နိုင်ငံ့ဝန်ထမ်းတွေကို လစာ(၂)လစာ အတိုးမဲ့ ကြိုထုတ်ချေးမယ်

နိုင်ငံ့ဝန်ထမ်းတွေကို လစာ(၂)လစာ အတိုးမဲ့ ကြိုထုတ်ချေးမယ်

နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀
ကိုလတ် (VOM)

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လစာ (၂)လစာ အတိုးမဲ့ ကြိုထုတ်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနကိုပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးကနေ သိရပါတယ်။

လစာကြိုထုတ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁ ရက်နေ့က Online စာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီး နိုင်ငံ့တော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “မှန်ပါတယ်။ ဒါပေမယ့် ကန့်သတ်စာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီလို ထုတ်ချေးပေးနိုင်ဖို့အတွက် ရာထူးအလိုက် ဦးရေနဲ့ အမှန်လိုအပ်ငွေစာရင်းကို ပြည်နယ် ၊တိုင်းဒေသကြီးများရှိ ဝန်ကြီးဌာနတွေက စက်တင်ဘာလ ၄ ရက်နေ့မှာ တင်ပြပေးဖို့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ညွန်ကြားထားတာဖြစ်ပါတယ်။

ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန(ရုံးချုပ်)ကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အရောက်ပို့ပေးကြရမှာဖြစ်တယ်လို့လည်း အဲ့ဒီညွန်ကြားချက်မှာ ပါရှိတာကိုတွေ့ရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ႏိုင္ငံ့ဝန္ထမ္းေတြကို လစာ(၂)လစာ အတိုးမဲ့ ႀကိဳထုတ္ေခ်းမယ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၁-၂၀၂၀
ကိုလတ္ (VOM)

ႏိုင္ငံ့ဝန္ထမ္း(အၿမဲတမ္း)ေတြကို လစာ (၂)လစာ အတိုးမဲ့ ႀကိဳထုတ္ေပးႏိုင္ဖို႔အတြက္ သက္ဆိုင္ရာ ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာနကိုေပးပို႔ဖို႔ ၫႊန္ၾကားထားတယ္လို႔ ႏိုင္ငံေတာ္သမၼတရံုးကေန သိရပါတယ္။

လစာႀကိဳထုတ္ေပးဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး စက္တင္ဘာလ ၁ ရက္ေန႔က Online စာမ်က္ႏွာေတြမွာ ျပန္႔ႏွံ႔ခဲ့ၿပီး နိ္ုင္ငံ့ေတာ္သမၼတ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း “မွန္ပါတယ္။ ဒါေပမယ့္ ကန႔္သတ္စာျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

အဲ့ဒီလို ထုတ္ေခ်းေပးႏိုင္ဖို႔အတြက္ ရာထူးအလိုက္ ဦးေရနဲ႔ အမွန္လိုအပ္ေငြစာရင္းကို ျပည္နယ္ ၊တိုင္းေဒသႀကီးမ်ားရွိ ဝန္ႀကီးဌာနေတြက စက္တင္ဘာလ ၄ ရက္ေန႔မွာ တင္ျပေပးဖို႔ ၾသဂုတ္လ ၃၁ ရက္ေန႔ ရက္စြဲနဲ႔ ၫြန္ၾကားထားတာျဖစ္ပါတယ္။

ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာန(႐ုံးခ်ဳပ္)ကိုေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႔ အေရာက္ပို႔ေပးၾကရမွာျဖစ္တယ္လို႔လည္း အဲ့ဒီၫြန္ၾကားခ်က္မွာ ပါရွိတာကိုေတြ႕ရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW