‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေ

‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေ
နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀
 စွမ်းရဲထွဋ် (VOM)
ရွေးကောက်ပွဲ ကျင်ပနိုင်ခဲ့ခြင်းမရှိသေးတဲ့ ‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့ စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာဖြစ်ပါတယ်။
“အဓိကကတော့ ၂၀၁၀ မှာတုန်းကလည်း မကျင်းပခဲ့ဖူးဘူး။ ၂၀၁၅ မှာလည်း မကျင်းပခဲ့တဲ့ ‘ဝ’ ပြည် နယ်က ၅ မြို့နယ်။ နောက် ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အချို့ပေါ့။ ဒါလေးတွေကတော့ တစ်ချို့ နေရာတွေကတော့ လုံခြုံရေးရယူပြီးတော့ ကျင်းပနိုင်တဲ့အခြေအနေရှိတယ်။ တစ်ချို့နေရာတွေကျတော့ မြို့နယ်တစ်ခုလုံးကို ကျင်းပနိုင်တဲ့အခြေအနေမရှိဘူး” လို့ ဦးမြင့်နိုင်ကပြောပါတယ်။
အချို့မြို့နယ်မှာ မဲဆန္ဒနယ် ၂ခုရှိပြီးတော့ တစ်ခုပဲကျင်းပနိုင်တာမျိုးနဲ့ အချို့ ကျေးရွာတွေနဲ့ ကျေးရွာအုပ်စုတွေမှာလည်း ကျင်းပလို့မရတာမျိုးတွေရှိနေတာကို စီစစ်နေပြီး ရွေးကောက်ပွဲနီးတဲ့အခါမှာ အချိန်မှီကြေငြာပေးမယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ရှိပြီး အပြောင်းအလဲရှိလာပါက အောက်တိုဘာလလောက်မှာ ကြေငြာသွားမယ်လို့လည်း ပြောပါတယ်။
“အကြောင်းကြောင်းကြောင့် မကျင်းပနိုင်တဲ့ လွှတ်တော်မဲဆန္ဒနယ်ကို ရွှေ့ဆိုင်းတယ်ဆိုတာကို အောက်တိုဘာလမှာကြေငြာပါတယ်။ အခုလည်း ကျတော်တို့ အဲ့လောက်အနေအထားမှာ အသိပေးကြေငြာသွားမှာဖြစ်ပါတယ်”လို့ ဦးမြင့်နိုင်ကပြောပါတယ်။
လာမယ့် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း (၇၀၃၀)ဦးထိရှိပြီး ကိုယ်စားလှယ်လျှောက်လွှာပြန်လည်ရုပ်သိမ်းတာတွေ၊ ပယ်ဖျက်ခံရတာတွေရှိခဲ့လို့ အမှန်တကယ်ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာကတော့ (၆၉၆၉)ဦးပဲရှိတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
‘ဝ’ ၿပည္နယ္က ၿမိဳ႕နယ္ ၅ ခုနဲ႔ ရခုိင္ၿပည္နယ္က ၿမိဳ႕နယ္အခ်ိဳ႕ ေရြးေကာက္ပြဲက်င္းပဖုိ႔ အခက္အခဲရွိေန
ေနၿပည္ေတာ္၊ စက္တင္ဘာ ၃-၂၀၂၀
 စြမ္းရဲထြဋ္ (VOM)
ေရြးေကာက္ပြဲ က်င္ပနုိင္ခဲ့ၿခင္းမရွိေသးတဲ့ ‘ဝ’ ၿပည္နယ္က ၿမိဳ႕နယ္ ၅ ခုနဲ႔ ရခုိင္ၿပည္နယ္က ၿမိဳ႕နယ္အခ်ိဳ႕မွာ ေရြးေကာက္ပြဲက်င္းပဖုိ႔ အခက္အခဲရွိေနတယ္လုိ႔ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္ ဦးၿမင့္နုိင္က မေန႔ စက္တင္ဘာလ ၂ ရက္ေန႔က ေနၿပည္ေတာ္မွာရွိတဲ့ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရံုးမွာ သတင္းမီဒီယာေတြနဲ႔ ေတြ႔ဆံုခ်ိန္မွာ ေၿပာလိုက္တာျဖစ္ပါတယ္။
“အဓိကကေတာ့ ၂၀၁၀ မွာတုန္းကလည္း မက်င္းပခဲ့ဖူးဘူး။ ၂၀၁၅ မွာလည္း မက်င္းပခဲ့တဲ့ ‘ဝ’ ျပည္ နယ္က ၅ ၿမိဳ႕နယ္။ ေနာက္ ရခိုင္ျပည္နယ္က မဲဆႏၵနယ္အခ်ိဳ႕ေပါ့။ ဒါေလးေတြကေတာ့ တစ္ခ်ိဳ႕ ေနရာေတြကေတာ့ လံုျခံဳေရးရယူၿပီးေတာ့ က်င္းပႏိုင္တဲ့အေျခအေနရွိတယ္။ တစ္ခ်ိဳ႕ေနရာေတြက်ေတာ့ ၿမိဳ႕နယ္တစ္ခုလံုးကို က်င္းပႏိုင္တဲ့အေျခအေနမရွိဘူး” လုိ႔ ဦးၿမင့္နုိင္ကေျပာပါတယ္။
အခ်ိဳ႕ၿမိဳ႕နယ္မွာ မဲဆႏၵနယ္ ၂ခုရွိၿပီးေတာ့ တစ္ခုပဲက်င္းပႏိုင္တာမ်ိဳးနဲ႔ အခ်ိဳ႕ ေက်းရြာေတြနဲ႔ ေက်းရြာအုပ္စုေတြမွာလည္း က်င္းပလို႔မရတာမ်ိဳးေတြရွိေနတာကို စီစစ္ေနၿပီး ေရြးေကာက္ပြဲနီးတဲ့အခါမွာ အခ်ိန္မွီေၾကျငာေပးမယ္လို႔ ဦးျမင့္ႏိုင္က ေၿပာပါတယ္။
လာမယ့္ နုိဝင္ဘာလ ၈ ရက္ေန႔မွာ ျပဳလုပ္မယ့္ ေရြးေကာက္ပြဲကုိ သတ္မွတ္ရက္အတိုင္း က်င္းပဖုိ႔ရွိၿပီး အေၿပာင္းအလဲရွိလာပါက ေအာက္တုိဘာလေလာက္မွာ ေၾကၿငာသြားမယ္လုိ႔လည္း ေၿပာပါတယ္။
“အေၾကာင္းေၾကာင္းေၾကာင့္ မက်င္းပႏိုင္တဲ့ လႊတ္ေတာ္မဲဆႏၵနယ္ကို ေရႊ႕ဆိုင္းတယ္ဆိုတာကို ေအာက္တိုဘာလမွာေၾကၿငာပါတယ္။ အခုလည္း က်ေတာ္တို႔ အဲ့ေလာက္အေနအထားမွာ အသိေပးေၾကျငာသြားမွာျဖစ္ပါတယ္”လို႔ ဦးျမင့္ႏိုင္ကေျပာပါတယ္။
လာမယ့္ ၂၀၂၀ပါတီစံုအေထြေထြေရြးေကာက္ပြဲကုိ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔အတြက္ ကုိယ္စားလွယ္ေလာင္း (၇၀၃၀)ဦးထိရွိၿပီး ကိုယ္စားလွယ္ေလွ်ာက္လႊာျပန္လည္႐ုပ္သိမ္းတာေတြ၊ ပယ္ဖ်က္ခံရတာေတြရွိခဲ့လုိ႔ အမွန္တကယ္ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမွာကေတာ့ (၆၉၆၉)ဦးပဲရွိတာၿဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW