ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ်

ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ်

နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ အခုလ တတိယပတ်ခန့်ကစတင်ပြီး Covid-19 ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ရခိုင်နယ်စပ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့တွင်းကို ကုန်တင်ယာဉ်နဲ့ ယာဉ်မောင်း‌တွေပေးမဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

“ရခိုင်ဘက်ကနေဝင်လာတဲ့ ကုန်တင်ကားကြီးတွေနဲ့ ယာဉ်မောင်းတွေကို မြို့တွင်းဝင်ခွင့်ပိတ်မယ်။ ‌နောက်ပြီးရောဂါဖြစ်ပွားရာဒေသကလာသူအကုန်လုံး ကွာရန်တင်း၂၁ ရက်ဝင်ရမယ်။ အခုပဲ အစည်းအဝေး ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ဦးကျော်ဇေယျကပြောပါတယ်။
ကိုဗစ်ကာလ ပထမလှိုင်းသုံးလကျော်ခန့်က ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့၊ နဝဒေးတံတားမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ရပ်နားထားခဲ့
တာ တစ်လ‌ကျော်ရှိပြီဖြစ်တယ်လို့ ပြည်မြို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“နဝဒေးတံတားဂိတ်မှာ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေနဲ့လာတဲ့သူတိုင်းကို ကျန်းမာရေးစစ်ဆေးတာမျိုး ပြန်ပြီးလုပ်မယ်။ အဓိက ရခိုင်ဝင်ပေါက်ကို သတိထားလိုက်တဲ့သဘောဖြစ်တယ်”လို့ ပြည်မြို့ မိုးမေတ္တာလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးညီညီအောင်ကပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့နယ်အချို့မှာ ဩဂုတ်လ ၁၆ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ ပြည်တွင်းကူးစက်သူဦးရေ အနည်းငယ်မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြို့နယ်အချို့ကို လော့ဒေါင်းချလိုက်တဲ့အပြင် အခြေခံပညာကျောင်းတွေကို ပြန်လည် ပိတ်ထားလိုက်တယ်လို့ အစိုးရအဖွဲ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ကိုဗစ်ပိုးတွေ့လူနာအမှတ်- ၃၇၇ ဟာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့အပြင် ရောဂါပိုးရှိသူနဲ့ထိတွေ့မှုမရှိထားတာကြောင့် ရခိုင်ပြည်နယ်အတွင်းသာမက အခြား ထိဆက်ရာ တိုင်းနဲ့ပြည်နယ်တွေကပါ စိုးရိမ်နေပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားနိုင်တယ်လို့ သတိ‌‌ပေးချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ပြည်နယ်မြို့နယ်ဟာ ရခိုင်‌ပြည်‌နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်နဲ့ နယ်နိမိတ်ထိဆက်‌နေတဲ့အပြင် အမ်း-ငဖဲ-မကွေး-အောင်လံ-ပြည်လမ်းပေါ်မှာ တည်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့ ပြည်ဒေသခံအချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – တေဇာအောင်
#voiceofmyanmar #VOM #ပြည်

Zawgyi

ရခိုင္မွာ ကိုဗစ္၁၉ေရာဂါပိုး ျပည္တြင္းကူးစက္မႈျမင့္တက္သြားတဲ့အတြက္ ျပည္ ၿမိဳ႕တြင္းကို ကုန္တင္ယာဥ္ေတြေပးမဝင္ဖို႔ ဆုံးျဖတ္

ေနျပည္ေတာ္၊ဩဂုတ္၂၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕မွာ အခုလ တတိယပတ္ခန႔္ကစတင္ၿပီး Covid-19 ေရာဂါပိုး ျပည္တြင္းကူးစက္မႈျမင့္တက္သြားတဲ့အတြက္ ရခိုင္နယ္စပ္ ထြက္ေပါက္ျဖစ္တဲ့ ျပည္ၿမိဳ႕တြင္းကို ကုန္တင္ယာဥ္နဲ႔ ယာဥ္ေမာင္း‌ေတြေပးမဝင္ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ျပည္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

“ရခိုင္ဘက္ကေနဝင္လာတဲ့ ကုန္တင္ကားႀကီးေတြနဲ႔ ယာဥ္ေမာင္းေတြကို ျမိဳ႕တြင္းဝင္ခြင့္ပိတ္မယ္။ ‌ေနာက္ၿပီးေရာဂါျဖစ္ပြားရာေဒသကလာသူအကုန္လံုး ကြာရန္တင္း၂၁ ရက္ဝင္ရမယ္။ အခုပဲ အစည္းအေဝး ဆုံးျဖတ္ခ်က္ခ်လိုက္တာ”လို႔ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။
ကိုဗစ္ကာလ ပထမလႈိင္းသုံးလေက်ာ္ခန႔္က ပဲခူးတိုင္း နဲ႔ ရခိုင္ျပည္နယ္ ထြက္ေပါက္ျဖစ္တဲ့ ျပည္ၿမိဳ႕၊ န၀ေဒးတံတားမွာ စစ္ေဆးေရးဂိတ္ဖြင့္လွစ္ခဲ့ေပမယ့္လည္း ရပ္နားထားခဲ့
တာ တစ္လ‌ေက်ာ္ရွိၿပီျဖစ္တယ္လို႔ ျပည္ၿမိဳ႕ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“နဝေဒးတံတားဂိတ္မွာ ခရီးသည္တင္ယာဥ္နဲ႔ အိမ္စီးယာဥ္ေတြနဲ႔လာတဲ့သူတိုင္းကို က်န္းမာေရးစစ္ေဆးတာမ်ိဳး ျပန္ၿပီးလုပ္မယ္။ အဓိက ရခိုင္ဝင္ေပါက္ကို သတိထားလိုက္တဲ့သေဘာျဖစ္တယ္”လို႔ ျပည္ၿမိဳ႕ မိုးေမတၱာလူမႈကူညီေရးအသင္း အတြင္းေရးမႉး ဦးညီညီေအာင္ကေျပာပါတယ္။

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အပါအဝင္ ျမိဳ႕နယ္အခ်ိဳ႕မွာ ဩဂုတ္လ ၁၆ ရက္ေန႔ကေန ဒီကေန႔အခ်ိန္ထိ ျပည္တြင္းကူးစက္သူဦးေရ အနည္းငယ္ျမင့္တက္လာခဲ့ၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္ၿမိဳ႕့နယ္အခ်ိဳ႕ကို ေလာ့ေဒါင္းခ်လုိက္တဲ့အျပင္ အေျခခံပညာေက်ာင္းေတြကို ျပန္လည္ ပိတ္ထားလိုက္တယ္လို႔ အစိုးရအဖြဲ႕ကထုတ္ျပန္ထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္က ကိုဗစ္ပိုးေတြ႕လူနာအမွတ္- ၃၇၇ ဟာ ျပည္ပခရီးသြားရာဇဝင္မရွိတဲ့အျပင္ ေရာဂါပိုးရွိသူနဲ ႔ထိေတြ႕မႈမရွိထားတာေၾကာင့္ ရခိုင္ျပည္နယ္အတြင္းသာမက အျခား ထိဆက္ရာ တိုင္းနဲ႔ျပည္နယ္ေတြကပါ စိုးရိမ္ေနၿပီး က်န္းမာေရးဝန္ႀကီးဌာနကလည္း ကိုဗစ္ဒုတိယလႈိင္းျဖစ္ပြားႏိုင္တယ္လို႔ သတိ‌‌ေပးခ်က္ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ပဲခူးတိုင္း၊ ျပည္နယ္ၿမိဳ႕နယ္ဟာ ရခိုင္‌ျပည္‌နယ္ေတာင္ပိုင္း ေတာင္ကုတ္ၿမိဳ႕နယ္နဲ႔ နယ္နိမိတ္ထိဆက္‌ေနတဲ့အျပင္ အမ္း-ငဖဲ-မေကြး-ေအာင္လံ-ျပည္လမ္းေပၚမွာ တည္ရွိေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ စိုးရိမ္မႈေတြျဖစ္ေပၚေနတယ္လို႔ ျပည္ေဒသခံအခ်ိဳ႕ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo – ေတဇာေအာင္
#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW