သတင်းစီးဆင်းမှုမြန်ဆန်ဖို့အတွက် တပ်မတော်ကလုပ်ဆောင်နေ

သတင်းစီးဆင်းမှုမြန်ဆန်ဖို့အတွက် တပ်မတော်ကလုပ်ဆောင်နေ

နေပြည်တော်၊ သြဂုတ် ၂၁-၂၀၂၀
ကိုထွန်း(VOM)

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ ဇွန်လ ၇ ရက်နေ့ကနေ Facebook Pageတစ်ခု၊ ဝက်စ်ဆိုဒ် တစ်ခုထောင်ပြီး ဒီကနေ့အချိန်ထိ ပြည်သူတွေသိသင့်သိထိုက်တဲ့ သတင်းပေါင်း၂၁၃ ပုဒ်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချူပ်ရဲရင့်အောင်က ဒီကနေ့ ပြန်ကြားရေးဝန်ကြီးရုံးမှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၂၀၂၀ ပြည့်နှစ်မီဒီယာနှင့်တွေ့ဆုံမှုအနေနဲ့ ဇွန်လ ၂၄ ရက်နေ့ကရုရှားနိုင်ငံမှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားမှာတက်ရောက်ပြီး ရုရှားမီဒီယာအဖွဲတွေနဲ့ တွေဆုံခဲ့ပါတယ်၊ တပ်မတော်ကိစ္စ၊ နိုင်ငံတော်ကိစ္စသိလိုသည်များကိုမေးမြန်း၍ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်၊ တပ်မတော်နဲ့မီဒီယာကောင်စီတွေ့ဆုံမှုကတော့ ၂၀၁၄ ခုနှစ်မှ၂၀၁၆ ခုနှစ်ထိစုစုပေါင်း ၅ ကြိမ်တွေ့ဆုံခဲ့ပါတယ်”လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။

တပ်မတော်နဲ့မီဒီယာကောင်စီကြားမှာ သတင်းစီးဆင်းမှုမှန်ကန်မြန်ဆန်စေဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ စတင်ခဲ့ပြီး တပ်မတော်ကနေ ဗိုလ်ချုပ်စိုးနိုင်ဦးက ဆွေးနွေးခဲ့သလို ကောင်စီဥက္ကဌတို့နဲ့ စုစုပေါင်း ၆ ကြိမ်ဆွေးနွေးနိုင်ခဲ့တယ်လို့ပြောပါတယ်။

တပ်မတော်အနေနဲ့သတင်းစာရှင်းလင်းပွဲတွေကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)တို့ကဦးဆောင်ပြီး စုစုပေါင်း ၅ ကြိမ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။

“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မှုကတော့ ဒီလအထိဆိုရင် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်၊တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့က လစဉ်သတင်းစာရှင်းလင်းပွဲတွေဆောင်ရွက်နေသလို လိုအပ်ပါက တစ်လအတွင်း နှစ်ကြိမ်ဆောင်ရွက်ပေးခဲ့တာတွေလည်းရှိပါတယ်၊ ပြည်တွင်းပြည်ပမီဒီယာတွေက သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို နေ့စဉ် ဖုန်းအီးမေးလ်တွေနဲ့ဘဆက်သွယ်မေးမြန်းမှုတွေကို ဖြေကြားပေးနေတာလည်းရှိပါတယ်။ တပ်မတော်အနေနဲ့ သတင်းမီဒီယာသမားတွေကိုခွဲခြားဆက်ဆံမှုမရှိဘဲ သတင်းရယူပိုင်ခွင်ပြုထားပါတယ်၊ လစဉ်ပြုလုပ်နေကြ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေကို သတင်းမီဒီယာအဖွဲ့အားလုံးကို ဖိတ်ကြားတက်ရောက်ခွင့်ပြုထားပါတယ်၊ နေပြည်တော်သတင်းထောက်များအဖွဲ့ကွန်ယက်နဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။

ပြည်ပသတင်းဌာန၊ ပြည်တွင်းအခြေစိုက်သတင်းဌာနအားလုံးကို ခွဲခြားမှုမရှိဘဲ သတင်းစာရှင်းလင်းပွဲတွေ ဆောင်ရွက်ပေးနေပြီး မသိရှိသေးတဲ့ သတင်းမီဒီယာအဖွဲ့တွေကိုလည်း ဒီခမ်းအနားကနေဖိတ်ခေါ်ပါတယ်လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် တတိယအကြိမ်ဆွေးနွေးခဲ့တဲ့ရလဒ်အပေါ်မှာ အပြည့်အဝပူးပေါင်းဆောင်ရွက်နေပြီး လိုက်နာဆောင်ရွက်ဖို့ အချက်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့အသင့်ရှိတဲ့အပြင် တပ်မတော်နဲ့ပတ်သက်ပြီး သတင်းရယူမှုအပိုင်းမှာ လိုအပ်ချက်၊ အားနည်းချက်ရှိပါက အချိန်မရွေးဆက်သွယ်ပြီးညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်လို့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

သတင္းစီးဆင္းမႈျမန္ဆန္ဖို႔အတြက္ တပ္မေတာ္ကလုပ္ေဆာင္ေန

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၁-၂၀၂၀
ကိုထြန္း(VOM)

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနနဲ႔ ဇြန္လ ၇ ရက္ေန႔ကေန Facebook Pageတစ္ခု၊ ဝက္စ္ဆိုဒ္ တစ္ခုေထာင္ၿပီး ဒီကေန႔အခ်ိန္ထိ ျပည္သူေတြသိသင့္သိထိုက္တဲ့ သတင္းေပါင္း၂၁၃ ပုဒ္ထုတ္ျပန္ထားၿပီးျဖစ္တယ္လို႔ ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမႉး႐ုံးမွဒုတိယၫႊန္ၾကားေရးမႉး ဗိုလ္မႉးခ်ဴပ္ရဲရင့္ေအာင္က ဒီကေန႔ ျပန္ၾကားေရးဝန္ႀကီး႐ုံးမွာျပဳလုပ္တဲ့ စတုတၳအႀကိမ္ေျမာက္ မ႑ိဳင္(၄)ရပ္ အလုပ္႐ုံေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ၂၀၂၀ ျပည့္ႏွစ္မီဒီယာႏွင့္ေတြ႕ဆုံမႈအေနနဲ႔ ဇြန္လ ၂၄ ရက္ေန႔က႐ုရွားႏိုင္ငံမွာျပဳလုပ္တဲ့ ၇၅ ႏွစ္ေျမာက္ အထိမ္းအမွတ္စစ္ေရးျပအခမ္းအနားမွာတက္ေရာက္ၿပီး ႐ုရွားမီဒီယာအဖြဲေတြနဲ႔ ေတြဆုံခဲ့ပါတယ္၊ တပ္မေတာ္ကိစၥ၊ ႏိုင္ငံေတာ္ကိစၥသိလိုသည္မ်ားကိုေမးျမန္း၍ ေျဖၾကားခဲ့ၿပီးျဖစ္ပါတယ္၊ တပ္မေတာ္နဲ႔မီဒီယာေကာင္စီေတြ႕ဆုံမႈကေတာ့ ၂၀၁၄ ခုႏွစ္မွ၂၀၁၆ ခုႏွစ္ထိစုစုေပါင္း ၅ ႀကိမ္ေတြ႕ဆုံခဲ့ပါတယ္”လို႔ ဗိုလ္မႉးခ်ဳပ္ရဲရင့္ေအာင္ကေျပာပါတယ္။

တပ္မေတာ္နဲ႔မီဒီယာေကာင္စီၾကားမွာ သတင္းစီးဆင္းမႈမွန္ကန္ျမန္ဆန္ေစဖို႔အတြက္ အလုပ္႐ုံေဆြးေႏြးပြဲေတြ စတင္ခဲ့ၿပီး တပ္မေတာ္ကေန ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက ေဆြးေႏြးခဲ့သလို ေကာင္စီဥကၠဌတို႔နဲ႔ စုစုေပါင္း ၆ ႀကိမ္ေဆြးေႏြးႏိုင္ခဲ့တယ္လို႔ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔သတင္းစာရွင္းလင္းပြဲေတြကိုတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ)တို႔ကဦးေဆာင္ၿပီး စုစုေပါင္း ၅ ႀကိမ္ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ရဲရင့္ေအာင္ကေျပာပါတယ္။

“တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲျပဳလုပ္မႈကေတာ့ ဒီလအထိဆိုရင္ ၁၉ ႀကိမ္ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ပါတယ္၊တပ္မေတာ္သတင္းမွန္ျပန္ၾကားအဖြဲ႕က လစဥ္သတင္းစာရွင္းလင္းပြဲေတြေဆာင္႐ြက္ေနသလို လိုအပ္ပါက တစ္လအတြင္း ႏွစ္ႀကိမ္ေဆာင္႐ြက္ေပးခဲ့တာေတြလည္းရွိပါတယ္၊ ျပည္တြင္းျပည္ပမီဒီယာေတြက သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို ေန႔စဥ္ ဖုန္းအီးေမးလ္ေတြနဲ႔ဘဆက္သြယ္ေမးျမန္းမႈေတြကို ေျဖၾကားေပးေနတာလည္းရွိပါ​တယ္။ တပ္မေတာ္အေနနဲ႔ သတင္းမီဒီယာသမားေတြကိုခြဲျခားဆက္ဆံမႈမရွိဘဲ သတင္းရယူပိုင္ခြင္ျပဳထားပါ​တယ္၊ လစဥ္ျပဳလုပ္ေနၾက တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲေတြကို သတင္းမီဒီယာအဖြဲ႕အားလုံးကို ဖိတ္ၾကားတက္ေရာက္ခြင့္ျပဳထားပါ​တယ္၊ ေနျပည္ေတာ္သတင္းေထာက္မ်ားအဖြဲ႕ကြန္ယက္နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိပါ​တယ္”လို႔ ဗိုလ္မႉးခ်ဳပ္ရဲရင့္ေအာင္ကေျပာပါတယ္။

ျပည္ပသတင္းဌာန၊ ျပည္တြင္းအေျခစိုက္သတင္းဌာနအားလုံးကို ခြဲျခားမႈမရွိဘဲ သတင္းစာရွင္းလင္းပြဲေတြ ေဆာင္႐ြက္ေပးေနၿပီး မသိရွိေသးတဲ့ သတင္းမီဒီယာအဖြဲ႕ေတြကိုလည္း ဒီခမ္းအနားကေနဖိတ္ေခၚပါတယ္လို႔ ဗိုလ္မႉးခ်ဳပ္ရဲရင့္ေအာင္ကေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနျဖင့္ တတိယအႀကိမ္ေဆြးေႏြးခဲ့တဲ့ရလဒ္အေပၚမွာ အျပည့္အဝပူးေပါင္းေဆာင္႐ြက္ေနၿပီး လိုက္နာေဆာင္ရြက္ဖို႔ အခ်က္ေတြကိုလည္း လိုက္နာေဆာင္႐ြက္ဖို႔အသင့္ရွိတဲ့အျပင္ တပ္မေတာ္နဲ႔ပတ္သက္ၿပီး သတင္းရယူမႈအပိုင္းမွာ လိုအပ္ခ်က္၊ အားနည္းခ်က္ရွိပါက အခ်ိန္မေ႐ြးဆက္သြယ္ၿပီးညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ပါတယ္လို႔ ဗိုလ္မႉးခ်ဳပ္ရဲရင့္ေအာင္ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW