ဧရာဝတီတိုင်းကို ခိုးဝင်သူတွေထဲက ကိုဗစ်ရောဂါပိုးတွေ့

ဧရာဝတီတိုင်းကို ခိုးဝင်သူတွေထဲက ကိုဗစ်ရောဂါပိုးတွေ့

ပုသိမ်၊ စက်တင်ဘာ ၁-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘက်ရဲဂိတ်အနီးက ရေနံချက်ဖိုဟောင်းဝင်းအတွင်း ယာယီစောင့်ကြည့်ရေးစခန်းမှာနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦးထဲက ၁ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ရတယ်လို့ ကြံခင်းမြို့နယ် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးကျော်ကျော်ဆန်းကVOMကို အတည်ပြုပြောပါတယ်။

ဘိုကလေးမြစ်ဝမှာ သြဂုတ်လ၂၇ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦးကို ရေနံချက်ဖိုဟောင်းဝင်းအတွင်းမှာ တိုင်းအစိုးရအစီအစဉ်နဲ့ ထားရှိခဲ့တာဖြစ်ပြီး သြဂုတ်လ၃၀ရက်နေ့က ဓါတ်ခွဲနမူနာရယူခဲ့ရာမှာတော့ အသက်၂၁ နှစ်အရွယ်အမျိုးသားမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူ့ကို ည၁၂နာရီခွဲက ရန်ကုန်ဝေဘာဂီဆေးရုံကို တိုင်းကျန်းမာအစီစဉ်နဲ့ပိုဆောင်လိုက်ပါပြီ”လို့ ကြံခင်းမြို့နယ် ကွာရန်တင်းတာဝန်ခံ ဦးကျော်ကျော်ဆန်းကပြောပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ဘိုကလေးမြစ်အတွင်းမှာ စက်လှေတစ်စီးနဲ့လိုက်ပါလာတဲ့ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ကလေး ကျား ၁ ဦး၊ မ ၁ ဦးကို သတင်းအရဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီဖမ်းမိတဲ့အထဲက အမျိုးသားတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Zawgyi

ဧရာ၀တီတိုင္းကို ခိုး၀င္သူေတြထဲက ကိုဗစ္ေရာဂါပိုးေတြ႕

ပုသိမ္၊ စက္တင္ဘာ ၁-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ ႀကံခင္းၿမိဳ႕နယ္၊ ဘက္ရဲဂိတ္အနီးက ေရနံခ်က္ဖိုေဟာင္းဝင္းအတြင္း ယာယီေစာင့္ၾကည့္ေရးစခန္းမွာေနတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူ (၄၂)ဦးထဲက ၁ဦးမွာ ကိုဗစ္ပိုးေတြ႕ခဲ့ရတယ္လို႔ ႀကံခင္းၿမိဳ႕နယ္ ကြာရန္တင္းစင္တာ တာ၀န္ခံ ဦးေက်ာ္ေက်ာ္ဆန္းကVOMကို အတည္ျပဳေျပာပါတယ္။

ဘိုကေလးျမစ္၀မွာ ၾသဂုတ္လ၂၇ရက္ေန႔က ဖမ္းဆီးရမိခဲ့တဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူ (၄၂)ဦးကို ေရနံခ်က္ဖိုေဟာင္းဝင္းအတြင္းမွာ တိုင္းအစိုးရအစီအစဥ္နဲ႔ ထားရွိခဲ့တာျဖစ္ၿပီး ၾသဂုတ္လ၃၀ရက္ေန႔က ဓါတ္ခြဲနမူနာရယူခဲ့ရာမွာေတာ့ အသက္၂၁ ႏွစ္အ႐ြယ္အမ်ိဳးသားမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“သူ႔ကို ည၁၂နာရီခြဲက ရန္ကုန္ေဝဘာဂီေဆး႐ုံကို တိုင္းက်န္းမာအစီစဥ္နဲ႔ပိုေဆာင္လိုက္ပါၿပီ”လို႔ ႀကံခင္းၿမိဳ႕နယ္ ကြာရန္တင္းတာ၀န္ခံ ဦးေက်ာ္ေက်ာ္ဆန္းကေျပာပါတယ္။

ၾသဂုတ္လ ၂၇ ရက္ေန႔ ညေနပိ္ုင္းက ဘိုကေလးျမစ္အတြင္းမွာ စက္ေလွတစ္စီးနဲ႔လိုက္ပါလာတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့ အမ်ိဳးသား ၁၁ ဦး၊ အမ်ိဳးသမီး ၂၉ ဦး၊ ကေလး က်ား ၁ ဦး၊ မ ၁ ဦးကို သတင္းအရဖမ္းဆီးခဲ့တာျဖစ္ၿပီး အဲ့ဒီဖမ္းမိတဲ့အထဲက အမ်ိဳးသားတစ္ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပုသိမ္

Related posts

Leave a Comment

VOM News

FREE
VIEW