လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ထံ Facebookကပေးအပ်

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ထံ Facebookကပေးအပ်
နယူးယောက်၊ သြဂုတ်-၂၆-၂၀၂၀
မျိုးဆက် (VOM)
မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်တာတွေရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM)ကို  အချက်အလက်တွေ ပေးအပ်ခဲ့တယ်လို့ Facebook ကပြောပါတယ်။
ဘင်္ဂါလီတွေကိုဆန့်ကျင်တဲ့ အမုန်းစကားဖြန့်နေတာတွေကိုရပ်တန့်ဖို့ ၂၀၁၈ ခုနှစ်ကဖယ်ရှားခဲ့တဲ့ မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ အကောင့်နဲ့ ပေ့ချ်တွေက အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ(IIMM)ကို ပေးအပ်ခဲ့တာလို့ Facebookတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအချက်အလက်တွေပေးတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခြင်းမရှိမရှိကို အဲ့ဒီအဖွဲ့က  စုံစမ်းစစ်ဆေးနေသရွေ့ Facebookကနေ  သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ဆက်လက်ပေးအပ်သွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတွေအပေါ် မြန်မာစစ်ဘက်က ၂၀၁၇ ခုနှစ်မှာ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုကာ မြန်မာနိုင်ငံကို  အိုင်စီဂျေမှာ တရားစွဲထားတာဖြစ်ပါတယ်။
အဲ့ဒီစွဲချက်တွေကို မြန်မာတာဝန်ရှိသူတွေက ငြင်းဆိုထားပြီး ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကိုသာ တရားဝင်စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်ခြင်းရှိမရှိ သက်သေအထောက်အထားတွေ စုဆောင်းရယူဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM)ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
Facebook အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုထားပေမယ့်လည်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို ထုတ်ပြန်ခြင်းမရှိဘူးလို့ IIMMအဖွဲ့ရဲ့ အကြီးအကဲက အခုလအစောပိုင်းမှာ ရိုက်တာသတင်းဌာနကို ပြောဆိုထားတာဖြစ်ပါတယ်။
Source- Reuters
Photo : Getty Images
#voiceofmyanmar #VOM #နယူးယောက်
Zawgyi
လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို ျမန္မာနုိင္ငံဆို္င္ရာ ကုလစံုစမ္းေရးအဖြဲ႔ထံ Facebookကေပးအပ္
နယူးေယာက္၊ ၾသဂုတ္-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)
ျမန္မာနိုင္ငံမွာ နိုင္ငံတကာရာဇ၀တ္မႈမ်ားက်ဴးလြန္တာေတြရိွမရိွ စံုစမ္းစစ္ေဆးေနတဲ႔ ျမန္မာနုိင္ငံဆိုင္ရာ လြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးအဖြဲ႔ (IIMM)ကို  အခ်က္အလက္ေတြ ေပးအပ္ခဲ႔တယ္လို႔ Facebook ကေျပာပါတယ္။
ဘဂၤါလီေတြကိုဆန္႔က်င္တဲ႔ အမုန္းစကားျဖန္႔ေနတာေတြကိုရပ္တန္႔ဖို႔ ၂၀၁၈ ခုနွစ္ကဖယ္ရွားခဲ႔တဲ႔ ျမန္မာစစ္ဘက္နဲ႔ဆက္ႏြယ္ေနတဲ႔ အေကာင္႔နဲ႔ ေပ႔ခ်္ေတြက အခ်က္အလက္ေတြကို ျမန္မာနုိင္ငံဆိုင္ရာ(IIMM)ကို ေပးအပ္ခဲ႔တာလို႔ Facebookတာ၀န္ရိွသူတစ္ဦးက ရိုက္တာသတင္းဌာနကိုေျပာပါတယ္။ ဒါေပမယ္႔ ဘယ္လိုအခ်က္အလက္ေတြေပးတယ္ဆိုတာကိုေတာ႔ ထုတ္ေဖာ္ေျပာဆိုတာမရိွပါဘူး။
ျမန္မာနိုင္ငံမွာ နုိင္ငံတကာရာဇ၀တ္မႈေတြ က်ဴးလြန္ျခင္းမရိွမရိွကို အဲ့ဒီအဖြဲ႔က  စံုစမ္းစစ္ေဆးေနသေရြ႔ Facebookကေန  သက္ဆိုင္ရာ သတင္းအခ်က္အလက္ေတြကို ဆက္လက္ေပးအပ္သြားမယ္လို႔ ေျပာပါတယ္။
ရခိုင္ျပည္နယ္ရိွ ဘဂၤါလီေတြအေပၚ ျမန္မာစစ္ဘက္က ၂၀၁၇ ခုနွစ္မွာ ကိုင္တြယ္ပံုနဲ႔ပတ္သက္ျပီး လူမ်ိဳးတုန္းသတ္ျဖတ္ခဲ႔တယ္ဆိုကာ ျမန္မာနိုင္ငံကို  အိုင္စီေဂ်မွာ တရားစြဲထားတာျဖစ္ပါတယ္။
အဲ့ဒီစြဲခ်က္ေတြကို ျမန္မာတာ၀န္ရိွသူေတြက ျငင္းဆိုထားျပီး ရဲစခန္းေတြကို တိုက္ခိုက္ခဲ႔တဲ႔ အၾကမ္းဖက္သမားေတြကိုသာ တရား၀င္စစ္ဆင္ေရးျပဳလုပ္ခဲ႔တာျဖစ္တယ္လို႔ တုံ႕ျပန္ေျပာဆိုထားတာျဖစ္ပါတယ္။
ျမန္မာနိုင္ငံမွာ နိုင္ငံတကာရာဇ၀တ္မႈမ်ားက်ဴးလြန္ျခင္းရိွမရိွ သက္ေသအေထာက္အထားေတြ စုေဆာင္းရယူဖို႔ ျမန္မာနုိင္ငံဆိုင္ရာ လြတ္လပ္သည္႔စံုစမ္းစစ္ေဆးေရးအဖြဲ႔ (IIMM)ကို ကုလသမဂၢလူ႔အခြင္႔အေရးေကာင္စီက ၂၀၁၈ ခုနွစ္မွာ ဖြဲ႔စည္းခဲ႔တာျဖစ္ပါတယ္။
Facebook အဖြဲ႔နဲ႔ပူးေပါင္းေဆာင္ရြက္မယ္လို႔ ကတိျပဳထားေပမယ္႔လည္း ၾကီးေလးတဲ႔ နိုင္ငံတကာရာဇ၀တ္မႈေတြရဲ႕ သက္ေသအေထာက္အထားေတြကို ထုတ္ျပန္ျခင္းမရိွဘူးလို႔ IIMMအဖြဲ႔ရဲ႕ အၾကီးအကဲက အခုလအေစာပိုင္းမွာ ရိုက္တာသတင္းဌာနကို ေျပာဆိုထားတာျဖစ္ပါတယ္။
Source- Reuters
Photo : Getty Images
#voiceofmyanmar #VOM #နယူးေယာက္

Related posts

Leave a Comment

VOM News

FREE
VIEW