တောင်ကုတ်ကပြန်လာတဲ့ ကုန်ကားယာဉ်မောင်းတစ်ဦးဆီကနေ ကိုဗစ်ရောဂါပိုးတွေ့

တောင်ကုတ်ကပြန်လာတဲ့ ကုန်ကားယာဉ်မောင်းတစ်ဦးဆီကနေ ကိုဗစ်ရောဂါပိုးတွေ့ ပြည် ၊ စက်တင်ဘာလ ၁ ရက် ။ လမင်း (VOM) ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းမြို့ အားကစားခန်းမမှာ ဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေတဲ့ ကုန်ကားယာဉ်မောင်း ၁ဦးဆီကနေ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့သူဟာ ရန်ကုန်နဲ့ရခိုင်ပြည်ကို ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ပန်းတောင်းမြို့နယ်၊ ဥသျစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်မှာနေထိုင်သူ လူနာအမှတ်-၈၈၆ ဖြစ်တယ်လို့သိရပါတယ်။ “ပန်းတောင်းမှာ ကမ့်သွင်းထားတဲ့လူနာပေါ့၊ သူကတော့ ကျွန်တော်တို့ကြားတာတော့ သူက ဥသျစ်ပင်က ကားဒရိုင်ဘာတစ်ယောက်လို့ပြောတယ်၊ တောင်ကုတ်ကနေပြီးတော့မှသူတို့ကုန်ကားနဲ့လာတယ်၊ အဲ့မှာတန်းပြီးတော့ ကွာရန်တင်းသွင်းထားတယ်၊ စစ်လိုက်တော့တွေ့တယ် အဲ့လိုတော့သတင်းကြားထားတယ်၊ အဲ့ဒီလူနာ ဒီမနက်ရောက်လာတယ်၊ ရောက်လာတော့ အရင်တုန်းကပြင်ဆင်ထားခဲ့တဲ့ ကိုဗစ်လူနာတွေထားဖို့ သီးသန့်ကမ့်မှာ စထားတယ်”လို့ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းကပြောပါတယ်။ အဲ့ဒီကွာရန်တင်းစင်တာမှာ အရင်တုန်းကတာဝန်ကျတဲ့…

Read More

ဘရားဇီးနိုင်ငံက Fernando De Noronhaကျွန်းနေရာကို ကိုဗစ်ပိုးကူးစက်ခံထားရပြီး ပြန်သက်သာလာသူကိုသာ လာရောက်ခွင့်ပြု

ဘရားဇီးနိုင်ငံက Fernando De Noronhaကျွန်းနေရာကို ကိုဗစ်ပိုးကူးစက်ခံထားရပြီး ပြန်သက်သာလာသူကိုသာ လာရောက်ခွင့်ပြု ဘရာဇီး ၊ စက်တင်ဘာလ ၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ဘရာဇီးနိုင်ငံမှာရှိတဲ့ Fernando De Noronhaကျွန်းကို ခရီးသွားဧည့်သည်တွေအတွက် ဒီကနေ့စက်တင်ဘာ ၁ရက်နေ့မှာပဲ ပြန်ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် Pernambuco ပြည်နယ်အစိုးရကကြေငြာထားသာကတော့ COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာတဲ့လူနာများသာ ကျွန်းကို သွားလာနိုင်ခွင့်ရှိတဲ့အကြောင်းကို National Business Daily သတင်းဌာနကတဆင့် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ခရီးသည်တွေဟာ စစ်ဆေးမှုရလဒ်တွေကို အနည်းဆုံး ရက်၂၀အတွင်း ပြုလုပ်ထားတာကို သက်သေပြဖို့လိုအပ်မှာဖြစ်ပြီး ဒါမှမဟုတ် ရက်၉၀အတွင်း Serological စမ်းသပ်မှုရလဒ်က ခန္ဓာကိုယ်ထဲမှာ CoronaVirus Antibody တွေရှိနေတယ်ဆိုတာကို သက်သေပြနိုင်ရမှာဖြစ်ပါတယ်။ ကျွန်းပေါ်ကို ဆင်းသက်ခွင့်ပြုဖို့အတွက် ကျွန်းပေါ်ကိုမဆင်းမီ အနည်းဆုံး ၇၂ နာရီ(သုံးရက်)မှာ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို တရားဝင်ဝက်ဘ်ဆိုက်ကိုတင်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘရားဇီးသတင်းဌာနတွေရဲ့ရေးသားဖော်ပြချက်အရ…

Read More

ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆဲဖို့ ပြည်နယ်လွှတ်တော်က အတည်ပြု

ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆဲဖို့ ပြည်နယ်လွှတ်တော်က အတည်ပြု နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို ပြည်နယ်အမတ်လေးပုံတစ်ပုံက စွပ်စွဲ ပြစ်တင်ထားတဲ့ကိစ္စ စုံစမ်းစစ်‌ဆေးမှုအပြီးမှာ ဒီကနေ့ ကျင်းပတဲ့လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးအနိုင်ရခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ နိုင်ငံတော်သမ္မတဆီကို ဆက်လက်တင်ပြဖို့သာကျန်တော့တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ခူးသဲရယ်က ပြောပါတယ်။ ” စုံစမ်းမှုတွေ အကုန်ပြီးသွားပြီဆိုတော့ ဒီကနေ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ထောက်ခံတင်ပြတာကြောင့် တာဝန်က ရပ်ဆိုင်ပေးဖို့ဆက်တင်ပြသွားမယ်” လို့ ခူးသဲရယ်ကပြောပါတယ်။ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်း စစ်ဆေးမှုကို လာရောက်အစစ်ဆေးမခံခဲ့ပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၃ (င)ရဲ့ အပိုဒ်(၂) စစ်ဆေးတင်ပြချက်တွေအရ နိုင်ငံ တော်သမ္မတဟာ လွှတ်တော်ကတင်ပြမှုလုပ်လာရင် ဝန်ကြီးချုပ်ကိုတာဝန်က ရပ်စဲရမယ်လို့ ဖော်ပြထားတယ်လို့ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အချို့ရဲ့ပြောပြချက်အရ သိရပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းပေါင်း၂၀…

Read More

ဦးကိုနီနဲ့ ကိုနေဝင်းတို့အမှုက တရားခံတွေကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ ထပ်မံအယူခံဝင်

ဦးကိုနီနဲ့ ကိုနေဝင်းတို့အမှုက တရားခံတွေကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ ထပ်မံအယူခံဝင် နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အမှုမှာပါဝင်တဲ့ တရားခံတွေကို ချမှတ်ထားတဲ့ ပြစ်ဒါဏ်တွေကို တိုးမြှင့်ပေးဖို့အတွက် သူတို့ရဲ့ ရှေ့နေတွေက ဒီကနေ့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ချုပ်ရုံးကို ထပ်မံ အယူခံဝင်လျှောက်လဲခဲ့ပါတယ်။ “ကျနော်ကတော့ ကိုဇေယျာဖြိုးကို စွဲချက်တင်ထားတာ ၃၀၂/၃၄/၁၀၉ နဲ့ စွဲချက်တင်ထားတာ။ အဲ့ဒါကို အပြစ်ပေးတာက ရာဇသတ်ကြီး ၂၀၁ ပထမပိုင်းနဲ့ အပြစ်ပေးထားတာဆိုတော့ ဒါ နည်းနည်းလွဲတယ်။ လွဲတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့က အဆင့်ဆင့်ရုံးကို တင်တယ်။ အဲ့ဒါ မရတော့ အထူးအယူခံဝင်ခွင့်ပေးဖို့တင်တာ”လို့ ဦးကိုနီ မိသားစုဖက်မှ ရှေ့နေ ဦးခင်မောင်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။ ရာဇသတ်ကြီးပုဒ်မ-၂၀၁ ပထမပိုင်းဟာ ပြစ်မှုတစ်ခုဖြစ်ပြီးတဲ့နောက်မှာ အမှုကလွတ်ဖို့၊ ထွက်ပြေးနိုင်ဖို့ အစရှိတဲ့ နက်နက်နဲနဲ ပက်သက်ကူညီတာဖြစ်ပြီး ပုဒ်မ-၁၀၉…

Read More

ဧရာဝတီတိုင်းကို ခိုးဝင်သူတွေထဲက ကိုဗစ်ရောဂါပိုးတွေ့

ဧရာဝတီတိုင်းကို ခိုးဝင်သူတွေထဲက ကိုဗစ်ရောဂါပိုးတွေ့ ပုသိမ်၊ စက်တင်ဘာ ၁-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘက်ရဲဂိတ်အနီးက ရေနံချက်ဖိုဟောင်းဝင်းအတွင်း ယာယီစောင့်ကြည့်ရေးစခန်းမှာနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦးထဲက ၁ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ရတယ်လို့ ကြံခင်းမြို့နယ် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးကျော်ကျော်ဆန်းကVOMကို အတည်ပြုပြောပါတယ်။ ဘိုကလေးမြစ်ဝမှာ သြဂုတ်လ၂၇ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦးကို ရေနံချက်ဖိုဟောင်းဝင်းအတွင်းမှာ တိုင်းအစိုးရအစီအစဉ်နဲ့ ထားရှိခဲ့တာဖြစ်ပြီး သြဂုတ်လ၃၀ရက်နေ့က ဓါတ်ခွဲနမူနာရယူခဲ့ရာမှာတော့ အသက်၂၁ နှစ်အရွယ်အမျိုးသားမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူ့ကို ည၁၂နာရီခွဲက ရန်ကုန်ဝေဘာဂီဆေးရုံကို တိုင်းကျန်းမာအစီစဉ်နဲ့ပိုဆောင်လိုက်ပါပြီ”လို့ ကြံခင်းမြို့နယ် ကွာရန်တင်းတာဝန်ခံ ဦးကျော်ကျော်ဆန်းကပြောပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ဘိုကလေးမြစ်အတွင်းမှာ စက်လှေတစ်စီးနဲ့လိုက်ပါလာတဲ့ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ကလေး ကျား ၁ ဦး၊ မ…

Read More

နိုင်ငံ့ဝန်ထမ်းတွေကို လစာ(၂)လစာ အတိုးမဲ့ ကြိုထုတ်ချေးမယ်

နိုင်ငံ့ဝန်ထမ်းတွေကို လစာ(၂)လစာ အတိုးမဲ့ ကြိုထုတ်ချေးမယ် နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀ ကိုလတ် (VOM) နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လစာ (၂)လစာ အတိုးမဲ့ ကြိုထုတ်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနကိုပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးကနေ သိရပါတယ်။ လစာကြိုထုတ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁ ရက်နေ့က Online စာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီး နိုင်ငံ့တော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “မှန်ပါတယ်။ ဒါပေမယ့် ကန့်သတ်စာဖြစ်ပါတယ်”လို့ ပြောပါတယ်။ အဲ့ဒီလို ထုတ်ချေးပေးနိုင်ဖို့အတွက် ရာထူးအလိုက် ဦးရေနဲ့ အမှန်လိုအပ်ငွေစာရင်းကို ပြည်နယ် ၊တိုင်းဒေသကြီးများရှိ ဝန်ကြီးဌာနတွေက စက်တင်ဘာလ ၄ ရက်နေ့မှာ တင်ပြပေးဖို့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ညွန်ကြားထားတာဖြစ်ပါတယ်။ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန(ရုံးချုပ်)ကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အရောက်ပို့ပေးကြရမှာဖြစ်တယ်လို့လည်း အဲ့ဒီညွန်ကြားချက်မှာ ပါရှိတာကိုတွေ့ရပါတယ်။…

Read More

ရုရှားနဲ့တရုတ်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိရောက်မှုအလားအလာနည်း

ရုရှားနဲ့တရုတ်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိရောက်မှုအလားအလာနည်း ချီကာဂို၊ စက်တင်ဘာ ၁-၂၀၂၀ မျိုးဆက် (VOM) ရုရှားနဲ့ တရုတ်နိုင်ငံတို့က ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေဟာ လူများစွာနဲ့ထိတွေ့ဖူးတဲ့ အအေးမိဗိုင်းရပ်စ်တစ်မျိုးအပေါ် အခြေခံပြီးထုတ်လုပ်ထားတာကြောင့် ဆေးရဲ့ထိရောက်မှုဟာ အကန့်အသတ်နဲ့သာရှိပြီး အောင်မြင်မှုအလားအလာနည်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံအခြေစိုက် CanSino Biologics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ (6185.HK) ကာကွယ်ဆေးဟာ စစ်ဘက်မှာသုံးဖို့ ခွင့်ပြုချက်ရရှိထားပြီး ဒီဆေးဟာ AD5 ဗိုင်းရပ်စ်အမျိုးအစားကို အခြေခံထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့တော့ အဲ့ဒီဆေးကို အကြီးအကျယ်စမ်းသပ်မှုတွေမပြုလုပ်ခင် နိုင်ငံအတော်များများမှာ အရေးပေါ်အတည်ပြုချက်ရရှိဖို့ ဆွေးနွေးမှုတွေပြုနေတယ်လို့ ဝေါလ်စရိဂျာနယ်က ပြီးခဲ့တဲ့အပတ်မှာ ရေးသားဖော်ပြထားပါတယ်။ ရုရှားနိုင်ငံအခြေစိုက် Gamaleya Institute က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကလည်း Ad5 နဲ့ အခြားဗိုင်းရပ်စ်တစ်မျိုးအပေါ် အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး စမ်းသပ်မှုတွေကို အကန့်အသတ်နဲ့သာ ပြုလုပ်ထားရသေးပေမယ့် အခုလအစောပိုင်းမှာ ရုရှားနိုင်ငံက ခွင့်ပြုချက်ပေးခဲ့ပါတယ်။…

Read More

တာချီလိတ်မြို့မှာ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

တာချီလိတ်မြို့မှာ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ် နယ်စပ်မြို့ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းထဲက နေအိမ်တစ်အိမ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦး ဩဂုတ်လ ၃၁ ရက်‌ ညပိုင်းက သေနက်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ တာချီလိတ်နာရေးကူညီမှုအသင်းကနေ သိရပါတယ်။ ” ကောင်လေးက ဗမာပြည်ကလာပြီး အလုပ်လုပ်နေသူပါ။ လမ်းမှာ မောတယ်မောတယ်လို့တောင် ပြောနေပြီး ဆေးရုံအရောက်ကျမှ ဆုံးသွားတာပါ။ တာချီလိတ်ကလည်း သေနက်ကို လောက်လေးဂွလို ကိုင်တွယ်နေကြတော့ ခုလိုမျိုးဖြစ်တာ ခပ်စိတ်စိတ်ဖြစ်လာတယ်”လို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့ညပိုင်းက Were Wolf 99 Security Serviceကုမ္ပဏီက လုံခြုံရေးဝန်ထမ်း ကိုသုတမိုး အသက်(၁၉ နှစ်)ဟာ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်း အိမ်အမှတ်(၂/၆)မှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေချိန် အမည်မသိလူတစ်ဦးက သေနက်နဲ့…

Read More

ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါကြောင့် ယာယီ နဲ့အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၇၀ကျော်ရှိနေ

ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါကြောင့် ယာယီ နဲ့အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၇၀ကျော်ရှိနေ ရန်ကုန် ၊ စက်တင်ဘာ ၁-၂၀၂၀ ယဉ်ပပထွန်း ( VOM) ရန်ကုန်တိုင်းမှာ COVID-19 ရောဂါကြောင့် အပြီးပိတ်သိမ်းတာ နဲ့ယာယီပိတ်သိမ်းလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း (၁၇၃)ရုံ ရှိနေတယ်လို့လူဝင်မူကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုမိုးစုကြည်က ပြောပါတယ်။ အပြီးပိတ်သိမ်းမူနဲ့ယာယီပိတ်သိမ်းထားတဲ့ စက်ရုံအလုပ်ရုံတွေဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေစပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ၊ ၁၇၃ ရုံရှိနေပြီး အလုပ်သမားပေါင်း (၄၂၃၉၅)ဦးရှိတယ်လို့သိရပါတယ်။ ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းမှာ ပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံ အရေအတွက်မည်မျှရှိပါသလဲဆိုပြီး လမ်းမတော်မြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမာက မနေ့သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ကို ဝန်ကြီးက ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေဟာ…

Read More
VOM News

FREE
VIEW