ကျောက်တော်မြို့နယ်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ ဒေသခံ (၇) ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ ဒေသခံ (၇) ဦးဒဏ်ရာရ

ကျောက်တော်၊ စက်တင်ဘာ ၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်က ကုလားတန်မြစ်ကြောင်းအတိုင်း ခုတ်မောင်းလာတဲ့ တပ်မတော်စစ်ရေယာဉ်တွေနဲ့ အေအေတို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့ ကျေးရွာတွေမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ဂုတ်ပီထောင့် ကျေးရွာ(မူဆလင်ကျေးရွာ)နဲ့ (ရခိုင်ရွာ)၊ င/ တပေါင်းရွာနဲ့ သင်္ဂနက်ကျေးရွာ စတဲ့ရွာတွေဖြစ်ပြီး ဒေသခံပြည်သူတွေအပြင် နွားတွေလည်း ဒဏ်ရာသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ သင်္ဂနက်ကျေးရွာက ဦးစောသာအောင် အသက် (၆၇) နှစ်၊ ဒေါ်စိန်ကျော့သိန်း အသက် (၆၂)နဲ့ အသက် (၆၄) နှစ်အရွယ်ဦးမောင်ဖြူတို့ ဖြစ်ပြီး သူတို့အားလုံးဟာ ပုန်းခိုကျင်းထဲမှာ ပုန်းနေချိန် တင်ပါးကို လက်နက်ကြီးကျည်စ ထိမှန်သွားတာဖြစ်ကြောင်းနဲ့ လက်ရှိ ကျောက်တော်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေါ်စိန်ကျော့သိန်းရဲ့ သားဖြစ်သူကပြောပါတယ်။

” ကျနော်တို့မှာက မိသားစုငါးယောက်ရှိတယ်။ ကျနော်ကတော့ ထိုင်နေတယ်။ ကျနော့်အမေ တို့က ပုန်းတွင်းထဲမှာ မောက်ပြီးတော့ အိပ်နေတယ်။ အဲဒီ အချိန်မှာ လက်နက်ကြီးကလာကျတာ။ ထိုင်နေတဲ့ ကျနော့်ဆီကို မကျလိုက်ဘူး။ ပုန်းတွင်းထဲမှာ ပုန်းနေတဲ့ အမေနဲ့ အဖေဆီမှာ လက်နက်ကြီး ကလာမှန်သွားတယ်။” လို့ သင်္ဂနက်ကျေးရွာက ဒေါ်စိန်ကျော့သိန်းရဲ့ သားဖြစ်သူကပြောပါတယ်။

င/တပေါင်းကျေးရွာက အသက် (၃၇) နှစ်အရွယ် ဒေါ်အေးကျော့သိန်းမှာ ဘယ်ဘက်နို့အုံ ကျည်စထိမှန်သွားကြောင်းနဲ့ ဂုတ်ပီထောင့် မူဆလင်ကျေးရွာက မာမောက်ရော်ဖီး အသက်(၃၇) နှစ်၊ မီရာမောက် အသက်(၄၂)နဲ့ အာဘူချေ အသက် (၈) နှစ်အရွယ်တို့ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရှိသွားတဲ့ ဒေါ်အေးကျော့သိန်းရဲ့ ခင်ပွန်းပြောတာကတော့ “ အောက်ပိုင်းဖက်က ချောင်းကနေပစ်ပြီးတက်လာတာမှာ အိမ်မှာ ထိုင်နေတဲ့ အခါမှန်သွားတာ။ ထိုင်နေရာကနေပြီးတော့ ထဘီဝတ်မယ်ဆိုပြီး ထတဲ့အခါကျသွားတာ။ အခုတော့ ကျောက်တော်ဆေးရုံမှာ ပါ။ မူဆလင်ရွာတွေမှာလည်း ကျတယ်လို့ပြောသံကြားပါတယ်။” လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်ဖက်မှာ မနေ့က လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်မှုတွေအတွင်း ဂုတ်ပီထောင့် (ရခိုင်)ရွာက ဦးဖိုးသာမှာ နွားမ(၃) ကောင်နဲ့ ကျောက်တော်မြို့နယ် အုတ်ကြွတ်ရွာက ဦးမောင်အေးစိန်မှာ နွားထီးတစ်ကောင်တို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာ ဒီကနေ့မနက်အစောပိုင်းနဲ့ မနေ့က စက်တင်ဘာ ၁ရက်နေ့ည ၁၂ နာရီအချိန်လောက်က ပစ်ခတ်မှုဖြစ်ခဲ့တာ ရှိမရှိကို သိလိုတာကြောင့် တပ်မတော်ပြန်ကြားရေးတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မနက်အစောပိုင်းက ပစ်ခတ်မှုတွေအတွင်း လက်နက်ကြီးကျည်ကျပြီး အခုလိုမျိုး ဒဏ်ရာရရှိသွားတဲ့ထဲမှာ သင်္ဂနက်ကျေးရွာက တင်းပါးကျည်စထိမှန်ဒဏ်ရာရရှိသူ ဦးစောသာအောင်နဲ့ ခြေထောက်နဲ့ တင်ပါးမှာကျည်စထိမှန်သွားတဲ့ ဦးမောင်ဖြူတို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကပ်ရောဂါဒုတိယလှိုင်းကူးစပ်မှုမြှင့်တက်နေပြီး တစ်ဖက်မှာလည်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ပျိုးစိုက်နေတဲ့ အမျိုးသမီးတွေကို လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီ တစ်ဦး သေဆုံးကာ (၃) ဦးဒဏ်ရာရရှိသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော်

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္း လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ ေဒသခံ (၇) ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ စက္တင္ဘာ ၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ဒီကေန႔ မနက္အေစာပိုင္း ၁ နာရီေက်ာ္ေလာက္က ကုလားတန္ျမစ္ေၾကာင္းအတိုင္း ခုတ္ေမာင္းလာတဲ့ တပ္မေတာ္စစ္ေရယာဥ္ေတြနဲ႔ ေအေအတို႔ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာေၾကာင့္ ကုလားတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္က ေက်း႐ြာေတြကို လက္နက္ႀကီးေတြက်ေရာက္ေပါက္ကြဲၿပီး ေဒသခံျပည္သူ (၇) ဦး ထိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲတဲ့ ေက်း႐ြာေတြမွာ ကုလားတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္က ဂုတ္ပီေထာင့္ ေက်း႐ြာ(မူဆလင္ေက်း႐ြာ)နဲ႔ (ရခိုင္႐ြာ)၊ င/ တေပါင္း႐ြာနဲ႔ သဂၤနက္ေက်း႐ြာ စတဲ့႐ြာေတြျဖစ္ၿပီး ေဒသခံျပည္သူေတြအျပင္ ႏြားေတြလည္း ဒဏ္ရာေသဆုံးမႈေတြရွိတယ္လို႔ သိရပါတယ္။

ဒဏ္ရာရရွိသူေတြကေတာ့ သဂၤနက္ေက်း႐ြာက ဦးေစာသာေအာင္ အသက္ (၆၇) ႏွစ္၊ ေဒၚစိန္ေက်ာ့သိန္း အသက္ (၆၂)နဲ႔ အသက္ (၆၄) ႏွစ္အ႐ြယ္ဦးေမာင္ျဖဴတို႔ ျဖစ္ၿပီး သူတို႔အားလုံးဟာ ပုန္းခိုက်င္းထဲမွာ ပုန္းေနခ်ိန္ တင္ပါးကို လက္နက္ႀကီးက်ည္စ ထိမွန္သြားတာျဖစ္ေၾကာင္းနဲ႔ လက္ရွိ ေက်ာက္ေတာ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတယ္လို႔ ေဒၚစိန္ေက်ာ့သိန္းရဲ႕ သားျဖစ္သူကေျပာပါတယ္။

” က်ေနာ္တို႔မွာက မိသားစုငါးေယာက္ရွိတယ္။ က်ေနာ္ကေတာ့ ထိုင္ေနတယ္။ က်ေနာ့္အေမ တို႔က ပုန္းတြင္းထဲမွာ ေမာက္ၿပီးေတာ့ အိပ္ေနတယ္။ အဲဒီ အခ်ိန္မွာ လက္နက္ႀကီးကလာက်တာ။ ထိုင္ေနတဲ့ က်ေနာ့္ဆီကို မက်လိုက္ဘူး။ ပုန္းတြင္းထဲမွာ ပုန္းေနတဲ့ အေမနဲ႔ အေဖဆီမွာ လက္နက္ႀကီး ကလာမွန္သြားတယ္။” လို႔ သဂၤနက္ေက်း႐ြာက ေဒၚစိန္ေက်ာ့သိန္းရဲ႕ သားျဖစ္သူကေျပာပါတယ္။

င/တေပါင္းေက်း႐ြာက အသက္ (၃၇) ႏွစ္အ႐ြယ္ ေဒၚေအးေက်ာ့သိန္းမွာ ဘယ္ဘက္ႏို႔အုံ က်ည္စထိမွန္သြားေၾကာင္းနဲ႔ ဂုတ္ပီေထာင့္ မူဆလင္ေက်း႐ြာက မာေမာက္ေရာ္ဖီး အသက္(၃၇) ႏွစ္၊ မီရာေမာက္ အသက္(၄၂)နဲ႔ အာဘူေခ် အသက္ (၈) ႏွစ္အ႐ြယ္တို ႔ဒဏ္ရာရရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လက္နက္ႀကီးက်ည္ ထိမွန္ဒဏ္ရာရွိသြားတဲ့ ေဒၚေအးေက်ာ့သိန္းရဲ႕ ခင္ပြန္းေျပာတာကေတာ့ “ ေအာက္ပိုင္းဖက္က ေခ်ာင္းကေနပစ္ၿပီးတက္လာတာမွာ အိမ္မွာ ထိုင္ေနတဲ့ အခါမွန္သြားတာ။ ထိုင္ေနရာကေနၿပီးေတာ့ ထဘီဝတ္မယ္ဆိုၿပီး ထတဲ့အခါက်သြားတာ။ အခုေတာ့ ေက်ာက္ေတာ္ေဆး႐ုံမွာ ပါ။ မူဆလင္႐ြာေတြမွာလည္း က်တယ္လို႔ေျပာသံၾကားပါတယ္။” လို႔ ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ဖက္မွာ မေန႔က လက္နက္ႀကီးလက္နက္ငယ္ေတြပစ္ခတ္မႈေတြအတြင္း ဂုတ္ပီေထာင့္ (ရခိုင္)႐ြာက ဦးဖိုးသာမွာ ႏြားမ(၃) ေကာင္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ အုတ္ႂကြတ္႐ြာက ဦးေမာင္ေအးစိန္မွာ ႏြားထီးတစ္ေကာင္တို႔ ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ကုလားတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္မွာ ဒီကေန႔မနက္အေစာပိုင္းနဲ႔ မေန႔က စက္တင္ဘာ ၁ရက္ေန႔ည ၁၂ နာရီအခ်ိန္ေလာက္က ပစ္ခတ္မႈျဖစ္ခဲ့တာ ရွိမရွိကို သိလိုတာေၾကာင့္ တပ္မေတာ္ျပန္ၾကားေရးတာဝန္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

မနက္အေစာပိုင္းက ပစ္ခတ္မႈေတြအတြင္း လက္နက္ႀကီးက်ည္က်ၿပီး အခုလိုမ်ိဳး ဒဏ္ရာရရွိသြားတဲ့ထဲမွာ သဂၤနက္ေက်း႐ြာက တင္းပါးက်ည္စထိမွန္ဒဏ္ရာရရွိသူ ဦးေစာသာေအာင္နဲ႔ ေျခေထာက္နဲ႔ တင္ပါးမွာက်ည္စထိမွန္သြားတဲ့ ဦးေမာင္ျဖဴတို႔ဟာ ဒဏ္ရာျပင္းထန္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ကပ္ေရာဂါဒုတိယလႈိင္းကူးစပ္မႈျမွင့္တက္ေနၿပီး တစ္ဖက္မွာလည္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ အရပ္သားျပည္သူေတြ ထိခိုက္ဒဏ္ရာရေနပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၇ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်း႐ြာမွာ ပ်ိဳးစိုက္ေနတဲ့ အမ်ိဳးသမီးေတြကို လက္နက္ႀကီးက်ည္ထိမွန္ၿပီး အမ်ိဳးသမီ တစ္ဦး ေသဆုံးကာ (၃) ဦးဒဏ္ရာရရွိသြားတဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW