ဦးကိုနီနဲ့ ကိုနေဝင်းတို့အမှုက တရားခံတွေကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ ထပ်မံအယူခံဝင်

ဦးကိုနီနဲ့ ကိုနေဝင်းတို့အမှုက တရားခံတွေကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ ထပ်မံအယူခံဝင်
နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀
စွမ်းရဲထွဋ် (VOM)
ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အမှုမှာပါဝင်တဲ့ တရားခံတွေကို ချမှတ်ထားတဲ့ ပြစ်ဒါဏ်တွေကို တိုးမြှင့်ပေးဖို့အတွက် သူတို့ရဲ့ ရှေ့နေတွေက ဒီကနေ့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ချုပ်ရုံးကို ထပ်မံ အယူခံဝင်လျှောက်လဲခဲ့ပါတယ်။
“ကျနော်ကတော့ ကိုဇေယျာဖြိုးကို စွဲချက်တင်ထားတာ ၃၀၂/၃၄/၁၀၉ နဲ့ စွဲချက်တင်ထားတာ။ အဲ့ဒါကို အပြစ်ပေးတာက ရာဇသတ်ကြီး ၂၀၁ ပထမပိုင်းနဲ့ အပြစ်ပေးထားတာဆိုတော့ ဒါ နည်းနည်းလွဲတယ်။ လွဲတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့က အဆင့်ဆင့်ရုံးကို တင်တယ်။ အဲ့ဒါ မရတော့ အထူးအယူခံဝင်ခွင့်ပေးဖို့တင်တာ”လို့ ဦးကိုနီ မိသားစုဖက်မှ ရှေ့နေ ဦးခင်မောင်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။
ရာဇသတ်ကြီးပုဒ်မ-၂၀၁ ပထမပိုင်းဟာ ပြစ်မှုတစ်ခုဖြစ်ပြီးတဲ့နောက်မှာ အမှုကလွတ်ဖို့၊ ထွက်ပြေးနိုင်ဖို့ အစရှိတဲ့ နက်နက်နဲနဲ ပက်သက်ကူညီတာဖြစ်ပြီး ပုဒ်မ-၁၀၉ ဆိုတာကတော့ အစကတည်းက စီစဉ်တဲ့နေရာမှာပါပြီး တောက်လျှောက် ကိုယ်တိုင်ပြစ်မှုကျူးလွန်တဲ့နေရာမှာမရှိပေမယ့်လည်း အကြံဉာဏ်ပေးတာတွေ၊ ထောက်ပံ့ပေးတာတွေ၊ ကူညီတာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဦးခင်မောင်ဌေးကပြောပါတယ်။
“အဲ့ဒီတော့ စကတည်းက ပါတဲ့လူနဲ့ နောက်မှပါတဲ့လူ အခြေအနေချင်းက ကွာတာပေါ့ဗျာ။ ၁၀၉ ရဲ့ ပြစ်ဒါဏ်က ကြည်လင်းတို့၊ ကိုအောင်ဝင်းဇော်တို့ ချထားတဲ့ ပြစ်ဒါဏ်နဲ့ အတူတူသွားမှာ ၂၀၁ ပထမပိုင်းရဲ့ ပြစ်ဒါဏ်က ၇ နှစ်ပဲလေ။ ပြစ်ဒါဏ်လည်း တအားကွာပါတယ်။ ပြုလုပ်ဆောင်ရွက်မှုတွေလည်း ကွာပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ရည်ရွယ်ချက်ချင်းလည်း အများကြီးကွာပါတယ်”လို့ ဦးခင်မောင်ဌေးကပြောပါတယ်။
ဦးကိုနီကို လုပ်ကြံတဲ့အမှုက ရုတ်တရက် ဖြစ်လာတာမဟုတ်ဘဲ အရင်စီစဉ်ပြီးမှ အုံကျင်းဖွဲ့ပြီးဖြစ်လာတာကြောင့် ရေဆုံးမြေဆုံး လိုက်သင့်တယ်လို့လည်း ဦးခင်မောင်ဌေးက ပြောပါတယ်။
အရင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဦးကိုနီနဲ့ ကိုနေဝင်းတို့ဖက်က ရှေ့နေတွေဟာ ပြည်ထောင်စုတရားလွှတ်တော်ကို ပြင်ဆင်ချက်တင်သွင်းခဲ့ပြီး အဲ့ဒီ ပြင်ဆင်ချက်လျှောက်ထားတာကို  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဦးကိုနီနှင့် ကိုနေဝင်းတို့အမှုနဲ့ ပက်သက်နေတဲ့ တရားခံတွေထဲက ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်ချမှတ်ထားပြီး အောင်ဝင်းထွန်းကိုတော့ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကာ ချုပ်ရက်တွေနဲ့ တွက်ကြည့်မယ်ဆိုရင် ချမှတ်ထားတဲ့ ပြစ်ဒါဏ်တွေဟာ စတိသဘောသာဖြစ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။
“သက်သာတဲ့ ပုဒ်မကို ပြောင်းပြီး သက်ညှာတဲ့ ပြစ်ဒါဏ်တွေကိုချတာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တဲ့ အုတ်တစ်ချက်လပ်သွားတယ်လို့ ကျနော်တို့က ယုံကြည်တဲ့အတွက် စွဲချက်အတိုင်းပြန်တင်ပြီးတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ဆောင်ရွက်ဖို့အတွက် အထူးအယူခံဝင်တာပါ။ တရားစီရင်ထုံးတွေ အမြင့်ဆုံးတရားရုံးတွေရဲ့ ညွှန်ကြားချက်တွေရဲ့ ညွှန်ကြားချက်တွေမှာလည်း စတိပြစ်ဒဏ် မချပါနဲ့ ပြစ်မှုကို ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ချဖို့ပဲ ညွှန်ကြားထားတယ်။ ဒါမျိုးတွေ နောက်ထပ်ပေါ်မလာစေချင်လို့ပါ။ ဂဠုန်ဦးစောအမှုမှာ ထိထိရောက်ရောက်လုပ်လိုက်တဲ့အခါကျတော့ နှစ် ၃၀၊ ၄၀ တွန့်သွားတယ်။ အခုလည်း ကျနော်တို့က နိုင်ငံနဲ့အဝှမ်း တရားဥပဒေစိုးမိုးရေးနဲ့ လုပ်ကြံသတ်ဖြတ်ရေးလုပ်ငန်းစဉ်တွေ အဟန့်အတားဖြစ်အောင်ဆိုတဲ့ သဘောမျိုးနဲ့ ပြန်ကြားနာပြီး ထိုက်သင့်တဲ့ ပြစ်ဒါဏ်ကို တိုးမြှင့်ပေးဖို့အတွက် ရာဇဝတ်အထူးအယူခံဖွင့်ပေးပါလို့ လာလျှောက်ခြင်းပဲဖြစ်ပါတယ်”လို့ အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ဇနီး ဒေါ်စုသက်ခိုင်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဦးကိုနီအမှုရဲ့ အဓိကတရားခံတွေဖြစ်တဲ့ သေနတ်သမားကြည်လင်းနဲ့ လုပ်ကြံမှုကို စေခိုင်းသူ အောင်ဇော်ဝင်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ်ထိုက်စေတဲ့ပုဒ်မ ၃၀၂(၁)(ခ)/၃၄ နဲ့ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဦးကိုနီအမှုအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အချိန် ၂ နှစ်ကျော်ကြာ ရုံးချိန်းပေါင်း ၁၀၄ ချိန်း၊ စုစုပေါင်းသက်သေ ၁၁၀ တို့ကို စစ်ဆေးပြီးမှ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ဦးကိုနီနဲ႔ ကုိေနဝင္းတုိ႔အမႈက တရားခံေတြကုိ ျပစ္ဒဏ္တိုးၿမွင့္ေပးဖုိ႔ ထပ္မံအယူခံဝင္
ေနၿပည္ေတာ္၊ စက္တင္ဘာ ၁-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ဦးကိုနီနဲ႔ အငွားယာဥ္ေမာင္း ကုိေနဝင္းတုိ႔အမႈမွာပါဝင္တဲ့ တရားခံေတြကုိ ခ်မွတ္ထားတဲ့ ျပစ္ဒါဏ္ေတြကုိ တိုးၿမွင့္ေပးဖုိ႔အတြက္ သူတုိ႔ရဲ့ ေရွ႕ေနေတြက ဒီကေန႔ ေနၿပည္ေတာ္မွာရွိတဲ့ ၿပည္ေထာင္စုလႊတ္ေတာ္ခ်ဳပ္ရံုးကုိ ထပ္မံ အယူခံဝင္ေလွ်ာက္လဲခဲ့ပါတယ္။
“က်ေနာ္ကေတာ့ ကုိေဇယ်ာၿဖိဳးကုိ စြဲခ်က္တင္ထားတာ ၃၀၂/၃၄/၁၀၉ နဲ႔ စြဲခ်က္တင္ထားတာ။ အဲ့ဒါကုိ အၿပစ္ေပးတာက ရာဇသတ္ၾကီး ၂၀၁ ပထမပုိင္းနဲ႔ အၿပစ္ေပးထားတာဆုိေတာ့ ဒါ နည္းနည္းလြဲတယ္။ လြဲတယ္ဆိုတဲ့အေၾကာင္းကို က်ေနာ္တို႔က အဆင့္ဆင့္ရံုးကုိ တင္တယ္။ အဲ့ဒါ မရေတာ့ အထူးအယူခံဝင္ခြင့္ေပးဖို႔တင္တာ”လုိ႔ ဦးကိုနီ မိသားစုဖက္မွ ေရွ႕ေန ဦးခင္ေမာင္ေဌးက သတင္းမီဒီယာေတြကုိ ေၿပာပါတယ္။
ရာဇသတ္ၾကီးပုဒ္မ-၂၀၁ ပထမပုိင္းဟာ ၿပစ္မႈတစ္ခုၿဖစ္ၿပီးတဲ့ေနာက္မွာ အမႈကလြတ္ဖုိ႔၊ ထြက္ေၿပးနုိင္ဖုိ႔ အစရွိတဲ့ နက္နက္နဲနဲ ပက္သက္ကူညီတာၿဖစ္ၿပီး ပုဒ္မ-၁၀၉ ဆုိတာကေတာ့ အစကတည္းက စီစဥ္တဲ့ေနရာမွာပါၿပီး ေတာက္ေလွ်ာက္ ကုိယ္တုိင္ၿပစ္မႈက်ဴးလြန္တဲ့ေနရာမွာမရွိေပမယ့္လည္း အၾကံဥာဏ္ေပးတာေတြ၊ ေထာက္ပံ့ေပးတာေတြ၊ ကူညီတာေတြ လုပ္ခဲ့တာၿဖစ္တယ္လို႔ ဦးခင္ေမာင္ေဌးကေျပာပါတယ္။
“အဲ့ဒီေတာ့ စကတည္းက ပါတဲ့လူနဲ႔ ေနာက္မွပါတဲ့လူ အေၿခအေနခ်င္းက ကြာတာေပါ့ဗ်ာ။ ၁၀၉ ရဲ့ ၿပစ္ဒါဏ္က ၾကည္လင္းတို႔၊ ကုိေအာင္ဝင္းေဇာ္တုိ႔ ခ်ထားတ့ဲ ၿပစ္ဒါဏ္နဲ႔ အတူတူသြားမွာ ၂၀၁ ပထမပုိင္းရဲ့ ၿပစ္ဒါဏ္က ၇ ႏွစ္ပဲေလ။ ၿပစ္ဒါဏ္လည္း တအားကြာပါတယ္။ ၿပဳလုပ္ေဆာင္ရြက္မႈေတြလည္း ကြာပါတယ္။ ၿပစ္မႈက်ဴးလြန္တဲ့ ရည္ရြယ္ခ်က္ခ်င္းလည္း အမ်ားၾကီးကြာပါတယ္”လို႔ ဦးခင္ေမာင္ေဌးကေျပာပါတယ္။
ဦးကုိနီကုိ လုပ္ၾကံတဲ့အမႈက ရုတ္တရက္ ၿဖစ္လာတာမဟုတ္ဘဲ အရင္စီစဥ္ၿပီးမွ အုံက်င္းဖြဲ႔ၿပီးၿဖစ္လာတာေၾကာင့္ ေရဆံုးေၿမဆံုး လုိက္သင့္တယ္လုိ႔လည္း ဦးခင္ေမာင္ေဌးက ေၿပာပါတယ္။
အရင္ ၂၀၁၉ ခုႏွစ္၊ နုိဝင္ဘာလ ၂၆ ရက္ေန႔ကလည္း ဦးကိုနီနဲ႔ ကုိေနဝင္းတုိ႔ဖက္က ေရွ႕ေနေတြဟာ ၿပည္ေထာင္စုတရားလႊတ္ေတာ္ကို ၿပင္ဆင္ခ်က္တင္သြင္းခဲ့ၿပီး အဲ့ဒီ ၿပင္ဆင္ခ်က္ေလွ်ာက္ထားတာကုိ  ၿပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ရံုးက ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ပယ္ခ်ခဲ့တယ္လုိ႔ သိရပါတယ္။
လက္ရွိ ဦးကုိနီႏွင့္ ကိုေနဝင္းတို႔အမႈနဲ႔ ပက္သက္ေနတဲ့ တရားခံေတြထဲက ေဇယ်ာၿဖိဳးကုိ ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ထားၿပီး ေအာင္ဝင္းထြန္းကိုေတာ့ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္ခဲ့ကာ ခ်ဳပ္ရက္ေတြနဲ႔ တြက္ၾကည့္မယ္ဆိုရင္ ခ်မွတ္ထားတဲ့ ၿပစ္ဒါဏ္ေတြဟာ စတိသေဘာသာၿဖစ္ေနတယ္လုိ႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က သတင္းမီဒီယာေတြကို ေၿပာပါတယ္။
“သက္သာတဲ့ ပုဒ္မကုိ ေၿပာင္းၿပီး သက္ညွာတဲ့ ၿပစ္ဒါဏ္ေတြကိုခ်တာဟာ ၿမန္မာနုိင္ငံရဲ့့ တရားစီရင္ေရးမွာ တရားဥပေဒစိုးမုိးေရးအတြက္ လုိအပ္တဲ့ အုတ္တစ္ခ်က္လပ္သြားတယ္လုိ႔ က်ေနာ္တို႔က ယံုၾကည္တဲ့အတြက္ စြဲခ်က္အတုိင္းၿပန္တင္ၿပီးေတာ့ ထုိက္သင့္တဲ့ ၿပစ္ဒဏ္ကုိ ေဆာင္ရြက္ဖုိ႔အတြက္ အထူးအယူခံဝင္တာပါ။ တရားစီရင္ထံုးေတြ အၿမင့္ဆံုးတရားရံုးေတြရဲ့ ညႊန္ၾကားခ်က္ေတြရဲ့ ညႊန္ၾကားခ်က္ေတြမွာလည္း စတိၿပစ္ဒဏ္ မခ်ပါနဲ႔ ၿပစ္မႈကို ဟန္႔တားေလာက္တဲ့ ၿပစ္ဒဏ္ခ်ဖို႔ပဲ ညႊန္ၾကားထားတယ္။ ဒါမ်ိဳးေတြ ေနာက္ထပ္ေပၚမလာေစခ်င္လုိ႔ပါ။ ဂဠဳန္ဦးေစာအမႈမွာ ထိထိေရာက္ေရာက္လုပ္လုိက္တဲ့အခါက်ေတာ့ ႏွစ္ ၃၀၊ ၄၀ တြန္႔သြားတယ္။ အခုလည္း က်ေနာ္တို႔က နုိင္ငံနဲ႔အဝွမ္း တရားဥပေဒစုိးမိုးေရးနဲ႔ လုပ္ၾကံသတ္ၿဖတ္ေရးလုပ္ငန္းစဥ္ေတြ အဟန္႔အတားၿဖစ္ေအာင္ဆုိတဲ့ သေဘာမ်ိဳးနဲ႔ ၿပန္ၾကားနာၿပီး ထုိက္သင့္တဲ့ ၿပစ္ဒါဏ္ကုိ တိုးၿမွင့္ေပးဖုိ႔အတြက္ ရာဇဝတ္အထူးအယူခံဖြင့္ေပးပါလုိ႔ လာေလွ်ာက္ၿခင္းပဲၿဖစ္ပါတယ္”လုိ႔ အငွားယာဥ္ေမာင္း ကုိေနဝင္းရဲ့ ဇနီး ေဒၚစုသက္ခုိင္ရဲ့ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေၿပာပါတယ္။
ဦးကိုနီအမႈရဲ့ အဓိကတရားခံေတြၿဖစ္တဲ့ ေသနတ္သမားၾကည္လင္းနဲ႔ လုပ္ၾကံမႈကုိ ေစခိုင္းသူ ေအာင္ေဇာ္ဝင္းကုိ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွာ ရန္ကုန္ေၿမာက္ပုိင္းခရုိင္တရားရံုးက ေသဒဏ္ထုိက္ေစတဲ့ပုဒ္မ ၃၀၂(၁)(ခ)/၃၄ နဲ႔ မေသမခ်င္း ၾကိဳးကြင္းစြပ္သတ္ဖို႔ အမိန္႔ခ်မွတ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ဦးကိုနီအမႈအတြက္ ရန္ကုန္ေၿမာက္ပုိင္းခရုိင္တရားရံုးက အခ်ိန္ ၂ ႏွစ္ေက်ာ္ၾကာ ရံုးခ်ိန္းေပါင္း ၁၀၄ ခ်ိန္း၊ စုစုေပါင္းသက္ေသ ၁၁၀ တို႔ကုိ စစ္ေဆးၿပီးမွ အမိန္႔ခ်မွတ္ခဲ့တာၿဖစ္တယ္လို႔လည္း သိရပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW