔မနက္ပိုင္းအခ်ိန္ထိ ကိုဗစ္ ေရာဂါပိုးေတြ႕ရွိသူဦးေရ ၂၀ေက်ာ္ထိ ေတြ႕ရွိလာတဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနကေန ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ မိမိတို႔အိမ္မွာသာေနၾကဖို႔ မေန႔ ၾသဂုတ္လ၂၀ရက္ေန႔ ညပိုင္းက အသိေပးခ်က္ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီကေန႔မနက္ပိုင္းကလည္း ညမထြက္ရအမိန႔္ကို ထပ္မံထုတ္ျပန္လိုက္တာျဖစ္ၿပီး အဲ့ဒီအမိန႔္ဟာ စတင္ထုတ္ျပန္တဲ့ေန႔ကစတင္ကာ ၂လအတြင္း အက်ဳံးဝင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

တားျမစ္ခ်က္ထုတ္ျပန္သတ္မွတ္ထားတဲ့ၿမိဳ႕ေတြကေန တျခားၿမိဳ႕ေတြကိုသြားေရာက္မယ္‌ ဆိုရင္လည္း သက္ဆိုင္ရာတိုင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ႀကီးၾကပ္မႈေအာက္မွာ ကြာရန္တင္း ၁၄ရက္ထားရွိၿပီး ဓာတ္ခြဲနမူနာ ၂ႀကိမ္စစ္ေဆးသြားမွာျဖစ္ပါတယ္။ ေရာဂါပိုးမေတြ႕ရွိပါက Home Quarintine ၇ ရက္ဆက္လက္ေနထိုင္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ႏိုင္ငံေတာ္အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ဌာနဆိုင္ရာလုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔နဲ႔ အေရးႀကီးလာေရာက္ဖို႔ရွိတဲ့ ႏိုင္ငံျခားသားေတြရွိရင္လည္း ရခိုင္ျပည္နယ္မွာ ၂လေနထိုင္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္းက ေက်ာင္းေတြနဲ႔ တရားဝင္ဖြင့္ခြင့္မရေသးတဲ့ ေက်ာင္းေတြကိုလည္း ေရာဂါကူးစက္မႈမရွိေစဖို႔အတြက္ ယာယီပိတ္ထားမွာျဖစ္တယ္လို႔ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ဒီကေန႔မနက္ပိုင္း ေနျပည္ေတာ္မွာျပဳလုပ္တဲ့ မ႑ိဳင္ ၄ရပ္ ေတြ႕ဆုံပြဲ ေခတၱနားခ်ိန္မွာ သတင္းမီဒီယာေတြကို ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW