အမေရိကန်နဲ့ တင်းမာနေစဉ် ပြည်တွင်းထုတ် ဒုံးပျံသစ်တွေ အီရန်ကြေညာ

အမေရိကန်နဲ့ တင်းမာနေစဉ် ပြည်တွင်းထုတ် ဒုံးပျံသစ်တွေ အီရန်ကြေညာ

တီဟီရန်၊ သြဂုတ်-၂၁-၂၀၂၀
မျိုးဆက် (VOM)

အီရန်ရဲ့ ဒုံးပျံအစီအစဉ်တွေကိုရပ်တန့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို လျှစ်လျူရှုပြီး ခရုဇ်ဒုံးပျံသစ်အပါအဝင် ကီလိုမီတာ ၁၄၀၀ထိ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံတွေကို အီရန်က သြဂုတ် ၂၀ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ကာဆမ်ဆိုလိုင်မာနီလို့ အမည်ပေးထားတဲ့ မြေပြင်ကနေပစ်တဲ့ ပဲ့ထိန်းဒုံးပျံတွေဟာ ကီလိုမီတာ ၁၄၀၀ ထိပစ်ခတ်နိုင်ပြီး အဘူမဟာဒီလို့ အမည်ပေးထားတဲ့ ခရုဇ်ဒုံးပျံကတော့ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်တယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီး အန်မီယာဟာတာမီက ပြောပါတယ်။

ဒုံးပျံသစ်တွေနဲ့ပတ်သက်ပြီး အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်ဖော်ပြသခဲ့ပြီး ခရုဇ်ဒုံးပျံအသစ်တွေဟာ အီရန်ရဲ့ကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာအားကောင်းစေမယ်လို့ ပြောပါတယ်။

ဒုံးပျံသစ်တွေရဲ့ အမည်တွေကိုတော့ ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလမှာ သေဆုံးခဲ့တဲ့ အီရန်ကာ့ဒ်တပ်ဖွဲ့ခေါင်းဆောင် ဆိုလိုင်မာနီနဲ့ အီရတ်ပြည်သူ့စစ်တပ်မှူး အဘူမဟာဒီတို့ရဲ့ အမည်တွေကိုပေးထားတာဖြစ်ပါတယ်။

အထူးသဖြင့် ခရုဇ်ဒုံးပျံတွေဟာ မိမိတို့အတွက် အလွန်အရေးပါပြီး လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကီလိုမီတာ ၃၀၀ ကနေ ၁၀၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်တဲ့စွမ်းရည်ဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ အီရန်သမ္မတ ရူဟာနီကပြောပါတယ်။

၂၀၁၅ ခုနှစ်နျူကလီးယားစာချုပ်ကနေ အမေရိကန်နှုတ်ထွက်လိုက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်တဲ့ ၂၀၁၈ ခုနှစ်ကစပြီး အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြှင့်တက်ခဲ့တာဖြစ်ပါတယ်။

Ref : Reuters
Photo: AFP
#voiceofmyanmar #VOM #တီဟီရန်

Zawgyi

အေမရိကန္နဲ႔ တင္းမာေနစဥ္ ျပည္တြင္းထုတ္ ဒံုးပ်ံသစ္ေတြ အီရန္ေၾကညာ

တီဟီရန္၊ ၾသဂုတ္-၂၁-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရန္ရဲ႕ ဒုံးပ်ံအစီအစဥ္ေတြကိုရပ္တန္႔ဖို႔ အေမရိကန္ရဲ႕ ေတာင္းဆိုမႈကို လွ်စ္လ်ဴရႈျပီး ခရုဇ္ဒံုးပ်ံသစ္အပါအ၀င္ ကီလိုမီတာ ၁၄၀၀ထိ ပစ္ခတ္နိုင္တဲ႔ ပဲ႔ထိန္းဒံုးပ်ံေတြကို အီရန္က ၾသဂုတ္ ၂၀ ရက္မွာ ထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။

ကာဆမ္ဆိုလိုင္မာနီလို႔ အမည္ေပးထားတဲ႔ ေျမျပင္ကေနပစ္တဲ့ ပဲ့ထိန္းဒံုးပ်ံေတြဟာ ကီလိုမီတာ ၁၄၀၀ ထိပစ္ခတ္နိုင္ျပီး အဘူမဟာဒီလို႔ အမည္ေပးထားတဲ႔ ခရုဇ္ဒံုးပ်ံကေတာ႔ကီလိုမီတာ ၁၀၀၀ အကြာအေ၀းထိ ပစ္ခတ္နိုင္တယ္လို႔ အီရန္ကာကြယ္ေရး၀န္ၾကီး အန္မီယာဟာတာမီက ေျပာပါတယ္။

ဒံုးပ်ံသစ္ေတြနဲ႔ပတ္သက္ျပီး အီရန္နုိင္ငံပိုင္ ရုပ္ျမင္သံၾကားဌာနက ထုတ္ေဖာ္ျပသခဲ႔ျပီး ခရုဇ္ဒံုးပ်ံအသစ္ေတြဟာ အီရန္ရဲ႕ကာကြယ္ေရးစြမ္းရည္ကို ပိုမိုခိုင္မာအားေကာင္းေစမယ္လို႔ ေျပာပါတယ္။

ဒံုးပ်ံသစ္ေတြရဲ႕ အမည္ေတြကိုေတာ့ ဘဂၢဒက္ေလဆိပ္မွာ အေမရိကန္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင္႔ ဇန္န၀ါရီလမွာ ေသဆံုးခဲ႔တဲ႔ အီရန္ကာ႔ဒ္တပ္ဖြဲ႔ေခါင္းေဆာင္ ဆိုလိုင္မာနီနဲ႔ အီရတ္ျပည္သူ႔စစ္တပ္မွဴး အဘူမဟာဒီတို႔ရဲ႕ အမည္ေတြကိုေပးထားတာျဖစ္ပါတယ္။

အထူးသျဖင္႔ ခရုဇ္ဒံုးပ်ံေတြဟာ မိမိတို႔အတြက္ အလြန္အေရးပါျပီး လြန္ခဲ႔တဲ႔နွစ္နွစ္အတြင္း ကီလိုမီတာ ၃၀၀ ကေန ၁၀၀၀ အကြာအေ၀းထိ ပစ္ခတ္နိုင္တဲ႔စြမ္းရည္ဟာ ၾကီးမားတဲ႔ ေအာင္ျမင္မႈတစ္ရပ္ျဖစ္တယ္လို႔ အီရန္သမၼတ ရူဟာနီကေျပာပါတယ္။

၂၀၁၅ ခုနွစ္န်ဴကလီးယားစာခ်ဳပ္ကေန အေမရိကန္နႈတ္ထြက္လိုက္ျပီး အီရန္အေပၚ အေရးယူပိတ္ဆို႔မႈေတြ ျပန္လည္ခ်မွတ္လိုက္တဲ႔ ၂၀၁၈ ခုနွစ္ကစျပီး အီရန္နဲ႔ အေမရိကန္တို႔အၾကား တင္းမာမႈေတြ ျမွင္႔တက္ခဲ႕တာျဖစ္ပါတယ္။

Ref : Reuters
Photo: AFP
#voiceofmyanmar #VOM #တီဟီရန္

Related posts

Leave a Comment

VOM News

FREE
VIEW