ရုရှားနဲ့တရုတ်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိရောက်မှုအလားအလာနည်း

ရုရှားနဲ့တရုတ်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိရောက်မှုအလားအလာနည်း

ချီကာဂို၊ စက်တင်ဘာ ၁-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနဲ့ တရုတ်နိုင်ငံတို့က ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေဟာ လူများစွာနဲ့ထိတွေ့ဖူးတဲ့ အအေးမိဗိုင်းရပ်စ်တစ်မျိုးအပေါ် အခြေခံပြီးထုတ်လုပ်ထားတာကြောင့် ဆေးရဲ့ထိရောက်မှုဟာ အကန့်အသတ်နဲ့သာရှိပြီး အောင်မြင်မှုအလားအလာနည်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံအခြေစိုက် CanSino Biologics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ (6185.HK) ကာကွယ်ဆေးဟာ စစ်ဘက်မှာသုံးဖို့ ခွင့်ပြုချက်ရရှိထားပြီး ဒီဆေးဟာ AD5 ဗိုင်းရပ်စ်အမျိုးအစားကို အခြေခံထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့တော့ အဲ့ဒီဆေးကို အကြီးအကျယ်စမ်းသပ်မှုတွေမပြုလုပ်ခင် နိုင်ငံအတော်များများမှာ အရေးပေါ်အတည်ပြုချက်ရရှိဖို့ ဆွေးနွေးမှုတွေပြုနေတယ်လို့ ဝေါလ်စရိဂျာနယ်က ပြီးခဲ့တဲ့အပတ်မှာ ရေးသားဖော်ပြထားပါတယ်။

ရုရှားနိုင်ငံအခြေစိုက် Gamaleya Institute က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကလည်း Ad5 နဲ့ အခြားဗိုင်းရပ်စ်တစ်မျိုးအပေါ် အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး စမ်းသပ်မှုတွေကို အကန့်အသတ်နဲ့သာ ပြုလုပ်ထားရသေးပေမယ့် အခုလအစောပိုင်းမှာ ရုရှားနိုင်ငံက ခွင့်ပြုချက်ပေးခဲ့ပါတယ်။

Ad5 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူအတော်များများမှာ ကိုယ်ခံစွမ်းအားထွက်ရှိနေတဲ့အတွက် ဒီကာကွယ်ဆေးတွေဟာ ၇၀ ရာခိုင်းနှုန်း ထိရောက်မှုရှိမှာမဟုတ်ဘဲ ၄၀ ရာခိုင်နှုန်းလောက်သာ ထိရောက်နိုင်တဲ့အတွက် ဘာမှထူးပြီးအကျိုးရှိမှာမဟုတ်ဘူးလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ကာကွယ်ဆေးသုတေသီ အန်နာဒါဗင်က ပြောပါတယ်။

Ad5 ကိုအခြေခံပြီး အီဘိုလာရောဂါ ကာကွယ်ဆေးထုတ်လုပ်မှုမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့တဲ့ ရုရှားနဲ့ တရုတ်အခြေစိုက် ကုမ္ပဏီတွေကတော့ ကာကွယ်ဆေးအပေါ် ပညာရှင်တွေရဲ့ သတိပေးမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုး မရှိပါဘူး။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ချီကာဂို

Zawgyi

ရုရွားနဲ႔တရုတ္တို႔ရဲ႕ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိေရာက္မႈအလားအလာနည္း

ခ်ီကာဂို၊ စက္တင္ဘာ ၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားနဲ႔ တရုတ္နုိင္ငံတို႔က ထုတ္လုပ္ထားတဲ႔ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးေတြဟာ လူမ်ားစြာနဲ႔ထိေတြ႔ဖူးတဲ႔ အေအးမိဗိုင္းရပ္စ္တစ္မ်ိဳးအေပၚ အေျခခံျပီးထုတ္လုပ္ထားတာေၾကာင္႔ ေဆးရဲ႕ထိေရာက္မႈဟာ အကန္႔အသတ္နဲ႔သာရိွျပီး ေအာင္ျမင္မႈအလားအလာနည္းတယ္လို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။

တရုတ္နိုင္ငံအေျခစိုက္ CanSino Biologics ကုမၸဏီက ထုတ္လုပ္ထားတဲ႔ (6185.HK) ကာကြယ္ေဆးဟာ စစ္ဘက္မွာသံုးဖို႔ ခြင္႔ျပဳခ်က္ရရိွထားျပီး ဒီေဆးဟာ AD5 ဗိုင္းရပ္စ္အမ်ိဳးအစားကို အေျခခံထုတ္လုပ္ထားတာျဖစ္ပါတယ္။

ကုမၸဏီအေနနဲ႔ေတာ႔ အဲ့ဒီေဆးကို အၾကီးအက်ယ္စမ္းသပ္မႈေတြမျပဳလုပ္ခင္ နိုင္ငံအေတာ္မ်ားမ်ားမွာ အေရးေပၚအတည္ျပဳခ်က္ရရိွဖို႔ ေဆြးေႏြးမႈေတြျပဳေနတယ္လို႔ ေ၀ါလ္စရိဂ်ာနယ္က ျပီးခဲ႔တဲ႔အပတ္မွာ ေရးသားေဖာ္ျပထားပါတယ္။

ရုရွားနုိင္ငံအေျခစိုက္ Gamaleya Institute က ထုတ္လုပ္ထားတဲ႔ ကာကြယ္ေဆးကလည္း Ad5 နဲ႔ အျခားဗိုင္းရပ္စ္တစ္မ်ိဳးအေပၚ အေျခခံထုတ္လုပ္ထားတာျဖစ္ျပီး စမ္းသပ္မႈေတြကို အကန္႔အသတ္န႔ဲသာ ျပဳလုပ္ထားရေသးေပမယ္႔ အခုလအေစာပိုင္းမွာ ရုရွားနုိင္ငံက ခြင္႔ျပဳခ်က္ေပးခဲ႔ပါတယ္။

Ad5 ဗိုင္းရပ္စ္နဲ႔ပတ္သက္ျပီး လူအေတာ္မ်ားမ်ားမွာ ကိုယ္ခံစြမ္းအားထြက္ရိွေနတဲ႔အတြက္ ဒီကာကြယ္ေဆးေတြဟာ ၇၀ ရာခိုင္းနႈန္း ထိေရာက္မႈရိွမွာမဟုတ္ဘဲ ၄၀ ရာခိုင္နႈန္းေလာက္သာ ထိေရာက္နိုင္တဲ့အတြက္ ဘာမွထူးျပီးအက်ိဳးရွိမွာမဟုတ္ဘူးလို႔ ဂြ်န္ေဟာ႔ကင္းတကၠသိုလ္က ကာကြယ္ေဆးသုေတသီ အန္နာဒါဗင္က ေျပာပါတယ္။

Ad5 ကိုအေျခခံျပီး အီဘိုလာေရာဂါ ကာကြယ္ေဆးထုတ္လုပ္မႈမွာ နွစ္ေပါင္းမ်ားစြာ အေတြ႔အၾကံဳရိွခဲ႔တဲ႔ ရုရွားနဲ႔ တရုတ္အေျခစိုက္ ကုမၸဏီေတြကေတာ႔ ကာကြယ္ေဆးအေပၚ ပညာရွင္ေတြရဲ႕ သတိေပးမႈေတြနဲ႔ ပတ္သက္ျပီး မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရိွပါဘူး။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ခ်ီကာဂို

Related posts

Leave a Comment

VOM News

FREE
VIEW