ရသေ့တောင်မြို့ကစစ်ဘေးရှောင်တွေရဲ့ အဆင်မပြေတဲ့ နေထိုင်ရေးပုံရိပ်တွေ

ရသေ့တောင်မြို့ကစစ်ဘေးရှောင်တွေရဲ့ အဆင်မပြေတဲ့ နေထိုင်ရေးပုံရိပ်တွေ

စစ်တွေ၊ ဩဂုတ် ၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့ရဲ့ အနောက်ဖက် မေယုမြစ်ကမ်းအနီးကို ကြည့်မယ်ဆိုရင် စစ်ဘေးရှောင်စခန်းတွေက တဲအိမ်တွေကို လှမ်းမြင်ရမှာဖြစ်ပြီး မြို့ရဲ့ရပ်ကွက်တိုင်းက ဘုန်းကြီးကျောင်းတွေမှာလည်း စစ်ဘေးရှောင်တွေကို မြင်တွေ့ရကာ မိုးရာသီအတွင်းမှာ သူတို့ရဲ့နေထိုင်မှုပုံစံတွေ ဘယ်လိုရှိလဲဆိုတာကို တွေ့မြင်ကြရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်ဦးရေး သောင်းချီရှိတဲ့ အနက် ရသေ့တောင်မြို့ပေါ်တစ်ခုတည်းမှာ စစ်ဘေးရှောင်ဦးရေ (၇) ကျော်ရှိပြီး အဲဒီ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေး နေထိုင်ရေးက အစအခက်အခဲတွေနဲ့ ကြုံတွေ့နေရကာ တိုက်ပွဲတွေ ရပ်ရင် မိမိတို့ရဲ့ ရွာကို ပြန်ချင်တဲ့ ဆန္ဒရှိနေပါတယ်။

လက်ရှိ မိုးရာသီကာလမှာတော့ စစ်ဘေးရှောင်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး ထောင်နဲ့ချီတဲ့ ကလေးတွေ၊ အဖိုးအဖွားတွေအပြင် အမျိုးသမီးတွေလည်းရှိရာ သူတို့ရဲ့ နေထိုင်ရေးအဆင်မပြေမှုတွေရှိပေမယ့် ဒေသတည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် နေရပ်ပြန်နိုင်မယ့် အိပ်မက်တွေဟာလည်း အလှမ်းဝေးနေကြတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေဟာ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်မာနေဆဲဖြစ်ပြီး နေရပ်စွန့်ခွာသူတွေလည်း ထပ်တိုးလာနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်မာမှုတွေကြောင့် ယခု ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ဘေးရှောင်ဦးရေ (၂) သိန်းနီးပါရှိလာနေပြီဖြစ်ကြောင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာလည်း စစ်ဘေးရှောင်ဦးရေ (၁) သောင်းနီးပါးရှိကြောင်း အရပ်ဖက်အဖွဲ့တွေနဲ့ လွှတ်တော်ကိုစားလှယ်တွေဆီက နေသိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရေသ့ေတာင္ၿမိဳ႕ကစစ္ေဘးေရွာင္ေတြရဲ႕ အဆင္မေျပတဲ့ ေနထိုင္ေရးပုံရိပ္ေတြ

စစ္ေတြ၊ ဩဂုတ္ ၈- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရေသ့ေတာင္ၿမိဳ႕ရဲ႕ အေနာက္ဖက္ ေမယုျမစ္ကမ္းအနီးကို ၾကည့္မယ္ဆိုရင္ စစ္ေဘးေရွာင္စခန္းေတြက တဲအိမ္ေတြကို လွမ္းျမင္ရမွာျဖစ္ၿပီး ၿမိဳ႕ရဲ႕ရပ္ကြက္တိုင္းက ဘုန္းႀကီးေက်ာင္းေတြမွာလည္း စစ္ေဘးေရွာင္ေတြကို ျမင္ေတြ႕ရကာ မိုးရာသီအတြင္းမွာ သူတို႔ရဲ႕ေနထိုင္မႈပုံစံေတြ ဘယ္လိုရွိလဲဆိုတာကို ေတြ႕ျမင္ၾကရတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ဦးေရး ေသာင္းခ်ီရွိတဲ့ အနက္ ရေသ့ေတာင္ၿမိဳ႕ေပၚတစ္ခုတည္းမွာ စစ္ေဘးေရွာင္ဦးေရ (၇) ေက်ာ္ရွိၿပီး အဲဒီ ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ေတြရဲ႕ စားေရးေသာက္ေရး ေနထိုင္ေရးက အစအခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရကာ တိုက္ပြဲေတြ ရပ္ရင္ မိမိတို႔ရဲ႕ ႐ြာကို ျပန္ခ်င္တဲ့ ဆႏၵရွိေနပါတယ္။

လက္ရွိ မိုးရာသီကာလမွာေတာ့ စစ္ေဘးေရွာင္ေတြဟာ အခက္အခဲေပါင္းစုံနဲ႔ ရင္ဆိုင္ေနရၿပီး ေထာင္နဲ႔ခ်ီတဲ့ ကေလးေတြ၊ အဖိုးအဖြားေတြအျပင္ အမ်ိဳးသမီးေတြလည္းရွိရာ သူတို႔ရဲ႕ ေနထိုင္ေရးအဆင္မေျပမႈေတြရွိေပမယ့္ ေဒသတည္ၿငိမ္ေအးခ်မ္းမႈ မရွိတဲ့အတြက္ ေနရပ္ျပန္ႏိုင္မယ့္ အိပ္မက္ေတြဟာလည္း အလွမ္းေဝးေနၾကတာ ျဖစ္ပါတယ္။

လက္ရွိအေျခအေနေတြဟာ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္မာေနဆဲျဖစ္ၿပီး ေနရပ္စြန႔္ခြာသူေတြလည္း ထပ္တိုးလာေနပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္မာမႈေတြေၾကာင့္ ယခု ၂၀၂၀ ခုႏွစ္ ဇူလိုင္လကုန္အထိ စစ္ေဘးေရွာင္ဦးေရ (၂) သိန္းနီးပါရွိလာေနၿပီျဖစ္ေၾကာင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသမွာလည္း စစ္ေဘးေရွာင္ဦးေရ (၁) ေသာင္းနီးပါးရွိေၾကာင္း အရပ္ဖက္အဖြဲ႕ေတြနဲ႔ လႊတ္ေတာ္ကိုစားလွယ္ေတြဆီက ေနသိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW