ဟောင်ကောင်မှာ ကိုဗစ်ရောဂါကုသပျောက်ကင်းပြီးသူ လေးလအကြာမှာ ဒုတိယအကြိမ် ရောဂါပိုးပြန်ကူးစက်ခံရ

ဟောင်ကောင်မှာ ကိုဗစ်ရောဂါကုသပျောက်ကင်းပြီးသူ လေးလအကြာမှာ ဒုတိယအကြိမ် ရောဂါပိုးပြန်ကူးစက်ခံရ

ဟောင်ကောင်၊ဩဂုတ် ၂၆-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

Coronavirusရောဂါကုသပျောက်ကင်းသူတစ်ဉီးဟာ ဥရောပနိုင်ငံကနေ ဟောင်ကောင်ကိုပြန်လာပြီးနောက်ပိုင်း ဒုတိယအကြိမ်ရောဂါပိုးကူးစက်ခံရသူဖြစ်တယ်လို့ ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနက အတည်ပြုပြောခဲ့ပါတယ်။

ဟောင်ကောင်မီဒီယာတွေရဲ့ သြဂုတ်လ ၂၄ရက်နေ့ သတင်းဖော်ပြချက်တွေမှာတော့ ဒုတိယအကြိမ် ရောဂါပိုးပြန်တွေ့တဲ့လူနာဟာ အသက် ၃၃နှစ်အရွယ် ယောက်ကျားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသားဟာ မတ်လကုန်ပိုင်းက Covid19ရောဂါပိုးတွေ့ရှိခဲ့ပြီး ကုသမှုတွေခံယူကာ ရောဂါပျောက်ကင်းခဲ့သူဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ ပထမဦးဆုံးအကြိမ် ရောဂါပျောက်ကင်းပြီးနောက်ပိုင်း ဒုတိယအကြိမ်ထပ်မံကူးစက်ခံသူလည်းဖြစ်တယ်လို့ ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနကပြောပါတယ်။

သြဂုတ်လအစောပိုင်းမှာ အဲ့ဒီအမျိုးသားဟာ ဗြိတိန်ကနေတဆင့် စပိန်ကိုခရီးထွက်ခဲ့ပြီး ဟောင်ကောင်ကိုပြန်လာတဲ့အချိန် ထပ်မံစစ်ဆေးခဲ့တဲ့အခါ အခုလို ရောဂါပိုးပြန်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနကလည်း ဒီလူနာရဲ့ ရောဂါပိုး ၂ ကြိမ်ကူးစက်မှု ဗိုင်းရပ်စ်မျိုးကွဲဗီဇ(Virus strain gene)အစီအစဉ်တွေဟာ သိသိသာသာကွဲပြားခြားနားနေပြီး ဗိုင်းရပ်စ်ပိုးတွေရဲ့ မျိုးကွဲဗီဇအစီအစဉ်အကြား ကွဲပြားခြားနားမှု ၂၄ ခုရှိတယ်လို့လည်း ပြောပါတယ်။

ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနရဲ့ တွဲဖက်ပါမောက္ခ သူ့ချီဟုန် ပြောတာကတော့ အခုအချိန်ပေါ်ထွက်လာတဲ့ ဒုတိယCoronavirusရောဂါတွေ့ရှိတာဟာ ရောဂါကိုကုသမှုခံယူပြီးပျောက်ကင်းပေမယ့် နောက်တစ်ခါပြန်ဖြစ်နိုင်တယ်လို့လည်း ယူဆကြောင်း သုံးသပ်ပြောပါတယ်။

အခုလိုထပ်ဆင့်ကူးစက်မှုတွေ ပေါ်ထွက်လာတာဟာ ကာကွယ်ဆေးသုတေသနအတွက်လည်း အကျိုးသက်ရောက်လိမ့်မယ်လို့ တွဲဖက်ပါမောက္ခ သူ့ချီဟုန်ကပြောကြားခဲ့ပါတယ်။

REF: Chinanews
Photo:xiangshengtt
#voiceofmyanmar #VOM #ဟောင်ကောင်

Zawgyi

ေဟာင္ေကာင္မွာ ကိုဗစ္ေရာဂါကုသေပ်ာက္ကင္းၿပီးသူ ေလးလအၾကာမွာ ဒုတိယအႀကိမ္ ေရာဂါပိုးျပန္ကူးစက္ခံရ

ေဟာင္ေကာင္၊ဩဂုတ္ ၂၆-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

Coronavirusေရာဂါကုသေပ်ာက္ကင္းသူတစ္ဉီးဟာ ဥေရာပႏိုင္ငံကေန ေဟာင္ေကာင္ကိုျပန္လာၿပီးေနာက္ပိုင္း ဒုတိယအႀကိမ္ေရာဂါပိုးကူးစက္ခံရသူျဖစ္တယ္လို႔ ေဟာင္ေကာင္တကၠသိုလ္အဏုဇီဝေဗဒဌာနက အတည္ျပဳေျပာခဲ့ပါတယ္။

ေဟာင္ေကာင္မီဒီယာေတြရဲ႕ ၾသဂုတ္လ ၂၄ရက္ေန႔ သတင္းေဖာ္ျပခ်က္ေတြမွာေတာ့ ဒုတိယအႀကိမ္ ေရာဂါပိုးျပန္ေတြ႕တဲ့လူနာဟာ အသက္ ၃၃ႏွစ္အ႐ြယ္ ေယာက္က်ားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ မတ္လကုန္ပိုင္းက Covid19ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး ကုသမႈေတြခံယူကာ ေရာဂါေပ်ာက္ကင္းခဲ့သူျဖစ္တဲ့အျပင္ ကမ႓ာေပၚမွာ ပထမဦးဆံုးအႀကိမ္ ေရာဂါေပ်ာက္ကင္းၿပီးေနာက္ပိုင္း ဒုတိယအႀကိမ္ထပ္မံကူးစက္ခံသူလည္းျဖစ္တယ္လို႔ ေဟာင္ေကာင္တကၠသိုလ္အဏုဇီဝေဗဒဌာနကေျပာပါတယ္။

ၾသဂုတ္လအေစာပိုင္းမွာ အဲ့ဒီအမ်ိဳးသားဟာ ၿဗိတိန္ကေနတဆင့္ စပိန္ကိုခရီးထြက္ခဲ့ၿပီး ေဟာင္ေကာင္ကိုျပန္လာတဲ့အခ်ိန္ ထပ္မံစစ္ေဆးခဲ့တဲ့အခါ အခုလို ေရာဂါပိုးျပန္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ေဟာင္ေကာင္တကၠသိုလ္အဏုဇီဝေဗဒဌာနကလည္း ဒီလူနာရဲ႕ ေရာဂါပိုး ၂ ႀကိမ္ကူးစက္မႈ ဗိုင္းရပ္စ္မ်ိဳးကြဲဗီဇ(Virus strain gene)အစီအစဥ္ေတြဟာ သိသိသာသာကြဲျပားျခားနားေနၿပီး ဗိုင္းရပ္စ္ပိုးေတြရဲ႕ မ်ိဳးကြဲဗီဇအစီအစဥ္အၾကား ကြဲျပားျခားနားမႈ ၂၄ ခုရွိတယ္လို႔လည္း ေျပာပါတယ္။

ေဟာင္ေကာင္တကၠသိုလ္အဏုဇီဝေဗဒဌာနရဲ႔ တြဲဖက္ပါေမာကၡ သူ႔ခ်ီဟုန္ ေျပာတာကေတာ့ အခုအခ်ိန္ေပၚထြက္လာတဲ့ ဒုတိယCoronavirusေရာဂါေတြ႕ရွိတာဟာ ေရာဂါကိုကုသမႈခံယူၿပီးေပ်ာက္ကင္းေပမယ့္ ေနာက္တစ္ခါျပန္ျဖစ္ႏိုင္တယ္လို႔လည္း ယူဆေၾကာင္း သံုးသပ္ေျပာပါတယ္။

အခုလိုထပ္ဆင့္ကူးစက္မႈေတြ ေပၚထြက္လာတာဟာ ကာကြယ္ေဆးသုေတသနအတြက္လည္း အက်ိဳးသက္ေရာက္လိမ့္မယ္လို႔ တြဲဖက္ပါေမာကၡ သူ႔ခ်ီဟုန္ကေျပာၾကားခဲ့ပါတယ္။

REF: Chinanews
Photo:xiangshengtt
#voiceofmyanmar #VOM #ေဟာင္ေကာင္

Related posts

Leave a Comment

VOM News

FREE
VIEW