သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရောက်မှာမဟုတ်

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရောက်မှာမဟုတ်
နေပြည်တော်၊ သြဂုတ် ၈-၂၀၂၀
စွမ်းရဲထွဋ် (VOM)
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရဦးရွှေမန်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ဒီကနေ့သြဂုတ်လ ၈ ရက်နေ့မှာ zoom Platformကနေတဆင့် ပြောပါတယ်။
“ဝင်ပြီးမပြိုင်ခြင်းက စိုးရိမ်စိတ်ကြောင့်မဟုတ်ဘူး။ မှန်ကန်စွာနဲ့ သတ္တိရှိစွာဆုံးဖြတ်ထားခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိပြိုင်ဖို့မှန်းထားတဲ့နေရာတွေမှာ ဒီနေ့ပြိုင်ပွဲဝင်လာတဲ့လူတွေဟာ အောင်နိုင်ချများေနေပြီ။ ဒါကြောင့်မို့လို့ မလိုဘဲနဲ့ ဒီနေရာမှာ အားမသုံးတော့ဘူး။ ဘယ်နေရာမှာ အားသုံးမလဲဆိုရင် အောင်နိုင်မှုများများရအောင် ပါတီခေါင်းဆောင်အနေနဲ့ တစ်နိုင်ငံလုံးကိုလှည့်လည်ပြီးတော့ လိုအပ်သလို ဆောင်ရွက်မယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီနေ့ပါတီဥက္ကဌဟာ များများအောင်နိုင်ရေးအတွက် အဓိက တာဝန်ယူပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တစ်နေရာထဲမှာ အာရုံပြုပြီးဆောင်ရွက်မယ်ဆိုရင် အခြားနေရာတွေ အာရုံပြုတာလျော့သွားနိုင်တဲ့အနေအထားရှိတဲ့အတွက် မပြိုင်ခြင်းဖြစ်ပါတယ်”လို့ သူရဦးရွှေမန်းပြောပါတယ်။
လာမယ့် ၂၀၂၀  ရွေးကောက်ပွဲဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)လို အမှားအယွင်း နည်းခဲ့တဲ့ ပါတီအသစ်လေးအတွက် အခြေအနေကောင်းတွေ၊ အလားအလာကောင်းတွေ ရှိတယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ UBPအနေနဲ့ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော်၂ နေရာနဲ့ စုစုပေါင်း (၁၀) နေရာဝင်ပြိုင်မှာဖြစ်ပြီး အဲ့ဒီထဲမှာ တပ်မတော်က အငြိမ်းစားယူထားသူ တစ်ဦးပါတယ်လို့ ပြောပါတယ်။ ကျန်တဲ့လူတွေအားလုံးဟာ ဝန်ထမ်းအငြိမ်းစားအရပ်သားတွေနဲ့ တစ်ချို့ ဝန်ထမ်းမလုပ်ဖူး သူတွေလည်းပါတယ်လို့ သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေဆိုတာက ဝန်ထမ်းတွေအများဆုံးရှိတဲ့အတွက်  နေပြည်တော်ကောင်စီနယ်မြေမှာ ဝန်ထမ်းဟောင်းတွေကို ပါတီရဲ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ၂၀၂၀ မှာ မိမိတို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခြေ အနေကောင်းတွေ ရနိုင်တယ်လို့ ယူဆထားတယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။
“ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာမဟုတ်ဘူး။ အရှိပကတိအတိုင်း သုံးသပ်ရမယ်ဆိုရင်တော့ နေပြည်တော် ကောင်စီနယ်မြေမှာလဲ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက အခြေအနေအလားအလာကောင်းတွေရှိတယ်လို့ ဖြေချင်ပါတယ်။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောရမယ်ဆိုရင်တော့ ၂၀၂၀ဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP အသစ်လေး၊ အမှားအယွင်းနည်းခဲ့တဲ့ ပါတီအတွက် အခြေအနေကောင်းတွေ၊ အလားအလာကောင်းတွေ ရှိတယ်လို့ပဲ ပြောချင်ပါတယ်”လို့လည်း သူရဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၉၂၇ ယောက်ပါဝင် ရွေးကောက်ခံမှာဖြစ်ပြီး အဲ့ဒီအထဲမှာ တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့ ကိုယ်စား လှယ် ၁၅ ဦးပါဝင်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
သူရဦးေရႊမန္း ေရြးေကာက္ပြဲဝင္ေရာက္မွာမဟုတ္
ေနၿပည္ေတာ္၊ ၾသဂုတ္ ၈-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ၿပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီ (UBP) ဥကၠဌ သူရဦးေရႊမန္းအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာ မဟုတ္ဘူးလို႔ သတင္းမီဒီယာေတြကုိ ဒီကေန႔ၾသဂုတ္လ ၈ ရက္ေန႔မွာ zoom Platformကေနတဆင့္ ေၿပာပါတယ္။
“ဝင္ၿပီးမၿပိဳင္ျခင္းက စိုးရိမ္စိတ္ေၾကာင့္မဟုတ္ဘူး။ မွန္ကန္စြာနဲ႔ သတၱိရွိစြာဆုံးျဖတ္ထားျခင္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိမိၿပိဳင္ဖို႔မွန္းထားတဲ့ေနရာေတြမွာ ဒီေန႔ၿပိဳင္ပြဲဝင္လာတဲ့လူေတြဟာ ေအာင္ႏိုင္ခ်မ်ားေေနၿပီ။ ဒါေၾကာင့္မို႔လို႔ မလိုဘဲနဲ႔ ဒီေနရာမွာ အားမသုံးေတာ့ဘူး။ ဘယ္ေနရာမွာ အားသုံးမလဲဆိုရင္ ေအာင္ႏိုင္မႈမ်ားမ်ားရေအာင္ ပါတီေခါင္းေဆာင္အေနနဲ႔ တစ္ႏိုင္ငံလုံးကိုလွည့္လည္ၿပီးေတာ့ လိုအပ္သလို ေဆာင္႐ြက္မယ္။ တနည္းအားျဖင့္ ေျပာမယ္ဆိုရင္ ဒီေန႔ပါတီဥကၠဌဟာ မ်ားမ်ားေအာင္ႏိုင္ေရးအတြက္ အဓိက တာဝန္ယူၿပီး ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ တစ္ေနရာထဲမွာ အာ႐ုံျပဳၿပီးေဆာင္႐ြက္မယ္ဆိုရင္ အျခားေနရာေတြ အာ႐ုံျပဳတာေလ်ာ့သြားႏိုင္တဲ့အေနအထားရွိတဲ့အတြက္ မၿပိဳင္ျခင္းျဖစ္ပါတယ္”လုိ႔ သူရဦးေရႊမန္းေျပာပါတယ္။
လာမယ့္ ၂၀၂၀  ေရြးေကာက္ပြဲဟာ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP)လုိ အမွားအယြင္း နည္းခဲ့တဲ့ ပါတီအသစ္ေလးအတြက္ အေၿခအေနေကာင္းေတြ၊ အလားအလာေကာင္းေတြ ရွိတယ္လုိ႔ သူရဦးေရႊမန္းကေျပာပါတယ္။
ၿပည္ေထာင္စုနယ္ေၿမ၊ ေနၿပည္ေတာ္မွာ UBPအေနနဲ႔ ၿပည္သူ႔လႊတ္ေတာ္ ၈ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္၂ ေနရာနဲ႔ စုစုေပါင္း (၁၀) ေနရာဝင္ၿပိဳင္မွာၿဖစ္ၿပီး အဲ့ဒီထဲမွာ တပ္မေတာ္က အၿငိမ္းစားယူထားသူ တစ္ဦးပါတယ္လို႔ ေျပာပါတယ္။ က်န္တဲ့လူေတြအားလံုးဟာ ဝန္ထမ္းအၿငိမ္းစားအရပ္သားေတြနဲ႔ တစ္ခ်ိဳ႕ ဝန္ထမ္းမလုပ္ဖူး သူေတြလည္းပါတယ္လုိ႔ သိရပါတယ္။
ေနၿပည္ေတာ္ေကာင္စီနယ္ေၿမဆိုတာက ဝန္ထမ္းေတြအမ်ားဆံုးရွိတဲ့အတြက္  ေနၿပည္ေတာ္ေကာင္စီနယ္ေၿမမွာ ဝန္ထမ္းေဟာင္းေတြကို ပါတီရဲ့ကုိယ္စားလွယ္အၿဖစ္ ေရြးခ်ယ္ခဲ့တဲ့အတြက္ ၂၀၂၀ မွာ မိမိတို႔ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအတြက္ အေၿခ အေနေကာင္းေတြ ရနုိင္တယ္လုိ႔ ယူဆထားတယ္လို႔ သူရဦးေရႊမန္းကေျပာပါတယ္။
“ကုိယ့္ငါးခ်ဥ္ ကုိယ္ခ်ဥ္တာမဟုတ္ဘူး။ အရွိပကတိအတိုင္း သံုးသပ္ရမယ္ဆုိရင္ေတာ့ ေနၿပည္ေတာ္ ေကာင္စီနယ္ေၿမမွာလဲ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက အေၿခအေနအလားအလာေကာင္းေတြရွိတယ္လုိ႔ ေၿဖခ်င္ပါတယ္။ ကုိယ့္အေၾကာင္းပဲ ကုိယ္ေၿပာရမယ္ဆုိရင္ေတာ့ ၂၀၂၀ဟာ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ UBP အသစ္ေလး၊ အမွားအယြင္းနည္းခဲ့တဲ့ ပါတီအတြက္ အေၿခအေနေကာင္းေတြ၊ အလားအလာေကာင္းေတြ ရွိတယ္လုိ႔ပဲ ေၿပာခ်င္ပါတယ္”လုိ႔လည္း သူရဦးေရႊမန္းက ထည့္သြင္း ေၿပာၾကားခဲ့ပါတယ္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ အခု ၂၀၂၀ ေရြးေကာက္ပြဲမွာ ကုိယ္စားလွယ္ ၉၂၇ ေယာက္ပါဝင္ ေရြးေကာက္ခံမွာၿဖစ္ၿပီး အဲ့ဒီအထဲမွာ တပ္မေတာ္ကေန အၿငိမ္းစားယူထားတဲ့ ကုိယ္စား လွယ္ ၁၅ ဦးပါဝင္တယ္လုိ႔ သိရပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW