၂၀၂၀ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ဗကသအဖွဲ့ဝင်များ သပိတ်မှောက် မန္တလေး၊ သြဂုတ် ၈-၂၀၂၀ မှူးသခင်(VOM) ဗကသကျောင်းသားတွေအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့အတွက် ဒီကနေ့ဩဂုတ်လ ၈ ရက် နေ့လယ်ပိုင်းက ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်း၊ ဗမာနိုင်လုံးဆိုင်ရာကျောင်းသများသမဂ္ဂအဖွဲ့ချုပ်ယာယီရုံးခွဲရှေ့မှာ သပိတ်မှောက်တာနဲ့ ၊ No Voteကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။ ” No vote ကျွန်တော်တို့လုပ်ပြီဆိုကတည်းက ဒီအစိုးရအသုံးမကျလို့ပေါ့ ဒီအစိုးရမအသုံးမကျရင်နောက်အစိုးရလဲအသုံးကျစရာမရှိဘူး ဒီတော့ပြည်သူလူထုအများစုကြီးကယုံယုံကြည်ကြည်နဲ့မဲပေးခဲ့ကြလို့ တောင်ပြိုကမ်းပြိုနိုင်သွားတဲ့ပါတီတောင်မအသုံးမကျဘူးဆိုရင် ဘယ်လိုပါတီကအသုံးကျမှာလဲ “လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကပြောပါတယ် ။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေအောက်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့အတွက် အခုလို ၂၀၂၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊No Vote ကမ်းပိန်းကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌ ကိုသက်မောင်မောင်ကပြောပါတယ်။ “ကျွန်တော်တို့မဲမပေးရေးလှုပ်ရှားမှုအောင်မြင်ခဲ့ရင် အခြေခံဥပဒေမှာ အကျပ်အတည်းပေါ်မယ်၊ လွတ်လပ်ရေးရခဲ့တဲ့ ၄၇ /၄၈အခြေခံဥပဒေအကျပ်အတည်းပေါ်တော့ ၆၂အာဏာသိမ်းမှုဖြစ်တယ်၊ ၇၄ဖွဲ့စည်းပုံအကျပ်အတည်းပေါ်တဲ့အခါမှာ ၈၈အာဏာသိမ်းမှုဖြစ်တယ်၊ သူတို့ဆက်ပြီးတော့ကိုင်ထားတယ်၊ နဝတ…
Read MoreMonth: August 2020
တောဆင်ရိုင်တစ်ကောင်း ဓာတ်လိုက်ပြီး သေဆုံးခဲ့တာကြောင့် လူနှစ်ဦးကို အမှုဖွင့်အရေးယူ
တောဆင်ရိုင်တစ်ကောင်း ဓာတ်လိုက်ပြီး သေဆုံးခဲ့တာကြောင့် လူနှစ်ဦးကို အမှုဖွင့်အရေးယူ မုံရွာ၊ သြဂုတ် ၈-၂၀၂၀ ကိုတိုးကြီး (VOM) တိုက်ကြီးမြို့နယ် ၊ သနပ်ချောင်းကျေးရွာအုပ်စု ၊ မြောက်လိုင်းရိုးမကြိုးဝိုင်း အကွက်အမှတ် (၂၁)အတွင်း သေဆုံးခဲ့တဲ့ တောရိုင်းဆင်အထီး တစ်ကောင်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူ လူနှစ်ဦးကို ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ မနေ့သြဂုတ်လ ၇ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။ “ သေဆုံးတဲ့ဆင်က အမြင့် (၇)ပေ ၊ အလျားလုံးပတ် (၁၀ ပေ ၉ လက္မ) ၊ကျောရိုး (၆ပေ ၉ လက္မ )အမြီး (၃ ပေ ၇ လက္မ ) ခွာဖုံး (၃ ပေ ၈ လက္မ) နှာမောင်း…
Read Moreပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကောက်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိ
ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကောက်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိ ရန်ကုန်၊သြဂုတ်၈-၂၀၂၀ အေးချမ်းသူ(VOM) ပြည်တွင်းရွှေပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရရှိရေးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရမှာသာ တာဝန်ရှိတယ်လို့ မြန်မာနိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)မှ အထွေထွေအတွင်းရေးမှုး ချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။ အလုပ်သမားအမျာစုဟာ အိမ်ဌားနေထိုင်ခြင်း၊ ကျူးကျော်တဲမှာနေထိုင်ခြင်းတို့ကြောင့် မဲစာရင်းမှာ မပါဝင်ခြင်း၊နေရပ်ပြန်ပြီး မဲပေးဖို့ အဆင်မပြေခြင်း၊ အလုပ်ပြန်နောက်ကျကာ မဲစာရင်းမကြည့်နိူင်တဲ့အတွက် ပြည်တွင်းရွှေပြောင်းရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ များစွာအခက်အခဲရှိတယ်လို့ ဦးသက်နှင်းအောင်ကသုံးသပ်ပြောပြပါတယ်။ “ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နေတဲ့အခက်အခဲက ရပ်ကွက်အတွင်းရက်ပေါင်း ၉၀အတွင်းနေထိုင်ရမယ်လို့ဥပဒေမှာပါတယ်။ ဒါပေမယ့် အခုခေတ်က ဧည့်စာရင်းကမရှိတော့ အခက်အခဲရှိတယ်။ အမှန်တကယ်နေထိုင်ကြောင်းလည်း သက်သေပြလို့မရဘူး။ရပ်ကွက်တွေကလည်း ထောက်ခံစာမပေးဘူး။ အလုပ်ရှင်ဆီကလည်း ထောက်ခံစာယူလို ရတယ်လို့ညွန်ကြားထားလည်း မရှိဘူး။ ဒါလက်ရှိ အလုပ်သမားတွေမဲပေးခွင့်နဲ့ ဖြစ်နေတဲ့ပြသာနာပါ”လို့ ဦးသက်နှင်းအောင်ကပြောပါတယ်။ အဲ့ဒီပြသာနာတွေကြောင့် အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြည်တွင်းရှိစက်ရုံအလုပ်ရုံတွေက ရွှေပြောင်းအလုပ်သမားတွေမဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ အလုပ်ရှင်များနဲ့ပူးပေါင်းပြီး မဲပေးနိူင်ဖို့အတွက် တိုက်တွန်းပြောဆိုသွားမယ်လို့ ပြောပါတယ်။ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ…
Read Moreဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ တရုတ်ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန် အရေးယူပိတ်ဆို့
ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ တရုတ်ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန် အရေးယူပိတ်ဆို့ ဝါရှင်တန်၊ သြဂုတ် ၈-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်ဘဏ္ဍာရေးဌာနဟာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်း၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတို့က ထိပ်တန်းတာဝန်ရှိသူ ၁၀ ဦးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ ဒီလို အရေးယူပိတ်ဆို့မှုချမှတ်လိုက်တာဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လျော့ပါးဖို့ လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိမန်နျူချင်က ပြောပါတယ်။ အမေရိကန်အနေနဲ့ ဟောင်ကောင်ပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ မန်နျူချင်က ဆိုပါတယ်။ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကိုခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားတဲ့ အငြင်းပွားဖွယ်လုံခြုံရေးဥပဒေကို တရုတ်အစိုးရက ဟောင်ကောင်မှာ ပြဌာန်းလိုက်ပြီးနောက် ဥပဒေအကောင်အထည်ဖော်ရာမှာ ပါဝင်သူတွေကို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ အရေးယူပိတ်ဆို့ခံရသူတွေထဲမှာ ဟောင်ကောင်ရဲမင်းကြီးနဲ့ အခြားထိပ်တန်းနိုင်ငံရေး သမားတွေလည်း ပါဝင်နေပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ဖိနှိပ်တဲ့ တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက တိုက်ရိုက်စွပ်စွဲထားပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား…
Read Moreအာဏာရှင်တော်လှန်ခဲ့တဲ့ သြဂုတ်လ(၈)ရက်နေ့ကို အသိအမှတ်ပြုဖို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုများကတောင်းဆို
အာဏာရှင်တော်လှန်ခဲ့တဲ့ သြဂုတ်လ(၈)ရက်နေ့ကို အသိအမှတ်ပြုဖို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုများကတောင်းဆို ပြည်၊ သြဂုတ် ၈-၂၀၂၀ လမင်း(VOM) ၁၉၈၈ ခုနှစ်မှာ ကျောင်းသား ၊ ပြည်သူတက်ညီလက်ညီနဲ့ အာဏာရှင်စနစ်ကိုတိုက်ထုတ်ပြီး ဒီမိုကရေစီစနစ်ရရှိအောင်ကြိုးစားတဲ့ လူထု့အရေးတော်ပုံကြီးဟာ အခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ ၃၂ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို ၃၂ နှစ်ပြည့်မြောက်ခဲ့သော်လည်း ၈၈၈၈ အောက့်မေ့ဖွယ်နေ့ဖြစ်တဲ့ ဩဂုတ်လ ၈ ရက်နေ့ကို လက်ရှိအစိုးရအနေနဲ့ တရားဝင်အသိအမှတ်မပြုသေးတာကြောင့် တရားဝင်အသိအမှတ်ပြုဖို့ ပြည်ခရိုင်နိုင်ငံရေးအင်အားစုတွေက ဒီကနေ့မှာပဲ တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။ “ခုလက်ရှိက ဒီနေ့ကို အသိအမှတ်မပြုမခံရသေးပါဘူး၊ အသိအမှတ်ပြုတယ်ဆိုရင်အစိုးရကျောင်းတွေပိတ်ပေးဖို့ ရုံးတွေပိတ်ပေးဖို့ အဲ့လိုပုံစံမျိုးနဲ့ အသိအမှတ်ပြုပေးစေချင်တာပါ၊ ရှစ်လေးလုံးက တကယ့်တော်လှန်ရေးသမိုင်းကြီးပါ၊ တော်လှန်ရေးသမိုင်းကြီးကို အသိအမှတ်ပြုပိတ်သိမ်းပေးရပါမယ်။ အစိုးရရုံးပိတ်ရက်တွေပုံစံမျိုး အသိအမှတ်ပြုတဲ့အနေနဲ့လုပ်ပေးရပါမယ်” လို့ ညီညွတ်သောတိုင်းရင်းသားများဒီမိုကရေစီပါတီမှ တိုင်းတာဝန်ခံ ကိုကျော်ဆွေကပြောပါတယ် ။ ဒါ့အပြင် ၁၃၀၀ပြည့်အရေးတော်ပုံကြောင့် လွတ်လပ်ရေးကိုရခဲ့ပြီး ၁၉၈၈ လူထု့အရေးတော်ပုံရဲ့ရလဒ်ဟာ ကျောင်းသားပြည်သူတွေရဲ့…
Read Moreသူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရောက်မှာမဟုတ်
သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရောက်မှာမဟုတ် နေပြည်တော်၊ သြဂုတ် ၈-၂၀၂၀ စွမ်းရဲထွဋ် (VOM) လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရဦးရွှေမန်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ဒီကနေ့သြဂုတ်လ ၈ ရက်နေ့မှာ zoom Platformကနေတဆင့် ပြောပါတယ်။ “ဝင်ပြီးမပြိုင်ခြင်းက စိုးရိမ်စိတ်ကြောင့်မဟုတ်ဘူး။ မှန်ကန်စွာနဲ့ သတ္တိရှိစွာဆုံးဖြတ်ထားခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိပြိုင်ဖို့မှန်းထားတဲ့နေရာတွေမှာ ဒီနေ့ပြိုင်ပွဲဝင်လာတဲ့လူတွေဟာ အောင်နိုင်ချများေနေပြီ။ ဒါကြောင့်မို့လို့ မလိုဘဲနဲ့ ဒီနေရာမှာ အားမသုံးတော့ဘူး။ ဘယ်နေရာမှာ အားသုံးမလဲဆိုရင် အောင်နိုင်မှုများများရအောင် ပါတီခေါင်းဆောင်အနေနဲ့ တစ်နိုင်ငံလုံးကိုလှည့်လည်ပြီးတော့ လိုအပ်သလို ဆောင်ရွက်မယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီနေ့ပါတီဥက္ကဌဟာ များများအောင်နိုင်ရေးအတွက် အဓိက တာဝန်ယူပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တစ်နေရာထဲမှာ အာရုံပြုပြီးဆောင်ရွက်မယ်ဆိုရင် အခြားနေရာတွေ အာရုံပြုတာလျော့သွားနိုင်တဲ့အနေအထားရှိတဲ့အတွက် မပြိုင်ခြင်းဖြစ်ပါတယ်”လို့ သူရဦးရွှေမန်းပြောပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ…
Read Moreအိန္ဒိယမှာ လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး နှစ်ပိုင်းပြတ် ၊ လူ ၁၇ ဦးသေဆုံး
အိန္ဒိယမှာ လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး နှစ်ပိုင်းပြတ် ၊ လူ ၁၇ ဦးသေဆုံး ဒေလီ၊ သြဂုတ်-၈-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ လေဆိပ်တစ်ခုမှာ လူ၁၉၀ကိုတင်ဆောင်လာတဲ့ India Express လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပြေးလမ်းချော်ပြီး ပျက်ကျခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘိုးအင်း ၇၃၇ လေယာဉ်ဟာ ဒူဘိုင်းကနေပျံသန်းလာပြီး ကာလီကပ်လေဆိပ်မှာ မိုးရွာနေချိန်ဆင်းသက်ရာမှာ နှစ်ပိုင်းပြတ်သွားတာလို့ လေကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ လေယာဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်မိသောင်တင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်လာတာဖြစ်ပါတယ်။ လေယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင်း လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိဒီကပြောပါတယ်။ အခင်းဖြစ်ရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြီးသတ်ဆောင်ရွက်ပြီးပြီဖြစ်ကာ ဒါဏ်ရာရရှိသူတွေကို ဆေးရုံးကိုပို့ထားထားတယ်လို့ ကီရာလာပြည်နယ် ဝန်ကြီးချုပ်ကပြောပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူတွေအများအပြား ဒါဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ၁၅ ဦးကတော့ အသက်အန္တရယ်စိုးရိမ်ရတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ လေယာဉ်မှူးနှစ်ဦးလည်းပါဝင်တယ်လို့…
Read Moreပြည်ပပြန်မြန်မာလုပ်သား ၂ သိန်းကျော်ထဲမှာ ပြည်တွင်းကလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့ လုပ်သား ၂ သောင်းခွဲသာရှိ
ပြည်ပပြန်မြန်မာလုပ်သား ၂ သိန်းကျော်ထဲမှာ ပြည်တွင်းကလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့ လုပ်သား ၂ သောင်းခွဲသာရှိ ရန်ကုန်၊ ဩဂုတ် ၈-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကာလမှာ ပြည်ပကနေ ပြန်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ကျွမ်းကျင်မှုအလိုက် အလုပ်ချိတ်ဆက်ပေးဖို့ လုပ်ငန်းကျွမ်းကျင်မှု Skill ကောက်ခံခဲ့ရာမှာတော့ မြန်မာလုပ်သား ၂ သိန်းကျော်ဟာ ပြည်တွင်းကလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့လုပ်သားပေါင်း ၂ သောင်းခွဲသာရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနေ သိရပါတယ်။ အဲ့ဒီအလုပ်သမား အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ စားသောက်ကုန် လုပ်ငန်းပိုင်းတွေမှာ ကျွမ်းကျင်မှုရှိသူတွေ အများဆုံးဖြစ်ပါတယ်။ “ ကောက်ခံတဲ့ စာရင်းအချက်အလက်တွေအရတော့ လုပ်ငန်းကျွမ်းကျင်တယ်လို့ သက်ဆိုင်ရာနိုင်ငံတွေက လုပ်ငန်းရှင်တွေရဲ့ ထောက်ခံချက် Skill လက်မှတ်ပါလာသူ ဦးရေက ၂၅၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်”လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောပါတယ်။ လက်ရှိမှာ အဲ့ဒီအလုပ်သမားတွေကို ကျွမ်းကျင်လုပ်သား လိုအပ်မှုရှိနေတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးနေသလို…
Read Moreပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ဘေရွတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေ
ပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ဘေရွတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေ ဘေရွတ်၊ သြဂုတ်-၇-၂၀၂၀ မျိုးဆက် (VOM) လက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာ သြဂုတ် ၆ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ပါလီမန်အနီးရှိ ဆန္ဒပြသူ ဒါဇင်များစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့တာကြောင့် ထိခိုက်မှုတွေလည်းရှိနေပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဘေးကင်းလုံခြုံမှုမရှိပဲ သိုလှောင်ထားတဲ့ အမိုနီယမ်နိုင်ထရစ်တန်ချိန် ၂၇၅၀ ကြောင့်ဖြစ်ပွားခဲ့တဲ့ သြဂုတ် ၄ ရက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက အမျက်ဒေါသထွက်နေကြပါတယ်။ အစိုးရရဲ့ပေါ့ဆမှုကြောင့် လူ ၁၃၇ ဦးသေဆုံးပြီး ငါးထောင်ကျော်ဒါဏ်ရာရရှိခဲ့တဲ့ ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာလို့ လက်ဘနွန်ပြည်သူ အများအပြားက ဝေဖန်ပြောဆိုနေကြပါတယ်။ ပေါက်ကွဲမှုကြောင့် မြို့တော်ရှိ ခရိုင်တစ်ခုလုံးပျက်စီးသွားခဲ့ပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြိုလဲခဲ့ကာ လူဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ ၁၆ ဦးကိုဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့် လက်ဘနွန်အစိုးရက ထုတ်ပြန်ထားပါတယ်။…
Read Moreရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD ယှဉ်ပြိုင်မယ်
ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD ယှဉ်ပြိုင်မယ် မန္တလေး သြဂုတ် ၇-၂၀၂၀ ဖြူဖြူ (VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေတွေ အားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မူလက အမျိုးသားလွှတ်တော်အတွက် ၇ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၅ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၂၉ နေရာနဲ့ တိုင်းရင်းသားလူမျိုးရေးရာအတွက်တစ်နေရာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အခုတော့ အမျိုးသားလွှတ်တော်အတွက် ၅ နေရာ ပြည်သူ့လွှတ်တော်အတွက် ၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၅ နေရာထပ်တိုးလိုက်တာဖြစ်ပါတယ်။ “အစကတော့ ကျနော်တို့လည်း နည်းနည်းလေး သတိထားနေရတာပေါ့။ ဒါပေမယ့် ပြိုင်ချင်တဲ့သူတွေက တအားများတဲ့အခါကျတော့၊ စောစောပိုင်းကတော့ ပြိုင်ချင်တဲ့လူရှိပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ပို့သင့်လားမပို့သင့်လား စဉ်းစားပါရပါတယ်။ အခုကျတော့လည်း လျှောက်တဲ့သူကလည်းများတယ်၊ သူတို့ကိုယ်တိုင်ကလည်း စိတ်အားထက်သန်တယ်ဆိုတော့ပေါ့။” လို့ ဒေါက်တာဇော်မြင့်မောင်က…
Read More