ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ တရုတ်ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန် အရေးယူပိတ်ဆို့

ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ တရုတ်ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန် အရေးယူပိတ်ဆို့

ဝါရှင်တန်၊ သြဂုတ် ၈-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်ဘဏ္ဍာရေးဌာနဟာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်း၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတို့က ထိပ်တန်းတာဝန်ရှိသူ ၁၀ ဦးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ဒီလို အရေးယူပိတ်ဆို့မှုချမှတ်လိုက်တာဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လျော့ပါးဖို့ လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိမန်နျူချင်က ပြောပါတယ်။

အမေရိကန်အနေနဲ့ ဟောင်ကောင်ပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ မန်နျူချင်က ဆိုပါတယ်။ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကိုခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားတဲ့ အငြင်းပွားဖွယ်လုံခြုံရေးဥပဒေကို တရုတ်အစိုးရက ဟောင်ကောင်မှာ ပြဌာန်းလိုက်ပြီးနောက် ဥပဒေအကောင်အထည်ဖော်ရာမှာ ပါဝင်သူတွေကို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

အရေးယူပိတ်ဆို့ခံရသူတွေထဲမှာ ဟောင်ကောင်ရဲမင်းကြီးနဲ့ အခြားထိပ်တန်းနိုင်ငံရေး သမားတွေလည်း ပါဝင်နေပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ဖိနှိပ်တဲ့ တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက တိုက်ရိုက်စွပ်စွဲထားပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေဟာ လက်ရှိအချိန်မှာ ဆက်လက်မြင့်တက်နေပြီး တရုတ်ကုမ္ပဏီတွေပိုင်ဆိုင်တဲ့ TikTok နဲ့ WeChat အက်ပလီကေးရှင်းတွေကိုလည်း အမေရိကန်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။

Ref : BBC
Photo:RTHK
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ တရုတ္ထိပ္တန္းတာ၀န္ရိွသူေတြကို အေမရိကန္ အေရးယူပိတ္ဆို႔

၀ါရွင္တန္၊ ၾသဂုတ္ ၈-၂၀၂၀
မ်ိဳးဆက္(VOM)

အေမရိကန္ဘ႑ာေရးဌာနဟာ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္း၊ ေဟာင္ေကာင္နဲ႔ တရုတ္ျပည္မၾကီးတို႔က ထိပ္တန္းတာ၀န္ရိွသူ ၁၀ ဦးကို အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ပါတယ္။

ဒီလုိ အေရးယူပိတ္ဆို႔မႈခ်မွတ္္လိုက္တာဟာ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႔ကို ေလ်ာ႔ပါးဖို႔ လုပ္ေဆာင္ေနသူေတြကို ပစ္မွတ္ထားတာျဖစ္တယ္လို႔ အေမရိကန္ဘ႑ာေရး၀န္ၾကီး စတိမန္န်ဴခ်င္က ေျပာပါတယ္။

အေမရိကန္အေနနဲ႔ ေဟာင္ေကာင္ျပည္သူေတြနဲ႔အတူ ရပ္တည္ေနတယ္လို႔ မန္န်ဴခ်င္က ဆိုပါတယ္။ ေဟာင္ေကာင္ရဲ႕ လြတ္လပ္ခြင္႔ကိုျခိမ္းေျခာက္ေနတယ္လို႔ ေ၀ဖန္သူေတြက ေထာက္ျပထားတဲ႔ အျငင္းပြားဖြယ္လံုျခံဳေရးဥပေဒကို တရုတ္အစိုးရက ေဟာင္ေကာင္မွာ ျပဌာန္းလိုက္ျပီးေနာက္ ဥပေဒအေကာင္အထည္ေဖာ္ရာမွာ ပါ၀င္သူေတြကို အေရးယူပိတ္ဆို႔လိုက္တာျဖစ္ပါတယ္။

အေရးယူပိတ္ဆို႔ခံရသူေတြထဲမွာ ေဟာင္ေကာင္ရဲမင္းၾကီးနဲ႔ အျခားထိပ္တန္းနုိင္ငံေရး သမားေတြလည္း ပါ၀င္ေနပါတယ္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးကာရီလမ္းဟာ လြတ္လပ္ခြင္႔နဲ႔ ဒီမိုကေရစီလုပ္ငန္းစဥ္ေတြကို ဖိနွိပ္တဲ႔ တရုတ္ဗဟိုအစိုးရရဲ႕ မူ၀ါဒေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေပးေနတယ္လို႔ အေမရိကန္ဘ႑ာေရးဌာနက တုိက္ရိုက္စြပ္စဲြထားပါတယ္။

အေမရိကန္နဲ႔ တရုတ္နုိင္ငံတို႔အၾကား တင္းမာမႈေတြဟာ လက္ရိွအခ်ိန္မွာ ဆက္လက္ျမင္႔တက္ေနျပီး တရုတ္ကုမၸဏီေတြပိုင္ဆိုင္တဲ႔ TikTok နဲ႔ WeChat အက္ပလီေကးရွင္းေတြကိုလည္း အေမရိကန္အစိုးရက ပိတ္ပင္တားျမစ္လိုက္ပါတယ္။

Ref : BBC
Photo:RTHK
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW