တောင်ကုတ်ကပြန်လာတဲ့ ကုန်ကားယာဉ်မောင်းတစ်ဦးဆီကနေ ကိုဗစ်ရောဂါပိုးတွေ့

တောင်ကုတ်ကပြန်လာတဲ့ ကုန်ကားယာဉ်မောင်းတစ်ဦးဆီကနေ ကိုဗစ်ရောဂါပိုးတွေ့

ပြည် ၊ စက်တင်ဘာလ ၁ ရက် ။
လမင်း (VOM)

ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းမြို့ အားကစားခန်းမမှာ ဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေတဲ့ ကုန်ကားယာဉ်မောင်း ၁ဦးဆီကနေ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့သူဟာ ရန်ကုန်နဲ့ရခိုင်ပြည်ကို ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ပန်းတောင်းမြို့နယ်၊ ဥသျစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်မှာနေထိုင်သူ လူနာအမှတ်-၈၈၆ ဖြစ်တယ်လို့သိရပါတယ်။

“ပန်းတောင်းမှာ ကမ့်သွင်းထားတဲ့လူနာပေါ့၊ သူကတော့ ကျွန်တော်တို့ကြားတာတော့ သူက ဥသျစ်ပင်က ကားဒရိုင်ဘာတစ်ယောက်လို့ပြောတယ်၊ တောင်ကုတ်ကနေပြီးတော့မှသူတို့ကုန်ကားနဲ့လာတယ်၊ အဲ့မှာတန်းပြီးတော့ ကွာရန်တင်းသွင်းထားတယ်၊ စစ်လိုက်တော့တွေ့တယ် အဲ့လိုတော့သတင်းကြားထားတယ်၊ အဲ့ဒီလူနာ ဒီမနက်ရောက်လာတယ်၊ ရောက်လာတော့ အရင်တုန်းကပြင်ဆင်ထားခဲ့တဲ့ ကိုဗစ်လူနာတွေထားဖို့ သီးသန့်ကမ့်မှာ စထားတယ်”လို့ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းကပြောပါတယ်။

အဲ့ဒီကွာရန်တင်းစင်တာမှာ အရင်တုန်းကတာဝန်ကျတဲ့ Sister အဆင့်ရှိ သူနာပြုဆရာမကြီးနဲ့ အခြားသူနာပြုဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ထိတွေ့မှုနည်းအောင် စီစဉ်ထားတယ်လို့ ဒေါက်တာအောင်ရဲထွန်းကပြောပါတယ်။

Covid 19 ရောဂါပိုးတွေ့ရှိထားသူ လူနာအမှတ်-၈၈၆ ကို ဩဂုတ်လ ၃၀ ရက်နေ့က နှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ်တွေ ရယူခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့မနက်မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု့ဆိုင်ရာဌာနမှ စစ်ဆေးအတည်ပြုခဲ့တာဖြစ်ပါတယ်။

လူနာအမှတ်-၈၈၆ ကို စက်တင်ဘာလ ၁ ရက်နေ့ မနက် ၉ နာရီခွဲခန့်က ပန်းတောင်းမြို့ ဘောလုံးကွင်းစောင့်ကြည့်ရေးစခန်းကနေ ပြည်မြို့ခုတင် ၅၀၀ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ဆေးရုံအတွင်းက ကိုဗစ်လူနာတွေထားရှိတဲ့ သီးသန့်ကမ့်မှာ ဆေးကုသမှု့ခံယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Zawgyi

ေတာင္ကုတ္ကျပန္လာတဲ့ ကုန္ကားယာဥ္ေမာင္းတစ္ဦးဆီကေန ကိုဗစ္ေရာဂါပိုးေတြ႕

ျပည္ ၊ စက္တင္ဘာလ ၁ ရက္ ။
လမင္း (VOM)

ျပည္ခ႐ိုင္ ၊ ပန္းေတာင္းၿမိဳ႕နယ္၊ ပန္းေတာင္းၿမိဳ႕ အားကစားခန္းမမွာ ဖြင့္လွစ္ထားတဲ့ ကြာရန္တင္းစင္တာမွာ ကြာရန္တင္းဝင္ေနတဲ့ ကုန္ကားယာဥ္ေမာင္း ၁ဦးဆီကေန COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ေရာဂါပိုးေတြ႕ရွိခဲ့သူဟာ ရန္ကုန္နဲ႔ရခိုင္ျပည္ကို ကုန္စည္ပို႔ေဆာင္ေနတဲ့ ယာဥ္ေမာင္းတစ္ဦးျဖစ္ၿပီး ပန္းေတာင္းၿမိဳ႕နယ္၊ ဥသ်စ္ပင္ၿမိဳ႕၊ ျပည္ေတာ္သာရပ္ကြက္မွာေနထိုင္သူ လူနာအမွတ္-၈၈၆ ျဖစ္တယ္လို႔သိရပါတယ္။

“ပန္းေတာင္းမွာ ကမ့္သြင္းထားတဲ့လူနာေပါ့၊ သူကေတာ့ ကြၽန္ေတာ္တို႔ၾကားတာေတာ့ သူက ဥသ်စ္ပင္က ကားဒ႐ိုင္ဘာတစ္ေယာက္လို႔ေျပာတယ္၊ ေတာင္ကုတ္ကေနၿပီးေတာ့မွသူတို႔ကုန္ကားနဲ႔လာတယ္၊ အဲ့မွာတန္းၿပီးေတာ့ ကြာရန္တင္းသြင္းထားတယ္၊ စစ္လိုက္ေတာ့ေတြ႕တယ္ အဲ့လိုေတာ့သတင္းၾကားထားတယ္၊ အဲ့ဒီလူနာ ဒီမနက္ေရာက္လာတယ္၊ ေရာက္လာေတာ့ အရင္တုန္းကျပင္ဆင္ထားခဲ့တဲ့ ကိုဗစ္လူနာေတြထားဖို႔ သီးသန႔္ကမ့္မွာ စထားတယ္”လို႔ ျပည္ၿမိဳ႕ ခုတင္ ၅၀၀ အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာရဲေအာင္ထြန္းကေျပာပါတယ္။

အဲ့ဒီကြာရန္တင္းစင္တာမွာ အရင္တုန္းကတာဝန္က်တဲ့ Sister အဆင့္ရွိ သူနာျပဳဆရာမႀကီးနဲ႔ အျခားသူနာျပဳဆရာမေတြ၊ က်န္းမာေရးဝန္ထမ္းေတြကို ထိေတြ႕မႈနည္းေအာင္ စီစဥ္ထားတယ္လို႔ ေဒါက္တာေအာင္ရဲထြန္းကေျပာပါတယ္။

Covid 19 ေရာဂါပိုးေတြ႕ရွိထားသူ လူနာအမွတ္-၈၈၆ ကို ဩဂုတ္လ ၃၀ ရက္ေန႔က ႏွာေခါင္းတို႔ဖတ္ ၊ အာေခါင္တို႔ဖတ္ေတြ ရယူခဲ့ၿပီး ဩဂုတ္လ ၃၁ ရက္ေန႔မနက္မွာ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈ႕ဆိုင္ရာဌာနမွ စစ္ေဆးအတည္ျပဳခဲ့တာျဖစ္ပါတယ္။

လူနာအမွတ္-၈၈၆ ကို စက္တင္ဘာလ ၁ ရက္ေန႔ မနက္ ၉ နာရီခြဲခန႔္က ပန္းေတာင္းၿမိဳ႕ ေဘာလုံးကြင္းေစာင့္ၾကည့္ေရးစခန္းကေန ျပည္ၿမိဳ႕ခုတင္ ၅၀၀ ေဆး႐ုံႀကီးကို ပို႔ေဆာင္ခဲ့ၿပီး ေဆး႐ုံအတြင္းက ကိုဗစ္လူနာေတြထားရွိတဲ့ သီးသန႔္ကမ့္မွာ ေဆးကုသမႈ႕ခံယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW