သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်တဲ့အတွက် ဘားအံမြို့က ဒေသခံ တစ်ထောင်ကျော် ရေဘေးသင့်

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်တဲ့အတွက် ဘားအံမြို့က ဒေသခံ တစ်ထောင်ကျော် ရေဘေးသင့်

နေပြည်တော်၊ဩဂုတ်၂၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အနီးက သံလွင်မြစ်ရေဟာ မနေ့ဩဂုတ်၂၄ ရက်နေ့က စတင်ပြီး မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတဲ့အတွက် ‌ဒေသခံ ၁၀၀၀ ကျော် ရေဘေးသင့်ပြီး ဘေးလွတ်ရာနေရာတွေကို ရွေ့ပြောင်းပေးထားရတယ်လို့ ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

” အနိမ့်ပိုင်း ရပ်ကွက်တွေတော့ ရေဝင်ကုန်ပြီ။ စိုးရိမ‌်ရေမှတ်အထက် စင်တီမီတာ ၁၀၀ ကျော်လောက် မြင့်တက်နေတယ်။ လူဦးရေ ၁၀၀၀ ကျော် ရေဘေးလွတ်ရာ နေရာတွေကို ရွေ့ပေးထားရတယ်” လို့ ဘားအံမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး
ဦးသန့်ဇင်ဝင်းက ပြောပါတယ်။

ဘားအံမြို့ရဲ့ သံလွင်မြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက်ကို ဩဂုတ်လ၂၃ ရက်နေ့မှာ စတင်ကာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ၉ နာရီ‌ခွဲအချိန်ခန့် တိုင်းထွာချက်အရ ၈၆၆ စင်တီမီတာရောက်ရှိနေတဲ့အပြင် ၂၄နာရီအတွင်း ၃ ပေခန့်ထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ကြောင်း သိရပါတယ်။

သံလွင်မြစ်ရေဟာ လက်ရှိ ဘားအံ၊ မော်လမြိုင်မြို့များမှာ မြစ်ရေဝင်ရောက်မှုမြင့်တက်လျှက်ရှိပြီး ဒီကနေ့ ဩဂုတ်လ၂၅ရက်‌နေ့အထိ ဘားအံမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ အမှတ်၂ရပ်ကွက်နဲ့ အမှတ်၅ ရပ်ကွက်တို့က လူဦးရေ ၁၀၀၀ ကျော်ကို နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ရွေ့ပြောင်းနေရာချထားတယ်လို့ သိရပါတယ်။

ဘားအံမြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့က အိမ်ထောင်စု ၁၆၃ စု၊ လူဦးရေ ၁၀၆၅ ဦးကို ရေဘေးလွတ်ရာနေရာတွေကို ရွေ့ပြောင်းပြီး လိုအပ်တဲ့ထောက်ပံ့‌ရေးပစ္စည်းတွေကိုလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ပေးအပ်ထားတယ်လို့ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #ဘားအံ

Zawgyi

သံလြင္ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ေက်ာ္လြန္တဲ့အတြက္ ဘားအံၿမိဳ႔က ေဒသခံ တစ္
ေထာင္ေက်ာ္ ေရေဘးသင့္

ေနျပည္ေတာ္၊ဩဂုတ္၂၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္အနီးက သံလြင္ျမစ္ေရဟာ မေန႔ဩဂုတ္၂၄ ရက္ေန႕က စတင္ၿပီး ၿမိဳ႕ရဲ႕စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေရာက္ရွိေနတဲ့အတြက္ ‌ေဒသခံ ၁၀၀၀ ေက်ာ္ ေရေဘးသင့္ၿပီး ေဘးလြတ္ရာေနရာေတြကို ေ႐ြ႕ေျပာင္းေပးထားရတယ္လို႔ ဘားအံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ကေန သိရပါတယ္။

” အနိမ့္ပိုင္း ရပ္ကြက္ေတြေတာ့ ေရဝင္ကုန္ၿပီ။ စိုးရိမ‌္ေရမွတ္အထက္ စင္တီမီတာ ၁၀၀ ေက်ာ္ေလာက္ ျမင့္တက္ေနတယ္။ လူဦးေရ ၁၀၀၀ ေက်ာ္ ေရေဘးလြတ္ရာ ေနရာေတြကို ေ႐ြ႕ေပးထားရတယ္” လို႔ ဘားအံၿမိဳ႔နယ္မီးသတ္ဦးစီးဌာနမွ လက္ေထာက္ၫြန္ၾကားေရးမႉး
ဦးသန႔္ဇင္ဝင္းက ေျပာပါတယ္။

ဘားအံၿမိဳ႕ရဲ႔ သံလြင္ျမစ္ေရဟာ ၿမိဳ႕ရဲ႕စိုးရိမ္ေရမွတ္ ၇၅၀ စင္တီမီတာအထက္ကို ဩဂုတ္လ၂၃ ရက္ေန႔မွာ စတင္ကာ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ခဲ့တာျဖစ္ၿပီး ဒီကေန႔မနက္ ၉ နာရီ‌ခြဲအခ်ိန္ခန႔္ တိုင္းထြာခ်က္အရ ၈၆၆ စင္တီမီတာေရာက္ရွိေနတဲ့အျပင္ ၂၄နာရီအတြင္း ၃ ေပခန႔္ထပ္မံျမင့္တက္ႏိုင္တယ္လို႔ ခန္႔မွန္းထားတာျဖစ္ေၾကာင္း သိရပါတယ္။

သံလြင္ျမစ္ေရဟာ လက္ရွိ ဘားအံ၊ ေမာ္လၿမိဳင္ၿမိဳ႕မ်ားမွာ ျမစ္ေရဝင္ေရာက္မႈျမင့္တက္လွ်က္ရွိၿပီး ဒီကေန႔ ဩဂုတ္လ၂၅ရက္‌ေန႔အထိ ဘားအံၿမိဳ႕နယ္၊ အမွတ္ ၁ ရပ္ကြက္၊ အမွတ္၂ရပ္ကြက္နဲ႔ အမွတ္၅ ရပ္ကြက္တို႔က လူဦးေရ ၁၀၀၀ ေက်ာ္ကို နီးစပ္ရာ ဘုန္းႀကီးေက်ာင္းနဲ႔ ဓမၼာ႐ုံေတြမွာ ေ႐ြ႕ေျပာင္းေနရာခ်ထားတယ္လို႔ သိရပါတယ္။

ဘားအံၿမိဳ႕နယ္ရွိ အနိမ့္ပိုင္းရပ္ကြက္အခ်ိဳ႕က အိမ္ေထာင္စု ၁၆၃ စု၊ လူဦးေရ ၁၀၆၅ ဦးကို ေရေဘးလြတ္ရာေနရာေတြကို ေ႐ြ႕ေျပာင္းၿပီး လိုအပ္တဲ့ေထာက္ပံ့‌ေရးပစၥည္းေတြကိုလည္း သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းေတြက ေပးအပ္ထားတယ္လို႔ သိရပါတယ္။

Photo – MFSD
#voiceofmyanmar #VOM #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW