တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၂၀၀ ရှိမယ်လို့ အမေရိကန်စစ်ဘက် ခန့်မှန်း

တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၂၀၀ ရှိမယ်လို့ အမေရိကန်စစ်ဘက် ခန့်မှန်း

ဝါရှင်တန်၊ စက်တင်ဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ နျူကလီးယားထိပ်ဖူး ခန့်မှန်းခြေ ၂၀၀ ရှိပြီး လာမယ့်ဆယ်စုနှစ်အတွင်း အနည်းဆုံးနှစ်ဆတိုးလာနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတစ်ခုကို စက်တင်ဘာ ၁ ရက်မှာ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှာတော့ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို ခန့်မှန်းမှုတစ်ရပ် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

ဂျပန်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွေဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးပျံတွေနဲ့ ခရုဇ်ဒုံးပျံတွေ ပစ်ခတ်နိုင်တဲ့ အကွာအဝေးမှာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး လာမယ့်နှစ်ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့် လက်နက်လျှော့ချရေးစာချုပ်တစ်ရပ်ဖြစ်တဲ့ New START Treaty စာချုပ်မှာပါဝင်ဖို့ တရုတ်နိုင်ငံကို အမေရိကန်က တိုက်တွန်းနေပါတယ်။ ဒါပေမယ့် နျူကလီးယားစွမ်းရည်ကို သိသိသာသာကန့်သတ်ထားတဲ့ အဲဒီစာချုပ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ ရေငုပ်သင်္ဘောနဲ့ လေယာဉ်တွေကနေ ပစ်ခတ်နိုင်တဲ့ နျူကလီးယားဒုံးပျံတွေထုတ်လုပ်ခဲ့ပြီး မြေအောက်အခြေစိုက် တိုက်ချင်းပစ်ဒုံးပျံတွေလည်းပါဝင်တယ်လို့ အမေရိကန်စစ်ဘက်တာဝန်ရှိသူ ချဒ်ဆာဘရာဂီယာက စက်တင်ဘာ ၁ ရက်တွင်ပြောဆိုလိုက်ပြီး အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးတိုးချဲ့မှုများကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

တရုတ္နိုင္ငံမွာ န်ဴကလီးယားထိပ္ဖူး ၂၀၀ ရိွမယ္လို႔ အေမရိကန္စစ္ဘက္ ခန္႔မွန္း

၀ါရွင္တန္၊ စက္တင္ဘာ-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံမွာ လက္ရိွအခ်ိန္ထိ န်ဴကလီးယားထိပ္ဖူး ခန္႔မွန္းေျခ ၂၀၀ ရိွျပီး လာမယ္႔ဆယ္စုနွစ္အတြင္း အနည္းဆံုးနွစ္ဆတိုးလာနုိင္တယ္လို႔ အေမရိကန္ကာကြယ္ေရး၀န္ၾကီးဌာနက ေျပာပါတယ္။

တရုတ္နုိင္ငံရဲ႕ စစ္ေရးနဲ႔ပတ္သက္တဲ႔ နွစ္ပတ္လည္အစီရင္ခံစာတစ္ခုကို စက္တင္ဘာ ၁ ရက္မွာ ပင္တဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္ခဲ႔ျပီး အစီရင္ခံစာမွာေတာ႔ တရုတ္နုိင္ငံရဲ႕ န်ဴကလီးယားလက္နက္ေတြကို ခန္႔မွန္းမႈတစ္ရပ္ ပထမဆံုးအၾကိမ္ ပါ၀င္လာပါတယ္။

ဂ်ပန္နိုင္ငံရိွ အေမရိကန္အေျခစိုက္စခန္းေတြဟာ န်ဴကလီးယားထိပ္ဖူးေတြကို သယ္ေဆာင္နုိင္တဲ႔ တရုတ္နိုင္ငံရဲ႕ တာလတ္ပစ္ ပဲ႔ထိန္းဒံုးပ်ံေတြနဲ႔႔ ခရုဇ္ဒံုးပ်ံေတြ ပစ္ခတ္နိုင္တဲ႔ အကြာအေ၀းမွာရိွတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လက္နက္ထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္ျပီး လာမယ္႔နွစ္ေဖေဖာ္၀ါရီလမွာ သက္တမ္းကုန္ဆံုးမယ္႔ လက္နက္ေလွ်ာ႔ခ်ေရးစာခ်ဳပ္တစ္ရပ္ျဖစ္တဲ႔ New START Treaty စာခ်ဳပ္မွာပါ၀င္ဖို႔ တရုတ္နုိင္ငံကို အေမရိကန္က တိုက္တြန္းေနပါတယ္။ ဒါေပမယ္႔ န်ဴကလီးယားစြမ္းရည္ကို သိသိသာသာကန္႔သတ္ထားတဲ႔ အဲဒီစာခ်ဳပ္မွာ ပါ၀င္မွာမဟုတ္ဘူးလို႔ တရုတ္နိုင္ငံက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

တရုတ္နိုင္ငံဟာ ေရငုပ္သေဘၤာနဲ႔ ေလယာဥ္ေတြကေန ပစ္ခတ္နိုင္တဲ႔ န်ဴကလီးယားဒံုးပ်ံေတြထုတ္လုပ္ခဲ႔ျပီး ေျမေအာက္အေျခစိုက္ တိုက္ခ်င္းပစ္ဒံုးပ်ံေတြလည္းပါ၀င္တယ္လို႔ အေမရိကန္စစ္ဘက္တာ၀န္ရိွသူ ခ်ဒ္ဆာဘရာဂီယာက စက္တင္ဘာ ၁ ရက္တြင္ေျပာဆိုလိုက္ျပီး အေမရိကန္အေနနဲ႔ တရုတ္နုိင္ငံရဲ႕ စစ္ေရးတိုးခ်ဲ႕မႈမ်ားကို ဆက္လက္ေစာင္႔ၾကည္႔သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW