ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ်

ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ် နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ အခုလ တတိယပတ်ခန့်ကစတင်ပြီး Covid-19 ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ရခိုင်နယ်စပ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့တွင်းကို ကုန်တင်ယာဉ်နဲ့ ယာဉ်မောင်း‌တွေပေးမဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ “ရခိုင်ဘက်ကနေဝင်လာတဲ့ ကုန်တင်ကားကြီးတွေနဲ့ ယာဉ်မောင်းတွေကို မြို့တွင်းဝင်ခွင့်ပိတ်မယ်။ ‌နောက်ပြီးရောဂါဖြစ်ပွားရာဒေသကလာသူအကုန်လုံး ကွာရန်တင်း၂၁ ရက်ဝင်ရမယ်။ အခုပဲ အစည်းအဝေး ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ဦးကျော်ဇေယျကပြောပါတယ်။ ကိုဗစ်ကာလ ပထမလှိုင်းသုံးလကျော်ခန့်က ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့၊ နဝဒေးတံတားမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ရပ်နားထားခဲ့ တာ တစ်လ‌ကျော်ရှိပြီဖြစ်တယ်လို့ ပြည်မြို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ “နဝဒေးတံတားဂိတ်မှာ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေနဲ့လာတဲ့သူတိုင်းကို ကျန်းမာရေးစစ်ဆေးတာမျိုး ပြန်ပြီးလုပ်မယ်။ အဓိက ရခိုင်ဝင်ပေါက်ကို…

Read More

ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ်

ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ် နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ အခုလ တတိယပတ်ခန့်ကစတင်ပြီး Covid-19 ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ရခိုင်နယ်စပ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့တွင်းကို ကုန်တင်ယာဉ်နဲ့ ယာဉ်မောင်း‌တွေပေးမဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ “ရခိုင်ဘက်ကနေဝင်လာတဲ့ ကုန်တင်ကားကြီးတွေနဲ့ ယာဉ်မောင်းတွေကို မြို့တွင်းဝင်ခွင့်ပိတ်မယ်။ ‌နောက်ပြီးရောဂါဖြစ်ပွားရာဒေသကလာသူအကုန်လုံး ကွာရန်တင်း၂၁ ရက်ဝင်ရမယ်။ အခုပဲ အစည်းအဝေး ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ဦးကျော်ဇေယျကပြောပါတယ်။ ကိုဗစ်ကာလ ပထမလှိုင်းသုံးလကျော်ခန့်က ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့၊ နဝဒေးတံတားမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ရပ်နားထားခဲ့ တာ တစ်လ‌ကျော်ရှိပြီဖြစ်တယ်လို့ ပြည်မြို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ “နဝဒေးတံတားဂိတ်မှာ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေနဲ့လာတဲ့သူတိုင်းကို ကျန်းမာရေးစစ်ဆေးတာမျိုး ပြန်ပြီးလုပ်မယ်။ အဓိက ရခိုင်ဝင်ပေါက်ကို…

