ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲသာ ဝင်ရောက်ယှဉ်ပြိုင်မယ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲသာ ဝင်ရောက်ယှဉ်ပြိုင်မယ် စစ်တွေ၊ သြဂုဏ် ၁၀-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာ ကျရောက်မယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းထားပြီး ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က (VOM)ကို ပြောပါတယ်။ သူတို့အနေနဲ့ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ လက်ရှိမြေပြင်အခြေအနေတွေအရ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ကြောင်းနဲ့ ပါတီရဲ့ ဌာနချုပ်ရှိရာ ကျောက်တော်မြို့နယ်မှာတော့ ဝင်ပြိုင်သွားမှာလို့ ပြောပါတယ်။ ALDပါတီအနေနဲ့ သံတွဲခရိုင်အတွင်းက ဂွမြို့နယ်ကလွှဲပြီး ကျန်တဲ့ တောင်ပိုင်းမြို့နယ်တွေမှာ ဝင်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပါတီဥက္ကဌက ပြောပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးကျော်မြင့်ပြောပြတာက ” ကိုယ်စားလှယ်လောင်း အမည်စာရင်းက ၇ ရက်နေ့ နောက်ဆုံးဆိုတော့ အခုကတော့ အကုန်ရွေးပြီးပါပြီး။ အကုန်လုံးက (၂၆)…

Read More

ရန်ကုန်တိုင်းမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်နီးပါးရှိ

ရန်ကုန်တိုင်းမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်နီးပါးရှိ ရန်ကုန်၊သြဂုတ် ၁၀-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းဦးရေ တစ်ထောင်နီးပါးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ” ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာအတွက် ၂၉၅ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ၇၂ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၉၀ အတွက် ၅၇၅ဦး၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ၇ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ၆ဦး”လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကောက်မရှင်ဥက္ကဌ ဦးကြည်မြင့်ကပြောပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၄၃)ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၃၂)ဦးတို့က အမည်စာရင်းတင်သွင်းထားတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ညီညွတ်တဲ့ ဒီမိုကရက်တစ်ပါတီတို့က မဲဆန္ဒနယ်(၁၄၉) နေရာအကုန်လုံးကိုဝင်ပြိုင်ဖို့ အမည်စာရင်းပေးထားတယ်လို့ ဦးကြည်မြင့်ကပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ မဲဆန္ဒနယ် (၁၄၇) နေရာ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက (၁၄၈) နေရာ၊ ပြည်သူ့ပါတီက (၄၈) နေရာ၊ ပြည်သူ့ရှေဆောင်ပါတီက (၉၈) နေရာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း…

Read More

ဖားကန့် မြေပြိုကျမှုမှာပါသွားတဲ့ ဆယ်တန်းကျောင်းသား တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်

ဖားကန့် မြေပြိုကျမှုမှာပါသွားတဲ့ ဆယ်တန်းကျောင်းသား တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် ရန်ကုန်၊ သြဂုတ် ၉-၂၀၂၀ သိင်္ဂီ (VOM) ဖားကန့်၊ ဝှေခါမှော်ပြိုကျမှုမှာပါသွားခဲ့တဲ့ ဆယ်တန်းကျောင်းသားမောင်စိုးသူအောင်ဟာ ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ မှာ ထွက်ရှိတဲ့ ၂၀၂၀ ခုနှစ်ဆယ်တန်းအောင်စာမေးပွဲကို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ မန္တလေးတိုင်းဒေသကြီး၊ အ.ထ.က မြို့လှ (ရမည်းသင်း) စာစစ်ဌာနကနေ ဝိဇ္ဇာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူဖြစ်ပါတယ်။ “ဆယ်တန်းအောင်တယ် ဟုတ်ပါတယ်။ ဒီမှာက ကလေးနေတဲ့ ရမည်းသင်းက ဆရာတော်တစ်ပါးက ကျောင်းထိုင်တယ်။ဒီကို လာလည်ရင်း ကူညီရင်းနဲ့ ကျင်းထဲသွားကျင်းတူးရာကနေ ပါသွားတာပေါ့။ကလေးက ကံဆိုးတဲ့အထဲပါသွားခဲ့တာပါ။ “လို့ ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းကပြောပါတယ်။ ကျောင်းသားလေးဟာ ဒီနှစ် တက္ကသိုလ်ဝင်ဆယ်တန်းစာမေးပွဲကို ရိုရိုးအောင်မြင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မောင်စိုးသူအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကဖြစ်ပွားခဲ့ ဖားကန့် ၊ ဝှေခါမှော်မြေပြိုမှု မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး…

Read More

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး ကလေး၊ သြဂုတ် ၉၊၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာနေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသားတစ်ဦး စာမေးပွဲမအောင်တာကြောင့် ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထန်းပင်ကုန်းကျေးရွာ တာဝန်ခံ ဦးတင်ထွန်း က ပြောပါတယ်။ ထန်းပင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ မောင်လှဇော်ထွန်း အသက်(၁၈) နှစ်ဟာ နေအိမ်ခြံဝန်းထဲမှာရှိတဲ့ အိမ်အဟောင်းအပေါ်ထပ် ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို ဒီနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က နေအိမ်ကလူတွေက မြင်တွေ့ခဲ့တာဖြစ်ပြီး မောင်လှဇော်ထွန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တာ ဒီနှစ်နဲ့ ဆိုရင် နှစ်ကြိမ်ရှိနေပြီဖြစ်ပေမယ့် စာမေးပွဲမအောင်မြင်တာကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျေးရွာတာဝန်ခံ ဦးတင်ထွန်း ပြောပြတာက “အိမ်အသစ် ဆောက်တော့ အိမ်အဟောင်းက မဖျက်ရသေးဘူး။ အဲ့ဒီ အိမ်အဟောင်း အပေါ်ထပ်မှာဖြစ်တာ။ အိမ်အသစ်မှာတော့ လူတွေတက်နေကုန်ကျပြီ။ အိမ်အဟောင်းကို…

Read More

ရသေ့တောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးတစ်ဦးအပါဝင် (၄) ဦးဒဏ်ရာရ

ရသေ့တောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး (၁) နှစ်ကျော် ကလေးတစ်ဦးအပါဝင် (၄) ဦးဒဏ်ရာရ ရသေ့တောင်၊ သြဂုဏ် ၉- ၂၀၂၀ ထက်အောင်းစိုင်း (VOM) ရသေ့တောင်မြို့နယ်မှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး မေယုမြစ်အတွင်းက လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အောက်ကျောင်းတောင်ကျေးရွာထဲကိုကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် (၄) ဦးဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ အောက်ကျောင်းတောင်ကျေးရွာသား ဦးခင်မောင်ဌေး ပြောပြတာက” ကျနော်တို့ရွာမှာ လူတွေဒဏ်ရာရကြတာ ဟုတ်ပါတယ်။ အဓိကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျည်စတွေထိမှန်တာလို့ သိရတယ်။ အပြန်အလှန်ပစ်ခတ်တာလား ဘယ်လိုမျိုးလဲဆိုတာ ကျနော်တို့မသိဘူး။ ဇက်ကလည်း ပစ်တယ်။ မြစ်တစ်ဖက်ကမ်းက လည်းပစ်တယ်လို့ ပြောသံကြားတယ်။ အတိအကျမသိဘူး။အဲဒီပစ်ခတ်မှုတွေကြောင့် အောက်ကျောင်းတောင် ကျေးရွာက ဒေသခံတချို့ စေတီပြင်ကျေးရွာဖက်ကို ထွက်ပြေးနေရတယ်၊ ခြေကျင်ပြေးတဲ့သူတွေရှိသလို စက်တပ် လှေတွေနဲ့ ပြေးတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ဟာ မေယုမြစ်ဖက်ကနေ အောက်ကျောင်းတောင်ကျေးရွာထဲကို…

Read More

အကျဉ်းဦးစီးဌာန စာဖြေဌာနတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးအောင်မြင်

အကျဉ်းဦးစီးဌာန စာဖြေဌာနတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးအောင်မြင် နေပြည်တော်၊ဩဂုတ် ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ပြည်ထဲရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ အကျဉ်းထောင်‌တွေကနေ ၂၀၁၉ -၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ အကျဉ်းသားနဲ့အချုပ်ကျတရားခံ၁၇၈ ဦးထဲက လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးဖြေဆို အောင်မြင်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ “‌ဖြေဆိုသူဦးရေ မတူပေမယ့် အခုနှစ်အာ အောင်မြင်ချက်ရာခိုင်နူန်းမြင့်တယ်ပြော ရပါမယ်။ မနှစ်က ၁၇၁ ယောက်မှာ ၉၄ ဦးအောင်တယ်။မနှစ်က အောင်ချက် ၅၄ ဒဿမ ၉၇ ဖြစ်ပြီး ၊ အခုနှစ် ၆၀ ရာခိုင်နူန်းပါ”လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးရဲရင့်နိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက အကျဉ်းထောင်ပေါင်း ၁၁ ခုမှာအကျဉ်းသား ၁၆၂ ဦး၊အကျဉ်းသူ ၁၃ ဦး၊ အချုပ်ကျတရားခံ၂ ဦး၊ အချုပ်ကျတရားခံအမျိုးသမီး ၁…

Read More

ကွာရန်တင်းစင်တာမှာ ဘိန်းဖြူနဲ့ ဆေးထိုးအပ်တွေ ဖမ်းဆီးရမိ

ကွာရန်တင်းစင်တာမှာ ဘိန်းဖြူနဲ့ ဆေးထိုးအပ်တွေ ဖမ်းဆီးရမိ မုံရွာ ၊ သြဂုတ် ၉ – ၂၀၂၀ ကိုတိုးကြီး (VOM) မိုယ်းကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည်သူ့အားကစားကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ COVID-19 Facility Quarantine Centreမှာ မနေ့သြဂုတ်လ ၈ရက်မနက်ပိုင်းက ဘိန်းဖြူဆေးထိုးအပ်တွေ ဖမ်းဆီးရမိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ အဲ့ဒီစင်တာမှာ ထိုင်းကပြန်လာပြီး Q ဝင်နေတဲ့ ဖြိုးဇင်ဝင်းမောင်ဆီကို သူ့သူငယ်ချင်း ဇော်ဝင်းလတ်က မနက် ၁၀ နာရီခွဲလောက်မှာ အစားအသောက်တွေလာပို့တယ်၊ အဲ့ဒီမှာ တာဝန်ကျနေတဲ့ နယ်ထိန်း ဒုရဲအုပ် စိုးညွှန့်အောင်နဲ့အဖွဲ့က ပါဆယ်ထုပ်တွေကို စစ်ဆေးကြည့်တယ် ၊ ငှက်ပျောကြော်အထုပ်ထဲက ဘိန်းဖြူမှုန့်ထည့်ပြီးသား ပလပ်စတစ် ဆေးထိုးအပ် သုံးချောင်းတွေ့ရလို့ ဖမ်းဆီးခဲ့တာပါ ”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ပြည်နယ်မှုခင်းအကူဌာနစိပ်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ထိုင်းနိုင်ငံကပြန်လာပြီး…

Read More

ကချင်ပြည်နယ်မှာ အရင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာ ၁၀ ရွာ အခုနှစ် မဲရုံဖွင့်မယ်

ကချင်ပြည်နယ်မှာ အရင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာ ၁၀ ရွာ အခုနှစ် မဲရုံဖွင့်မယ် မြစ်ကြီးနား၊ သြဂုတ် ၉-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်းက ကျေးရွာ ၁၀ ရွာကို နယ်မြေအေးချမ်းလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲပြန်ကျင်းပနိုင်မယ်လု့ိ ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က VOM ကို ပြောပါတယ်။ အဲ့ဒီရွာတွေကတော့ ခေါင်းလန်ဖူးမြို့နယ်က ခင်လွမ်ကျေးရွာ၊ ဝိုင်းမော်မြို့နယ်က နန်ဆန်ယန်နဲ့ ဇခုန်ကျေးရွာ၊ မိုးမောက်မြို့နယ်က ကျရီဒကော်ကျေးရွာ၊ စိန်လုံပန်မူကျေးရွာ၊ ကုန်ပြီကျေးရွာ၊ ဦးထန်ယန်ကျေးရွာ၊ မန်ပိန်ကျေးရွာနဲ့ ရွေကူမြို့နယ်က အမတ်ကြီးကုန်းကျေးရွာတို့ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲစာရင်းကောက်ယူနိုင်ခြင်း မရှိတဲ့ ကျေးရွာတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ နယ်မြေလုံခြုံရေး အခြေအနေ ပြန်ကောင်းလာတဲ့အတွက် မဲရုံဖွင့်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နယ်မြေအခြေအနေ အေးချမ်လာတဲ့အတွက် မန်စီမြို့နယ်၊ မုန်ဒိန်းပါကျေးရွာမှာ မဲရုံဖွင့်လှစ်နိုင်ဖို့ ဇူလိုင်လအတွင်းက…

Read More

သိမ်ဇရပ် မြသိန်းတန်ဘုရားကုန်း မြေသားနံရံအက်ကြောင်းများ ပိုကြီးမားလာ

သိမ်ဇရပ် မြသိန်းတန်ဘုရားကုန်း မြေသားနံရံအက်ကြောင်းများ ပိုကြီးမားလာ နေပြည်တော်၊ဩဂုတ် ၈-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်ကျို၊က်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ၊ အမှတ် ၄ ရပ်ကွက် မြသိန်းတန်ဘုရားကုန်းအနီးမ‌ှာ လွန်ခဲ့တဲ့တစ်နှစ်ခန့်က စတင်ဖြစ်ပေါ်ခဲ့တဲ့ မြေသားနံရံအက်ကွဲကြောင်းကြီးတွေဟာ အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက်ပိုင်း ပိုမိုကျယ်ပြန့်ကြီးမားလာတယ်လို့ေ‌ဒသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ “တောင်ရဲ့ အောက်ခြေမှာတင် အိမ်‌ခြေ၂၈ အိမ် လောက်ရှိတယ်။ တစ်ကယ် လို့ ပြိုကျမယ်ဆို ထိခိုက်ပျက်ဆီးနိုင်မယ့် အိမ်ခြေ ၇၀ နီးပါးဆိုတော့ စိုးရိမ်မိတယ်”လို့ သိမ်ဇရပ်ဒေသခံ ဦးစိုင်းရက ပြောပါတယ်။ မြသိန်းတန်တာငေ်ခြေ‌နဲ့ အနီးတစ်ဝိုက် လူနေအိမ်ခြေ ၇၀ ခန့်ရှိနေပြီး အချိန်မီ ပြင်ဆင်ထိန်းသိမ်းမှုများ မလုပ်ဆောင်တဲ့အတွက် မြေပြိုကျပါက အိမ်ထောင်စု ၇၀ နီးပါးနဲ့မိသားစုဝင် ၃၀၀ ကျော် အခက်ခဲနဲ့ ကြုံတွေ့နိုင်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အခုလိုမြေသားကြောင်းအက်ကွဲရာ ဖြစ်ပေါ်နေတဲ့ မြသိန်းတန်ဘုရားကုန်းနေရာကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်…

Read More

ရသေ့တောင်မြို့ကစစ်ဘေးရှောင်တွေရဲ့ အဆင်မပြေတဲ့ နေထိုင်ရေးပုံရိပ်တွေ

ရသေ့တောင်မြို့ကစစ်ဘေးရှောင်တွေရဲ့ အဆင်မပြေတဲ့ နေထိုင်ရေးပုံရိပ်တွေ စစ်တွေ၊ ဩဂုတ် ၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့ရဲ့ အနောက်ဖက် မေယုမြစ်ကမ်းအနီးကို ကြည့်မယ်ဆိုရင် စစ်ဘေးရှောင်စခန်းတွေက တဲအိမ်တွေကို လှမ်းမြင်ရမှာဖြစ်ပြီး မြို့ရဲ့ရပ်ကွက်တိုင်းက ဘုန်းကြီးကျောင်းတွေမှာလည်း စစ်ဘေးရှောင်တွေကို မြင်တွေ့ရကာ မိုးရာသီအတွင်းမှာ သူတို့ရဲ့နေထိုင်မှုပုံစံတွေ ဘယ်လိုရှိလဲဆိုတာကို တွေ့မြင်ကြရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်ဦးရေး သောင်းချီရှိတဲ့ အနက် ရသေ့တောင်မြို့ပေါ်တစ်ခုတည်းမှာ စစ်ဘေးရှောင်ဦးရေ (၇) ကျော်ရှိပြီး အဲဒီ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေး နေထိုင်ရေးက အစအခက်အခဲတွေနဲ့ ကြုံတွေ့နေရကာ တိုက်ပွဲတွေ ရပ်ရင် မိမိတို့ရဲ့ ရွာကို ပြန်ချင်တဲ့ ဆန္ဒရှိနေပါတယ်။ လက်ရှိ မိုးရာသီကာလမှာတော့ စစ်ဘေးရှောင်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး ထောင်နဲ့ချီတဲ့ ကလေးတွေ၊ အဖိုးအဖွားတွေအပြင် အမျိုးသမီးတွေလည်းရှိရာ သူတို့ရဲ့ နေထိုင်ရေးအဆင်မပြေမှုတွေရှိပေမယ့် ဒေသတည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် နေရပ်ပြန်နိုင်မယ့်…

Read More
VOM News

FREE
VIEW