COVID – 19 ရဲ့ရိုက်ခတ်မှုကြောင့် မင်္ဂလာဈေးကို ပုံမှန် အပ်နှံနိုင်မယ့်ကာလထက် နောက်ကျမှအပ်နိုင်မယ်

COVID – 19 ရဲ့ရိုက်ခတ်မှုကြောင့် မင်္ဂလာဈေးကို ပုံမှန် အပ်နှံနိုင်မယ့်ကာလထက် နောက်ကျမှအပ်နိုင်မယ်

ရန်ကုန် သြဂုတ် ၂၃ – ၂၀၂၀
ယဉ်ပပထွန်း( VOM)

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးတည်ဆောက်နေမူအပိုင်းကို ၂၀၂၁ ခုနှစ် ဧပြီမှာအပြီးသတ်အပ်နိုင်မယ်လို့စီစဉ်ထားပေမယ့် COVID -19 ၏ရိုက်ခတ်မူကြောင့် အပြီးသတ်ကို လအနည်းငယ် နောက်ဆုတ်လိုက်ရပါတယ်လို့ ဈေးကိုတာဝန်ယူ တည်ဆောက်နေတဲ့ စန်းမြတ်ထွန်း ကုမ္ပဏီရဲ့ဥက္ကဌ ဦးနေလင်းထွန်းက ပြောပါတယ်။

သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ရှိ မင်္ဂလာမွန်ဈေးအပေါ်ထပ်မှာ မင်္ဂလာဈေးသူ သားများ၊ လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင် နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့တာဖြစ်ပါတယ် ။

” တည်ဆောက်ရေးအပိုင်းမှာ ခက်ခဲမူကို ဖြစ်တာက COVID ကြောင့်ပါ။ နေ့ဆိုင်း ညဆိုင်းတွေ အလုပ်လုပ်နေတဲ့အပိုင်းမှာ COVID ရဲ့အခြေအနေကြောင့် ညပိုင်းတွေဆင်းမရတော့တာပါ ။ ဒါကြောင့် အချိန်ကိုပြန်ညှိပြိးလုပ်ဆောင်နေရတဲ့အတွက် လအနည်းငယ် နောက်ကျတယ်ဆိုပေမဲ့၂၀၂၁ ခုနှစ် ဇူလိုင်လလောက်မှာ အပြီးသတ် အပ်နှံနိုင်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ် ” လို့ဦးနေလင်းထွန်းကပြေပါတယ် ။

သူတို့ကုမ္ပဏီက ၂၀၁၈ခုနှစ်မှာ တင်ဒါအောင်မြင်ခဲ့တာဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ် စက်တင်ဘာမှ စာချုပ်ချုပ်ဆိုတဲ့ခြင်းဖြစ်ပါတယ် ။ လက်ရှိမှာတော့ တည်ဆောက်ရေးအပိုင်းက ၅၄ ရာခိုင်နူန်းပြီးစီးနေပြီလို့လည်း သိရပါတယ် ။

မင်္ဂလာဈေးက ၂၀၁၅ ခုနှစ်က မီးလောင်ခဲ့တဲ့ အတွက် လက်ရှိမှာလဲ ဈေးသူဈေးသားတွေက ဈေးကွက်ပျောက်ကွယ်မသွားစေရန် ရွှေမင်္ဂလာဈေးမှာဆိုင်ခန်းများ ငှားဖွင့်ရတာတွေက အခက်အခဲဖြစ်ပေါ်နေပါတယ်လို့ မင်္ဂလာဈေး ဈေးသူဈေးသားများနာယက ဒေါ်ညိုညိုဦးကပြောပါတယ်။

” ပထမအကြိမ်မီးလောင်တုံးက ချက်ချင်းအကြီးစားပြင်ဆင်ပြီး ဈေးဆိုင်ပေါ်တတ်ခွင့်ရခဲ့တယ် ။ အခုဒုတိယအကြိမ်မှာ ၂ နှစ်အတွင်းအဆင်မပြေမူတွေဖြစ်ပေါ်ခဲ့တယ် ။ အမေကြီးတို့က ရွှေမင်္ဂလာဈေးမှာ ဆိုင်ခန်းခ ငှားဖွင့်ရတယ် ။ တစ်လကို ၅ သိန်းကနေပြီးသိန်း၂၀ သိန်း၂၅ ဈေးပေါက်တယ် တစ်နှစ်ကို သိန်း၂၀၀ကျော် ၅ နှစ်ဆိုတော့ သိန်း၁၀၀၀ ကျော်ဖြစ်တာကြောင့် ဆိုင်ခန်းရောင်းရှိတာရောင်းရတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ် ။ အခု ဈေးကို လအနည်းနည်းဆုတ်မယ်ဆိုတော့လဲ ၅ နှစ်လောက်ခါးစည်းခံလာရတာပဲ ၃ လလောက်တော့ သည်းခံပေးရမှာဖြစ်ပါတယ် ” လို့ပြောပါတယ် ။

မင်္ဂလာဈေးမှာ ဈေးသည်ပေါင်း ၄၀၀၀ ရှိနေပြီး ရွှေမင်္ဂလာဈေးမှ ဆိုင်ခန်းငှားဖွင့်သူဈေးသည် ၂၀၀၀ နီးပါးခန့်ရှိနေတယ်လို့လည်းသိရပါတယ် ။

“တစ်ကယ်ကိုခိုင်လုံပြီးတော့ အာမခံချက်ကောင်းတဲ့ စန်းမြတ်ထွန်းကုမ္ပဏီကို သေချာစိစစ်ပြီးတော့ ရွေးချယ်ခဲ့တာပါ ။မင်္ဂလာဈေးပြီးသွားရင်တော့ နိုင်ငံတော်က မူလပထမအတိုင်း ၅ လွှာကို ရမှာဖြစ်ပါတယ် ။ကျန်တဲ့အပိုင်းတွေကိုတော့ PPP စနစ်နဲ့ကုမ္ပဏီကို ပေးလိုက်မှာ ဖြစ်ပါတယ် “လို့မင်္ဂလာတောင်ညွှန့်မြို နယ် မဲဆန္ဒနယ် အမှတ် ( ၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောပါတယ် ။

မင်္ဂလာဈေးကို မြေအောက်ခန်း ၂ ထပ် | မြေညီထပ် ၂ ထပ်နဲ့အပေါ်ထပ်မှာ ၁၃ ထပ် စုစုပေါင်း ၁၇ ထပ်ဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ် ။လက်ရှိမှာလဲ မြေအောက်ခန်းများပြီးစီးနေပြီး အပေါ်ထပ်များကို လုပ်ငန်းများလုပ်ဆောင်ပေးနေပါတယ်လို့သိရပါတယ် ။

#voiceofmyanmar #VOM #မင်္ဂလာဈေး #ရန်ကုန်

Zawgyi

COVID – 19 ရဲ႕႐ိုက္ခတ္မႈေၾကာင့္ မဂၤလာေဈးကို ပုံမွန္ အပ္ႏွံႏိုင္မယ့္ကာလထက္ ေနာက္က်မွအပ္ႏိုင္မယ္

ရန္ကုန္ ၾသဂုတ္ ၂၃ – ၂၀၂၀
ယဥ္ပပထြန္း( VOM)

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္မွာရွိတဲ့ မဂၤလာေဈးတည္ေဆာက္ေနမူအပိုင္းကို ၂၀၂၁ ခုႏွစ္ ဧၿပီမွာအၿပီးသတ္အပ္ႏိုင္မယ္လို႔စီစဥ္ထားေပမယ့္ COVID -19 ၏႐ိုက္ခတ္မူေၾကာင့္ အၿပီးသတ္ကို လအနည္းငယ္ ေနာက္ဆုတ္လိုက္ရပါတယ္လို႔ ေဈးကိုတာဝန္ယူ တည္ေဆာက္ေနတဲ့ စန္းျမတ္ထြန္း ကုမၸဏီရဲ႕ဥကၠဌ ဦးေနလင္းထြန္းက ေျပာပါတယ္။

ၾသဂုတ္ ၂၃ ရက္က ရန္ကုန္ၿမိဳ႕ရွိ မဂၤလာမြန္ေဈးအေပၚထပ္မွာ မဂၤလာေဈးသူ သားမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ စည္ပင္ နဲ႔ ေဆာက္လုပ္ေရးကုမၸဏီတို႔ ေတြ႕ဆုံေဆြးေႏြးရာမွာ ေျပာခဲ့တာျဖစ္ပါတယ္ ။

” တည္ေဆာက္ေရးအပိုင္းမွာ ခက္ခဲမူကို ျဖစ္တာက COVID ေၾကာင့္ပါ။ ေန႔ဆိုင္း ညဆိုင္းေတြ အလုပ္လုပ္ေနတဲ့အပိုင္းမွာ COVID ရဲ႕အေျခအေနေၾကာင့္ ညပိုင္းေတြဆင္းမရေတာ့တာပါ ။ ဒါေၾကာင့္ အခ်ိန္ကိုျပန္ညႇိၿပိးလုပ္ေဆာင္ေနရတဲ့အတြက္ လအနည္းငယ္ ေနာက္က်တယ္ဆိုေပမဲ့၂၀၂၁ ခုႏွစ္ ဇူလိုင္လေလာက္မွာ အၿပီးသတ္ အပ္ႏွံႏိုင္ေအာင္ လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္ ” လို႔ဦးေနလင္းထြန္းကေျပပါတယ္ ။

သူတို႔ကုမၸဏီက ၂၀၁၈ခုႏွစ္မွာ တင္ဒါေအာင္ျမင္ခဲ့တာျဖစ္ပါတယ္ ။ ၂၀၁၉ ခုႏွစ္ စက္တင္ဘာမွ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ျခင္းျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ တည္ေဆာက္ေရးအပိုင္းက ၅၄ ရာခိုင္ႏူန္းၿပီးစီးေနၿပီလို႔လည္း သိရပါတယ္ ။

မဂၤလာေဈးက ၂၀၁၅ ခုႏွစ္က မီးေလာင္ခဲ့တဲ့ အတြက္ လက္ရွိမွာလဲ ေဈးသူေဈးသားေတြက ေဈးကြက္ေပ်ာက္ကြယ္မသြားေစရန္ ေ႐ႊမဂၤလာေဈးမွာဆိုင္ခန္းမ်ား ငွားဖြင့္ရတာေတြက အခက္အခဲျဖစ္ေပၚေနပါတယ္လို႔ မဂၤလာေဈး ေဈးသူေဈးသားမ်ားနာယက ေဒၚညိဳညိဳဦးကေျပာပါတယ္။

” ပထမအႀကိမ္မီးေလာင္တုံးက ခ်က္ခ်င္းအႀကီးစားျပင္ဆင္ၿပီး ေဈးဆိုင္ေပၚတတ္ခြင့္ရခဲ့တယ္ ။ အခုဒုတိယအႀကိမ္မွာ ၂ ႏွစ္အတြင္းအဆင္မေျပမူေတြျဖစ္ေပၚခဲ့တယ္ ။ အေမႀကီးတို႔က ေ႐ႊမဂၤလာေဈးမွာ ဆိုင္ခန္းခ ငွားဖြင့္ရတယ္ ။ တစ္လကို ၅ သိန္းကေနၿပီးသိန္း၂၀ သိန္း၂၅ ေဈးေပါက္တယ္ တစ္ႏွစ္ကို သိန္း၂၀၀ေက်ာ္ ၅ ႏွစ္ဆိုေတာ့ သိန္း၁၀၀၀ ေက်ာ္ျဖစ္တာေၾကာင့္ ဆိုင္ခန္းေရာင္းရွိတာေရာင္းရတဲ့အခက္အခဲေတြ ျဖစ္ေပၚေနပါတယ္ ။ အခု ေဈးကို လအနည္းနည္းဆုတ္မယ္ဆိုေတာ့လဲ ၅ ႏွစ္ေလာက္ခါးစည္းခံလာရတာပဲ ၃ လေလာက္ေတာ့ သည္းခံေပးရမွာျဖစ္ပါတယ္ ” လို႔ေျပာပါတယ္ ။

မဂၤလာေဈးမွာ ေဈးသည္ေပါင္း ၄၀၀၀ ရွိေနၿပီး ေ႐ႊမဂၤလာေဈးမွ ဆိုင္ခန္းငွားဖြင့္သူေဈးသည္ ၂၀၀၀ နီးပါးခန႔္ရွိေနတယ္လို႔လည္းသိရပါတယ္ ။

“တစ္ကယ္ကိုခိုင္လုံၿပီးေတာ့ အာမခံခ်က္ေကာင္းတဲ့ စန္းျမတ္ထြန္းကုမၸဏီကို ေသခ်ာစိစစ္ၿပီးေတာ့ ေ႐ြးခ်ယ္ခဲ့တာပါ ။မဂၤလာေဈးၿပီးသြားရင္ေတာ့ ႏိုင္ငံေတာ္က မူလပထမအတိုင္း ၅ လႊာကို ရမွာျဖစ္ပါတယ္ ။က်န္တဲ့အပိုင္းေတြကိုေတာ့ PPP စနစ္နဲ႔ကုမၸဏီကို ေပးလိုက္မွာ ျဖစ္ပါတယ္ “လို႔မဂၤလာေတာင္ၫႊန႔္ၿမိဳ နယ္ မဲဆႏၵနယ္ အမွတ္ ( ၁) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးကေျပာပါတယ္ ။

မဂၤလာေဈးကို ေျမေအာက္ခန္း ၂ ထပ္ | ေျမညီထပ္ ၂ ထပ္နဲ႔အေပၚထပ္မွာ ၁၃ ထပ္ စုစုေပါင္း ၁၇ ထပ္ေဆာက္လုပ္ေပးသြားမွာျဖစ္ပါတယ္ ။လက္ရွိမွာလဲ ေျမေအာက္ခန္းမ်ားၿပီးစီးေနၿပီး အေပၚထပ္မ်ားကို လုပ္ငန္းမ်ားလုပ္ေဆာင္ေပးေနပါတယ္လို႔သိရပါတယ္ ။

#voiceofmyanmar #VOM #မဂၤလာေဈး #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW