ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက် လူ( ၅၉၀၀ ) နီးပါးသေဆုံးနေ

#covid

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက် လူ( ၅၉၀၀ ) နီးပါးသေဆုံးနေ

ဝါရှင်တန်၊ သြဂုတ်-၂၃-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ မြင့်တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်းဟာ ရှစ်သိန်းနီးပါးထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄ နာရီကြာတိုင်း ပျမ်းမျှ လူ ၅၉၀၀ နီးပါးသေဆုံးခဲ့တယ်လို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က စတင်ပြီး သြဂုတ် ၂၁ ရက်ထိရရှိထားတဲ့ အချက်အလက်အလက်တွေအခြေခံတွက်ချက်မှုကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တစ်နာရီကြာတိုင်း လူ ၂၄၆ ဦးသေဆုံးနေပြီး ဒါမှမဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်းသေဆုံးနေပါတယ်။ သေဆုံးသူအရေအတွက် ခြောက်သိန်းကနေ ခုနှစ်သိန်းထိရောက်ရှိဖို့ ၁၇ ရက်သာကြာမြင့်ခဲ့ပြီး ခုနှစ်သိန်းကနေ ရှစ်သိန်းထိကိုလည်း ၁၇ ရက်သာကြာမြင့်ခဲ့ပါတယ်။

သြဂုတ် ၂၃ ရက်အထိအမေရိကန်မှာ သေဆုံးသူအရေအတွက်ဟာ တစ်သိန်းခုနှစ်သောင်းကျော် ထိရှိပြီး ကမ္ဘာပေါ်မှာ ရောဂါကြောင့် အသေအပျောက်အများဆုံးဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ဇူလိုင်လမှာ ရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားနေတာကနေ ကျဆင်းသွားပေမယ့်လည်း တစ်ပတ်ကို ကူးစက်မှုအသစ် ၃၆၀၀၀၀ ကျော်ရှိနေဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ရောဂါကြောင့်ပထမဆုံးလူသေဆုံးမှုဖြစ်ပွားပြီးနောက် ငါးလအကြာမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ငါးသောင်းကျော်ထိရှိလာပါတယ်။ ဘရာဇီးနှင့်အမေရိကန်တို့ပြီးရင် ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် တတိယမြောက်နိုင်ငံ အိန္ဒိယနိုင်ငံကရပ်တည်နေပြီး လက်ရှိအချိန်ထိ လူနှစ်သန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရပါတယ်။

Ref : CNA
Photo: Getty Image
#voiceofmyanmar #VOM #ကိုဗစ်

ကမာၻတစ္ဝန္းမွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ တရက္ လူ( ၅၉၀၀ ) နီးပါးေသဆုံးေန

ဝါရွင္တန္၊ ၾသဂုတ္-၂၃-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္၊ ဘရာဇီးနဲ႔ အိႏၵိယႏိုင္ငံတို႔မွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ ျမင့္တက္လာတာနဲ႔အတူ ကမာၻတစ္ဝန္းမွာ ေသဆုံးသူစုစုေပါင္းဟာ ရွစ္သိန္းနီးပါးထိ ေရာက္ရွိလာၿပီျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ၂၄ နာရီၾကာတိုင္း ပ်မ္းမွ် လူ ၅၉၀၀ နီးပါးေသဆုံးခဲ့တယ္လို႔ လြန္ခဲ့တဲ့ သီတင္းႏွစ္ပတ္က စတင္ၿပီး ၾသဂုတ္ ၂၁ ရက္ထိရရွိထားတဲ့ အခ်က္အလက္အလက္ေတြအေျခခံတြက္ခ်က္မႈကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားပါတယ္။

ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြအရ တစ္နာရီၾကာတိုင္း လူ ၂၄၆ ဦးေသဆုံးေနၿပီး ဒါမွမဟုတ္ ၁၅ စကၠန႔္တိုင္း လူတစ္ဦးႏႈန္းေသဆုံးေနပါတယ္။ ေသဆုံးသူအေရအတြက္ ေျခာက္သိန္းကေန ခုႏွစ္သိန္းထိေရာက္ရွိဖို႔ ၁၇ ရက္သာၾကာျမင့္ခဲ့ၿပီး ခုႏွစ္သိန္းကေန ရွစ္သိန္းထိကိုလည္း ၁၇ ရက္သာၾကာျမင့္ခဲ့ပါတယ္။

ၾသဂုတ္ ၂၃ ရက္အထိအေမရိကန္မွာ ေသဆုံးသူအေရအတြက္ဟာ တစ္သိန္းခုႏွစ္ေသာင္းေက်ာ္ ထိရွိၿပီး ကမာၻေပၚမွာ ေရာဂါေၾကာင့္ အေသအေပ်ာက္အမ်ားဆုံးျဖစ္ပါတယ္။ ႏိုင္ငံအတြင္းမွာ ဇူလိုင္လမွာ ေရာဂါကူးစက္မႈအျမင့္ဆုံးျဖစ္ပြားေနတာကေန က်ဆင္းသြားေပမယ့္လည္း တစ္ပတ္ကို ကူးစက္မႈအသစ္ ၃၆၀၀၀၀ ေက်ာ္ရွိေနဆဲျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံမွာေတာ့ ေရာဂါေၾကာင့္ပထမဆုံးလူေသဆုံးမႈျဖစ္ပြားၿပီးေနာက္ ငါးလအၾကာမွာ ကိုဗစ္-၁၉ ေၾကာင့္ေသဆုံးသူ ငါးေသာင္းေက်ာ္ထိရွိလာပါတယ္။ ဘရာဇီးႏွင့္အေမရိကန္တို႔ၿပီးရင္ ကူးစက္မႈအမ်ားဆုံးျဖစ္ပြားေနသည့္ တတိယေျမာက္ႏိုင္ငံ အိႏၵိယႏိုင္ငံကရပ္တည္ေနၿပီး လက္ရွိအခ်ိန္ထိ လူႏွစ္သန္းေက်ာ္ ဗိုင္းရပ္စ္ကူးစက္ခံေနရပါတယ္။

Ref : CNA
Photo: Getty Image
#voiceofmyanmar #VOM #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW