တာချီလိတ်မြို့မှာ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

တာချီလိတ်မြို့မှာ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ် နယ်စပ်မြို့ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းထဲက
နေအိမ်တစ်အိမ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦး ဩဂုတ်လ ၃၁ ရက်‌ ညပိုင်းက သေနက်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ တာချီလိတ်နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

” ကောင်လေးက ဗမာပြည်ကလာပြီး အလုပ်လုပ်နေသူပါ။ လမ်းမှာ မောတယ်မောတယ်လို့တောင် ပြောနေပြီး ဆေးရုံအရောက်ကျမှ ဆုံးသွားတာပါ။ တာချီလိတ်ကလည်း သေနက်ကို လောက်လေးဂွလို ကိုင်တွယ်နေကြတော့ ခုလိုမျိုးဖြစ်တာ ခပ်စိတ်စိတ်ဖြစ်လာတယ်”လို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့ညပိုင်းက Were Wolf 99 Security Serviceကုမ္ပဏီက လုံခြုံရေးဝန်ထမ်း ကိုသုတမိုး အသက်(၁၉ နှစ်)ဟာ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်း အိမ်အမှတ်(၂/၆)မှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေချိန် အမည်မသိလူတစ်ဦးက သေနက်နဲ့ ဝင်ပစ်သွားတာဖြစ်ပြီး ဝဲဘက်ရင်အုံကို ထိမှန်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာပဲ‌သေဆုံးခဲ့တယ်လို့ တာချီလိတ်နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

သေနက်နဲ့ပစ်သတ်ခံရတဲ့အမှုက ပြစ်မှုကျူးလွန်သူကို တာချီလိတ်မြို့မရဲစခန်းက (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-တာချီလိတ်မြို့ နာရေးကူညီမှုအသင်း

Zawgyi

တာခ်ီလိတ္ၿမိဳ႔မွာ ပုဂၢလိကလုံၿခဳံေရးဝန္ထမ္း ၁ ဦး ေသနတ္နဲ႔ပစ္သတ္ခံရ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္ နယ္စပ္ၿမိဳ႕ တာခ်ီလိတ္ၿမိဳ႔၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ပုံလို႔လမ္းထဲက
ေနအိမ္တစ္အိမ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ပုဂၢလိကလုံၿခဳံေရးဝန္ထမ္းတစ္ဦး ဩဂုတ္လ ၃၁ ရက္‌ ညပိုင္းက ေသနက္နဲ႔ပစ္သတ္ခံခဲ့ရတယ္လို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းကေန သိရပါတယ္။

” ေကာင္ေလးက ဗမာျပည္ကလာၿပီး အလုပ္လုပ္ေနသူပါ။ လမ္းမွာ ေမာတယ္ေမာတယ္လို႔ေတာင္ ေျပာေနၿပီး ေဆး႐ုံအေရာက္က်မွ ဆုံးသြားတာပါ။ တာခ်ီလိတ္ကလည္း ေသနက္ကို ေလာက္ေလးဂြလို ကိုင္တြယ္ေနၾကေတာ့ ခုလိုမ်ိဳးျဖစ္တာ ခပ္စိတ္စိတ္ျဖစ္လာတယ္”လို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

အခင္းျဖစ္တဲ့ညပိုင္းက Were Wolf 99 Security Serviceကုမၸဏီက လုံၿခဳံေရးဝန္ထမ္း ကိုသုတမိုး အသက္(၁၉ ႏွစ္)ဟာ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ပုံလို႔လမ္း အိမ္အမွတ္(၂/၆)မွာ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနခ်ိန္ အမည္မသိလူတစ္ဦးက ေသနက္နဲ႔ ဝင္ပစ္သြားတာျဖစ္ၿပီး ဝဲဘက္ရင္အုံကို ထိမွန္ခဲ့တာေၾကာင့္ အခင္းျဖစ္ေနရာမွာပဲ‌ေသဆုံးခဲ့တယ္လို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းကေန သိရပါတယ္။

ေသနက္နဲ႔ပစ္သတ္ခံရတဲ့အမႈက ျပစ္မႈက်ဴးလြန္သူကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက (ပ)၃၁၈/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ၿပီး စုံစမ္းေနတယ္လို႔ သိရပါတယ္။

ဓါတ္ပုံ-တာခ်ီလိတ္ၿမိဳ႕ နာေရးကူညီမႈအသင္း

Related posts

Leave a Comment

VOM News

FREE
VIEW