Read More

ရခိုင်ပြည်နယ်စတဲ့ ကိုဗစ် ဒုတိယလှိုင်းအတွက် ကန့်သတ်ချက်တွေထုတ်ပြန်

ရခိုင်ပြည်နယ်စတဲ့ ကိုဗစ် ဒုတိယလှိုင်းအတွက် ကန့်သတ်ချက်တွေထုတ်ပြန် မန္တလေး၊ ဩဂုတ် ၂၁-၂၀၂၀ မှူးသခင် (VOM) ရခိုင်ပြည်နယ်မှာ ဒီကနေ့မနက်ပိုင်းအချိန်ထိ ကိုဗစ် ရောဂါပိုးတွေ့ရှိသူဦးရေ ၂၀ကျော်ထိ တွေ့ရှိလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနကနေ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မိမိတို့အိမ်မှာသာနေကြဖို့ မနေ့ သြဂုတ်လ၂၀ရက်နေ့ ညပိုင်းက အသိပေးချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကလည်း ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီအမိန့်ဟာ စတင်ထုတ်ပြန်တဲ့နေ့ကစတင်ကာ ၂လအတွင်း အကျုံးဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ တားမြစ်ချက်ထုတ်ပြန်သတ်မှတ်ထားတဲ့မြို့တွေကနေ တခြားမြို့တွေကိုသွားရောက်မယ်‌ ဆိုရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ ကွာရန်တင်း ၁၄ရက်ထားရှိပြီး ဓာတ်ခွဲနမူနာ ၂ကြိမ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ ရောဂါပိုးမတွေ့ရှိပါက Home Quarintine ၇ ရက်ဆက်လက်နေထိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အရေးကြီးလာရောက်ဖို့ရှိတဲ့ နိုင်ငံခြားသားတွေရှိရင်လည်း ရခိုင်ပြည်နယ်မှာ ၂လနေထိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ကျောင်းတွေနဲ့…

Read More

သတင်းစီးဆင်းမှုမြန်ဆန်ဖို့အတွက် တပ်မတော်ကလုပ်ဆောင်နေ

သတင်းစီးဆင်းမှုမြန်ဆန်ဖို့အတွက် တပ်မတော်ကလုပ်ဆောင်နေ နေပြည်တော်၊ သြဂုတ် ၂၁-၂၀၂၀ ကိုထွန်း(VOM) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ ဇွန်လ ၇ ရက်နေ့ကနေ Facebook Pageတစ်ခု၊ ဝက်စ်ဆိုဒ် တစ်ခုထောင်ပြီး ဒီကနေ့အချိန်ထိ ပြည်သူတွေသိသင့်သိထိုက်တဲ့ သတင်းပေါင်း၂၁၃ ပုဒ်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချူပ်ရဲရင့်အောင်က ဒီကနေ့ ပြန်ကြားရေးဝန်ကြီးရုံးမှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၂၀၂၀ ပြည့်နှစ်မီဒီယာနှင့်တွေ့ဆုံမှုအနေနဲ့ ဇွန်လ ၂၄ ရက်နေ့ကရုရှားနိုင်ငံမှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားမှာတက်ရောက်ပြီး ရုရှားမီဒီယာအဖွဲတွေနဲ့ တွေဆုံခဲ့ပါတယ်၊ တပ်မတော်ကိစ္စ၊ နိုင်ငံတော်ကိစ္စသိလိုသည်များကိုမေးမြန်း၍ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်၊ တပ်မတော်နဲ့မီဒီယာကောင်စီတွေ့ဆုံမှုကတော့ ၂၀၁၄ ခုနှစ်မှ၂၀၁၆ ခုနှစ်ထိစုစုပေါင်း ၅ ကြိမ်တွေ့ဆုံခဲ့ပါတယ်”လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။ တပ်မတော်နဲ့မီဒီယာကောင်စီကြားမှာ သတင်းစီးဆင်းမှုမှန်ကန်မြန်ဆန်စေဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ စတင်ခဲ့ပြီး တပ်မတော်ကနေ ဗိုလ်ချုပ်စိုးနိုင်ဦးက ဆွေးနွေးခဲ့သလို ကောင်စီဥက္ကဌတို့နဲ့ စုစုပေါင်း ၆ ကြိမ်ဆွေးနွေးနိုင်ခဲ့တယ်လို့ပြောပါတယ်။ တပ်မတော်အနေနဲ့သတင်းစာရှင်းလင်းပွဲတွေကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)တို့ကဦးဆောင်ပြီး စုစုပေါင်း…

Read More

ပုဒ်မ-၁၄၄ ထုတ်ထားတဲ့ စားကျက်မြေမှာ သီးနှံတွေစိုက်ပျိုးခွင့်ပြု

ပုဒ်မ-၁၄၄ ထုတ်ထားတဲ့ စားကျက်မြေမှာ သီးနှံတွေစိုက်ပျိုးခွင့်ပြု ရန်ကုန်၊ သြဂုတ် ၂၁-၂၀၂၀ သိဂီ ၤ(VOM) ပဲခူးတိုင်းအတွင်း ပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့ စားကျက်နယ်မြေမှာ သီးနှံစိုက်ပျိုးတာရှိပါက စုံစမ်းစစ်ဆေးပြီး စိုက်ပျိုးခွင့်ပြုတဲ့သူကို အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ကအစ အရေးယူသွားမယ် လို့ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းကပြောဆိုလိုက်ပါတယ်။ အဲ့ဒီနယ်မြေတွေမှာ ဘယ်လိုသီးနှံမျိုးကိုမှ စိုက်ပျိုးခွင့်မရှိကြောင်း၊ စိုက်ပျိုးခြင်းဟာ တရားမဝင်ဘူးလို့သိရပြီး ပြည်သူတွေအနေနဲ့ ၁၄၄ ထုတ်ပြန်ထားတဲ့ စားကျက်မြေပေါ်မှာ သီးနှံတွေစိုက်ပျိုးထားတာရှိရင် မြို့နယ် ၊ နေရာ အတိအကျနဲ့တကွ စာတင်တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။ ဖြေလျှော့မှုတစ်ခုအနေနဲ့ကတော့ ၁၄၄ မထုတ်ပြန်ခင်မှာ စိုက်ပျိုးထားတဲ့ စားကျက်မြေထဲက သီးနှံတွေအတွက်ကိုတော့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး ရိတ်သိမ်းခွင့်ပြုပေးသွားမယ်လို့လည်း သိရပါတယ်။ “ ၁၄၄ ထုတ်ထားတာက ိုဝင်စိုက်တယ်ဆိုကတည်းက မှားနေပြီ။ ကျနော်တိုခွင့်လွှတ်ခဲ့တာများနေပြီ။ တချို့နေရာတွေမှာစိုက်ခွင့်ပေးတယ်ဆို စိုက်စရာနေရာကိုမရှိလို့ ၊ ဒေသအချင်းချင်းညီညွတ်လို့ ၊ နည်းနည်းပါးပါးခွင့်ပြုတာရှိတယ်။ စားကျက်မြေကိစ္စက…

Read More

သတင်းထောက်တွေကို အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ဖြစ်

သတင်းထောက်တွေကို အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ဖြစ် နေပြည်တော်၊ သြဂုတ်- ၂၁-၂၀၂၀ ရှိုင်းအောင်(VOM) သတင်းထောက်တွေကို သတင်းမီဒီယာဥပဒေနဲ့အရေးမယူဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ၊ အကြမ်းဖက်သမားအဖြစ် အရေးယူတာဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အရေးယူခံရတာဖြစ်ပြီး ဒါဟာမဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် နှံပြည်စုတ်ကို အမြောက်နဲ့ပစ်တာပဲလို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်က ဒီကနေ့ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် မဏ္ဍိုင် ၄ ရပ်အလုပ်ရုံဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ “သတင်းမမှားဘူး သတင်းရေးတာကို အကြမ်းဖက်သမားအဖြစ် ဒီအကြမ်းဖက်ဥပဒေ တိုက်ဖျက်ရေးအရ အရေးယူရင်တော့ ဒါမဟုတ်တော့ဘူးထင်တယ်။ နှံပြည်စုတ်ကို အမြောက်နဲ့ပစ်တာပဲ ဒါတော့မဖြစ်သင့်ဘူး၊ ရေးသင့်တဲ့သတင်း တိုင်းပြည်ကိုအသိပေး သင့်တဲ့သတင်း လျှို့ဝှက်ချက်ကလွဲလို့ ပွင့်ပွင့်လင်းလင်းသတင်းတွေ စီးမျောမှာ ဖြစ်ပါတယ် ” လို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင် က ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်တဲ့သတင်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့…

Read More

အမေရိကန်နဲ့ တင်းမာနေစဉ် ပြည်တွင်းထုတ် ဒုံးပျံသစ်တွေ အီရန်ကြေညာ

အမေရိကန်နဲ့ တင်းမာနေစဉ် ပြည်တွင်းထုတ် ဒုံးပျံသစ်တွေ အီရန်ကြေညာ တီဟီရန်၊ သြဂုတ်-၂၁-၂၀၂၀ မျိုးဆက် (VOM) အီရန်ရဲ့ ဒုံးပျံအစီအစဉ်တွေကိုရပ်တန့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို လျှစ်လျူရှုပြီး ခရုဇ်ဒုံးပျံသစ်အပါအဝင် ကီလိုမီတာ ၁၄၀၀ထိ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံတွေကို အီရန်က သြဂုတ် ၂၀ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ကာဆမ်ဆိုလိုင်မာနီလို့ အမည်ပေးထားတဲ့ မြေပြင်ကနေပစ်တဲ့ ပဲ့ထိန်းဒုံးပျံတွေဟာ ကီလိုမီတာ ၁၄၀၀ ထိပစ်ခတ်နိုင်ပြီး အဘူမဟာဒီလို့ အမည်ပေးထားတဲ့ ခရုဇ်ဒုံးပျံကတော့ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်တယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီး အန်မီယာဟာတာမီက ပြောပါတယ်။ ဒုံးပျံသစ်တွေနဲ့ပတ်သက်ပြီး အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်ဖော်ပြသခဲ့ပြီး ခရုဇ်ဒုံးပျံအသစ်တွေဟာ အီရန်ရဲ့ကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာအားကောင်းစေမယ်လို့ ပြောပါတယ်။ ဒုံးပျံသစ်တွေရဲ့ အမည်တွေကိုတော့ ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလမှာ သေဆုံးခဲ့တဲ့ အီရန်ကာ့ဒ်တပ်ဖွဲ့ခေါင်းဆောင် ဆိုလိုင်မာနီနဲ့ အီရတ်ပြည်သူ့စစ်တပ်မှူး အဘူမဟာဒီတို့ရဲ့ အမည်တွေကိုပေးထားတာဖြစ်ပါတယ်။ အထူးသဖြင့်…

Read More

မြစ်ကြီးနား-ပူတာအိုကားလမ်း‌ပေါ်ရှိ အင်းကောမတံတားကျိုးကျပြီး အသွားအလာ ပြတ်တောက်

မြစ်ကြီးနား-ပူတာအိုကားလမ်း‌ပေါ်ရှိ အင်းကောမတံတားကျိုးကျပြီး အသွားအလာ ပြတ်တောက် နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပေါ်မှာရှိတဲ့ အင်းကောမ‌ ချောင်းကူးတံတားဟာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်မှာ ကျိုးကျပျက်ဆီးခဲ့တဲ့ နှစ်ဖက်အသွားအလာတွေ ပြတ်တောက်ခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “အင်းကောမချောင်းက ရေစီးသန်တဲ့အတွက် ‌တံတားကျိုးရင် ဘာမှလုပ်မရဘူး။နောက်ပြီး တံတားက ဆောက်လုပ်ရေးဌာနအပိုင် တံတားဆိုတော့ သူတို့ပြင်ဖို့ ကြိုးစားနေပေမယ့် မလွယ်သေးဘူး”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရူံးမှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်း မိုင်တိုင် ၆ နဲ့ ၁၄၈ ဖာလုံအနီးမှာရှိတဲ့ အရှည်၂၃၅ ပေ၊အမြင့် ၃၅ ပေခန့်ရှိတဲ့ တံတားပေါ်မှာ ဘိလပ်မြေအိတ်တွေသယ်လာတဲ့ ၆ ဘီး ကုန်တင်ယာဉ်တစ်စင်းဟာ တံတားပေါ်ကိုဖြစ်သွားတဲ့အချိန် ကျိုးကျသွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရူံးကနေ သိရပါတယ်။ ကျိုးကျခဲ့တဲ အင်းကောမ ချောင်းကူးတံတားဟာ…

Read More

下一届政府将继续讨论邦宪法

下一届政府将继续讨论邦宪法 2020年8月21日 Translate By – Lei Lei Win 克伦民族联盟(KNU)副主席Pado Saw Kwe Htoo Win表示,新政府将在2020年以后继续“起草邦宪法权”进行谈判。他也说自治权与国家主权有一定的关联。这部结构法律与这个国家的历史有关。而这个国家的存在与彬龙有关。政府希望采取的形式是能更好的从中央来控制权利。意思就是,这取决于中央是如何分享权力的,也取决于我们是如何分配权力的。所以我们也将继续讨论这两个问题。 钦民族阵线(CNF)的第二副主席Lian Hmung Sa Kaung博士在8月17日在内比都举行的联邦和谈联合委员会(UPDJC)的会议上发言表示,邦宪法是70多年来民族要求的联邦制的最重要原则,是武装起义的根本原因,而邦宪法是和平的关键。 全国和解与和平中心主席昂山素季在联盟和平会议致开幕辞表示,“邦基本法”和“邦宪法”一词使用无法进行谈判,这一次不包括在联邦协议中。“邦基本法”和“邦宪法”词汇产生分歧,这些实际上是双方共同担心的。如果再次查看这些问题。我们可以看到彼此缺乏相互信任。” 克伦民族联盟(KNU)是一个民族武装的团体,于2015年签署了全国停火协定(NCA),并继续参加和平大会和国家协议大会的一个组织。 若开民族党政策委员会成员Hla Saw谈到了邦宪法,他说:“ 70年来,各少数民族都一直在争取权利和平等,如果一个组织,一个武装团体或一个民主政府之间如果能进行政治对话,那将会取得良好的结果。” 国家参赞办公室主任Zaw Htay表示,政府和少数民族武装团体在“起草邦宪法”方面的词汇分歧还无法达到共同协议,因为要建立相互信任的关系需要做很多工作。 在签署联邦协议时,已在8月12日讨论了五项关键原则之中其一,是保障自制州的自制权,还未列入其中。但是已把它列入到下一次讨论的项目里面。 联邦协议第3部分涉及到这五个主要步骤:民族和解;国内和平;民主制度转型;建设民主制联邦国家修改2008年《宪法》。

Read More

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိပြီး ပိုးတွေ့သူ ၁၉ ဦးထိရှိလာ

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိပြီး ပိုးတွေ့သူ ၁၉ ဦးထိရှိလာ စစ်တွေ၊ ဩဂုတ် ၂၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ မြောက်ဦးမြို့နယ်တို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အခုရပ်ပိုင်းမှာ ဆက်တိုက်ဆိုသလိုတွေ့ရှိနေရပြီး ဒီကနေ့မနက်ပိုင်းအချိန်ထိ ၁၉ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းထုတ်ပြန်တဲ့ ပိုးတွေ့လူနာတွေဟာ CB ဘဏ်ဝန်ထမ်းတွေ ရဲ့ မိသားစုဝင်တွေဖြစ်ကြောင်းနဲ့ လူနာအမှတ် (၃၇၅) နဲ့ တိုက်ရိုက်ထိတွေ့ သူတွေမဟုတ်ဘူးလို့ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က VOM ကိုပြောပါတယ်။ လက်ရှိအချိန်ထိ စစ်တွေဆေးရုံမှာ ကိုဗစ် ၁၉ အတည်ပြုပိုးတွေ့လူနာ ၁၈ ဦးရှိပြီး စောင့်ကြည့်လူနာ (၁၁) ဦးရှိကာ ဒီကနေ့ မနက်က ပိုးတွေ့လူနာတွေထဲမှာတော့ မြောက်ဦးမြို့နယ်က ပိုးတွေ့လူနာတစ်ဦး ပါဝင်တာဖြစ်ပါတယ်။ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ပြောတာကတော့” ဒီမနက် စစ်တွေမှာ Case (375)…

Read More
VOM News

FREE
VIEW