ပြည်ပပြန်မြန်မာလုပ်သား ၂ သိန်းကျော်ထဲမှာ ပြည်တွင်းကလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့ လုပ်သား ၂ သောင်းခွဲသာရှိ

ပြည်ပပြန်မြန်မာလုပ်သား ၂ သိန်းကျော်ထဲမှာ ပြည်တွင်းကလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့ လုပ်သား ၂ သောင်းခွဲသာရှိ

ရန်ကုန်၊ ဩဂုတ် ၈-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကာလမှာ ပြည်ပကနေ ပြန်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ကျွမ်းကျင်မှုအလိုက် အလုပ်ချိတ်ဆက်ပေးဖို့ လုပ်ငန်းကျွမ်းကျင်မှု Skill ကောက်ခံခဲ့ရာမှာတော့ မြန်မာလုပ်သား ၂ သိန်းကျော်ဟာ ပြည်တွင်းကလုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့လုပ်သားပေါင်း ၂ သောင်းခွဲသာရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနေ သိရပါတယ်။

အဲ့ဒီအလုပ်သမား အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ စားသောက်ကုန် လုပ်ငန်းပိုင်းတွေမှာ ကျွမ်းကျင်မှုရှိသူတွေ အများဆုံးဖြစ်ပါတယ်။

“ ကောက်ခံတဲ့ စာရင်းအချက်အလက်တွေအရတော့ လုပ်ငန်းကျွမ်းကျင်တယ်လို့ သက်ဆိုင်ရာနိုင်ငံတွေက လုပ်ငန်းရှင်တွေရဲ့ ထောက်ခံချက် Skill လက်မှတ်ပါလာသူ ဦးရေက ၂၅၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်”လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောပါတယ်။

လက်ရှိမှာ အဲ့ဒီအလုပ်သမားတွေကို ကျွမ်းကျင်လုပ်သား လိုအပ်မှုရှိနေတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးနေသလို ၊ Labour exchange office ကနေလည်း အလုပ်အကိုင် ရှာဖွေချိတ်ဆက်ပေးနေတယ်လို့ သိရပါတယ်။

“ပြည်ပက ဘယ်စက်ရုံ၊ ဘာလုပ်ငန်းလုပ်ခဲ့သလဲ COVID ပြီးရင်ရော ပြည်ပကို ပြန်သွားပြီး လုပ်ကိုင်မှာလား စသဖြင့်ပေါ့ ၊ ဒါကို ဌာနက ဘာကူညီပေးရမလဲ။ သူတို့ လုပ်ကိုင်ခဲ့တာနဲ့ ပြည်တွင်းမှာ ဘယ်လိုလုပ်ငန်းမျိုးကို ချိတ်ဆက်ပေးရမလဲ စသဖြင့်ကောက်ခံတာ ပါ” လို့ ရန်ကုန်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းမှူး ဦးခင်မောင်သွင် က ပြောပါတယ်၊

လက်ရှိမှာတော့ ပြည်ပနိုင်ငံအသီးသီးကနေ ပြန်လည်ဝင်ရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေကို လေကြောင်းလိုင်းနဲ့ ပြန်လည် ခေါ်ဆောင်တောရှိသလို မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မူဆယ် စတဲ့ နယ်စပ် ဂိတ်ပေါက်တွေကနေ စိစစ်လက်ခံပြီး ဝင်ခွင့်ပြုနေတာဖြစ်ပါတယ်။

ပြည်ပကနေပြန်ရောက်လာသူ အပါအဝင် ပြည်တွင်းက အလုပ်သမားအချို့ဟာ ကိုဗစ်ကာလမှာ လုပ်ငန်းခွင်လည်ပတ်မှုမရှိတာတွေ ၊ လုပ်ငန်းယာယီရပ်တာတွေကြောင့် အလုပ်ကနေ ရပ်နားထားခံရတာတွေရှိနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ျပည္ပျပန္ျမန္မာလုပ္သား ၂ သိန္းေက်ာ္ထဲမွာ ျပည္တြင္းကလုပ္ငန္းေတြနဲ့ ကိုက္ညီတဲ့ လုပ္သား ၂ ေသာင္းခြဲသာရွိ

ရန္ကုန္၊ ဩဂုတ္ ၈-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ကာလမွာ ျပည္ပကေန ျပန္ေရာက္လာတဲ့ ျမန္မာလုပ္သားေတြကို ကၽြမ္းက်င္မွုအလိုက္ အလုပ္ခ်ိတ္ဆက္ေပးဖို႔ လုပ္ငန္းကၽြမ္းက်င္မွု Skill ေကာက္ခံခဲ့ရာမွာေတာ့ ျမန္မာလုပ္သား ၂ သိန္းေက်ာ္ဟာ ျပည္တြင္းကလုပ္ငန္းေတြနဲ့ ကိုက္ၫီတဲ့လုပ္သားေပါင္း ၂ ေသာင္းခြဲသာရွိတယ္လို႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနကေန သိရပါတယ္။

အဲ့ဒီအလုပ္သမား အထည္ခ်ဳပ္လုပ္ငန္း၊ ေဆာက္လုပ္ေရး လုပ္ငန္းနဲ႔ စားေသာက္ကုန္ လုပ္ငန္းပိုင္းေတြမွာ ကၽြမ္းက်င္မႈ႐ွိသူေတြ အမ်ားဆုံးျဖစ္ပါတယ္။

“ ေကာက္ခံတဲ့ စာရင္းအခ်က္အလက္ေတြအရေတာ့ လုပ္ငန္းကၽြမ္းက်င္တယ္လို့ သက္ဆိုင္ရာနိုင္ငံေတြက လုပ္ငန္းရွင္ေတြရဲ့ ေထာက္ခံခ်က္ Skill လက္မွတ္ပါလာသူ ဦးေရက ၂၅၀၀၀ ဝန္းက်င္ေလာက္ပဲရွိတယ္”လို့ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးဝင္းရွိန္ကေျပာပါတယ္။

လက္႐ွိမွာ အဲ့ဒီအလုပ္သမားေတြကို ကၽြမ္းက်င္လုပ္သား လိုအပ္မႈ႐ွိေနတဲ့ လုပ္ငန္းရွင္ေတြနဲ႔ ခ်ိတ္ဆက္ေပးေနသလို ၊ Labour exchange office ကေနလည္း အလုပ္အကိုင္ ရွာေဖြခ်ိတ္ဆက္ေပးေနတယ္လို့ သိရပါတယ္။

“ျပည္ပက ဘယ္စက္႐ုံ၊ ဘာလုပ္ငန္းလုပ္ခဲ့သလဲ COVID ၿပီးရင္ေရာ ျပည္ပကို ျပန္သြားၿပီး လုပ္ကိုင္မွာလား စသျဖင့္ေပါ့ ၊ ဒါကို ဌာနက ဘာကူညီေပးရမလဲ။ သူတို့ လုပ္ကိုင္ခဲ့တာနဲ႔ ျပည္တြင္းမွာ ဘယ္လိုလုပ္ငန္းမ်ိဳးကို ခ်ိတ္ဆက္ေပးရမလဲ စသျဖင့္ေကာက္ခံတာ ပါ” လို႔ ရန္ကုန္အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန တိုင္းမွူး ဦးခင္ေမာင္သြင္ က ေျပာပါတယ္၊

လက္႐ွိမွာေတာ့ ျပည္ပနိုင္ငံအသီးသီးကေန ျပန္လည္ဝင္ေရာက္လိုတဲ့ ျမန္မာနိုင္ငံသားေတြကို ေလေၾကာင္းလိုင္းနဲ႔ ျပန္လည္ ေခၚေဆာင္ေတာရွိသလို ျမဝတီ၊ ေကာ့ေသာင္း၊ တာခ်ီလိတ္၊ မူဆယ္ စတဲ့ နယ္စပ္ ဂိတ္ေပါက္ေတြကေန စိစစ္လက္ခံၿပီး ဝင္ခြင့္ျပဳေနတာျဖစ္ပါတယ္။

ျပည္ပကေနျပန္ေရာက္လာသူ အပါအဝင္ ျပည္တြင္းက အလုပ္သမားအခ်ိဳ႕ဟာ ကိုဗစ္ကာလမွာ လုပ္ငန္းခြင္လည္ပတ္မႈမ႐ွိတာေတြ ၊ လုပ္ငန္းယာယီရပ္တာေတြေၾကာင့္ အလုပ္ကေန ရပ္နားထားခံရတာေတြ႐ွိေနပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW