ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါကြောင့် ယာယီ နဲ့အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၇၀ကျော်ရှိနေ

ရန်ကုန်တိုင်းမှာ ကိုဗစ်ရောဂါကြောင့် ယာယီ နဲ့အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၇၀ကျော်ရှိနေ

ရန်ကုန် ၊ စက်တင်ဘာ ၁-၂၀၂၀
ယဉ်ပပထွန်း ( VOM)

ရန်ကုန်တိုင်းမှာ COVID-19 ရောဂါကြောင့် အပြီးပိတ်သိမ်းတာ နဲ့ယာယီပိတ်သိမ်းလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း (၁၇၃)ရုံ ရှိနေတယ်လို့လူဝင်မူကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုမိုးစုကြည်က ပြောပါတယ်။

အပြီးပိတ်သိမ်းမူနဲ့ယာယီပိတ်သိမ်းထားတဲ့ စက်ရုံအလုပ်ရုံတွေဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေစပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ၊ ၁၇၃ ရုံရှိနေပြီး အလုပ်သမားပေါင်း (၄၂၃၉၅)ဦးရှိတယ်လို့သိရပါတယ်။

ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းမှာ ပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံ အရေအတွက်မည်မျှရှိပါသလဲဆိုပြီး လမ်းမတော်မြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမာက မနေ့သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ကို ဝန်ကြီးက ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေဟာ မိမိတို့အသက်ရှင်နေထိုင်ရေးနဲ့အလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကြော်ငြာပေးထားတဲ့ စက်ရုံ၊အလုပ်ရုံတွေမှာ ပြန်လည်လျှောက်ထားဆောင်ရွက်နေတဲ့ လုပ်သားတွေလည်း အများအပြားရှိနေပြီဖြစ်တယ်လို့ဝန်ကြီး ဒေါ်မိုမိုးစုကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ တိုင်းအစိုးရကဖြေရှင်းပေးရတဲ့ ပြသာနာအများဆုံးဟာ အလုပ်သမားပြသာနာတွေကို ဖြေရှင်းပေးမူအများဆုံးဖြစ်တယ်လို့လည်း သိရပြီး လက်ရှိပါတီတွေက အလုပ်ရှင်၊အလုပ်သမားပြသာနာတွေကို အလုပ်လက်မဲ့လျော့ချရေးဆိုပြီး မူဝါဒများချမှတ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

COVID- 19 ရောဂါကြောင့် လက်ရှိရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းမွာ ကိုဗစ္ေရာဂါေၾကာင့္ ယာယီ နဲ ့အၿပီးပိတ္သိမ္းသြားတဲ့ စက္ရံုအလုပ္ရံုေပါင္း ၁၇၀ေက်ာ္႐ွိေန

ရန္ကုန္ ၊ စက္တင္ဘာ ၁-၂၀၂၀
ယဥ္ပပထြန္း ( VOM)

ရန္ကုန္တိုင္းမွာ COVID-19 ေရာဂါေၾကာင့္ အျပီးပိတ္သိမ္းတာ နဲ ့ယာယီပိတ္သိမ္းလိုက္တဲ့ စက္ရံု၊ အလုပ္ရံုေပါင္း (၁၇၃)ရံု ႐ွိေနတယ္လို ့လူဝင္မူၾကီးၾကပ္ေရး ႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ၾကီး ေဒၚမိုမိုးစုၾကည္က ေျပာပါတယ္။

အျပီးပိတ္သိမ္းမူနဲ ့ယာယီပိတ္သိမ္းထားတဲ့ စက္ရံုအလုပ္ရံုေတြဟာ ၂၀၂၀ခုႏွစ္ ဇန္နဝါရီ ၁ ရက္ကေနစၿပီး ဇူလိုင္လ ၃၁ ရက္ေန႔အထိ၊ ၁၇၃ ရံုရွိေနၿပီး အလုပ္သမားေပါင္း (၄၂၃၉၅)ဦး႐ွိတယ္လို ့သိရပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ရန္ကုန္တိုင္းမွာ ပိတ္သိမ္းသြားတဲ့ စက္႐ုံ၊ အလုပ္႐ုံ အေရအတြက္မည္မၽွရွိပါသလဲဆိုျပီး လမ္းမေတာ္ျမိဳ ့နယ္ အမွတ္ (၁) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေဒၚေအးေအးမာက မေန႔ၾသဂုတ္လ ၃၁ ရက္ေန႔ကက်င္းပျပဳလုပ္တဲ့ ဒုတိယအၾကိမ္ ရန္ကုန္တိုင္း လႊတ္ေတာ္အစည္းအေဝးမွာ ေမးျမန္းခဲ့ကုိ ဝန္ၾကီးက ေျဖဆိုခဲ့တာျဖစ္ပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြဟာ မိမိတို့အသက္ရွင္ေနထိုင္ေရးနဲ ့အလုပ္အကိုင္ျပန္လည္ရရွိေရးအတြက္ အလုပ္သမားညႊန္ၾကားမွုဦးစီးဌာနက ေၾကာ္ျငာေပးထားတဲ့ စက္႐ုံ၊အလုပ္႐ုံေတြမွာ ျပန္လည္ေလၽွာက္ထားေဆာင္ရြက္ေနတဲ့ လုပ္သားေတြလည္း အမ်ားအျပားရွိေနၿပီျဖစ္တယ္လို ့ဝန္ႀကီး ေဒၚမိုမိုးစုၾကည္က ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ တိုင္းအစိုးရကေျဖ႐ွင္းေပးရတဲ့ ျပသာနာအမ်ားဆံုးဟာ အလုပ္သမားျပသာနာေတြကုိ ေျဖ႐ွင္းေပးမူအမ်ားဆံုးျဖစ္တယ္လို႔လည္း သိရၿပီး လက္႐ွိပါတီေတြက အလုပ္႐ွင္၊အလုပ္သမားျပသာနာေတြကို အလုပ္လက္မဲ့ေလ်ာ့ခ်ေရးဆိုျပီး မူဝါဒမ်ားခ်မွတ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

COVID- 19 ေရာဂါေၾကာင့္ လက္႐ွိရန္ကုန္တိုင္းမွာ အလုပ္လက္မဲ့ျဖစ္ေနတဲ့ အလုပ္သမားေတြလည္း ႐ွိေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW