မြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဆေးရုံမှာ Covid-19 ရောဂါရှာဖွေတဲ့စက် တပ်ဆင်မယ်

မြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဆေးရုံမှာ Covid-19 ရောဂါရှာဖွေတဲ့စက် တပ်ဆင်မယ်

မြစ်ကြီးနား၊ စက်တင်ဘာ ၃-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားဆေးရုံနဲ့ ဗန်းမော်ဆေးရုံတို့မှာ Covid-19 ရောဂါရှာဖွေဖို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်တဲ့ (Gene X pert)စက်ကို စက်တင်ဘာလအတွင်း တပ်ဆင်သွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးကပြောပါတယ်။

တပ်ဆင်မယ့် စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သင်တန်းတက်ထားတဲ့ ရောဂါဗေဒဆရာဝန်၊ မြစ်ကြီးနားဆေးရုံက အကြီးအကဲနဲ့ ပြည်နယ်ကျန်းမာရေးမှူးတို့ဟာ သြဂုတ်လ ၂၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လာရောက်ရှင်းပြသွားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားဆေးရုံအသစ်ကြီးက ၄ ထပ်ဆောင်မှာ တပ်ဆင်ဖို့အတွက် အခန်းဖွဲ့စည်းပုံများ ပြင်ဆင်ပြီးနေပြီလို့ သိရပါတယ်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါက်တာနော်ရှဲလ်တာကို အဲ့ဒီစက်တပ်ဆင်မယ့်အကြောင်း မေးမြန်းရာမှာတော့ “ ဟုတ်ပါတယ်၊ ဒေါက်တာအေးသိန်းတို့ ဆောင်ရွက်နေကြတယ် ၊ မကြာတော့ဘူး ဖွင့်တောင်ဖွင့်တော့မယ်။ “ လို့ ပြောပါတယ်။

ရောဂါစမ်းသပ်တဲ့ စက်တပ်ဆင်ဖို့အတွက် စက် ၃ မျိုးလိုအပ်နေတာကို ဝယ်ယူတပ်ဆင်ဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြထားတယ်လို့လည်း သိရပါတယ်။

“ သူတို့ပြောတာက Biosafety cabinet ၊ Auto Clare ပေါ့၊ ပိုးမွှားသန့်စင်တဲ့ စက်၊ UV lamp ပေါ့၊ စစ်ဆေးတဲ့သူကို ပိုးသတ်တဲ့စက်၊ ခန်းမကို ပိုးသတ်တဲ့စက်လို့ ဆိုတယ်၊ အဲ့ဒီစက် လိုအပ်ချက်ကျတော့ ပြည်နယ်အစိုးရကနေ ကူညီပေးရမှာပေါ့၊ သြဂုတ် ၃၁ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြထားတယ် ရရင်တော့ကူညီပေးမယ်၊ စက်လည်းတပ်မယ်။ အခုတပ်ဆင်မယ့် ဓာတ်ခွဲစမ်းသပ်စက်ကနေ ၄၅ မိနစ်နဲ့ တစ်နာရီကြားမှာ ဓာတ်ခွဲနမူနာ ၄ ခုလောက် စမ်းသပ်နိုင်တယ်လို့ သိရတယ်။ လိုအပ်တဲ့ စက်တွေကိုတာ့ ဒီအပတ်ထဲမှာ ကျွန်တော်တို့ ဝယ်ပေးလိုက်မှာ၊ အနည်းဆုံး စက်တင်ဘာ မကုန်ခင် လ လယ်လောက်မှာ တပ်ဖြစ်တော့မယ်လို့ မှန်းတာပေါနော် “ လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

မူဆယ်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့က ဆေးရုံတွေမှာ (Gene X pert) စက်တွေကို တပ်ဆင်အသုံးပြုနေပြီး မြန်မာနိုင်ငံအတွင်းက မြို့ပေါင်း ၂၆ မြို့နယ်မှာ တပ်ဆင်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီစက်တွေကနေ တိုင်းတာလို့ အဖြေရရှိထားတဲ့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေကို တိကျသေချာအောင် အမျိုးသား ဓာတ်ခွဲခန်း (NHL)(ဗဟို)ကိုပို့ပြီး ထပ်မံစစ်ဆေး အတည်ပြုမှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Zawgyi

ျမစ္ႀကီးနားၿမိဳ႕နဲ႔ ဗန္းေမာ္ေဆး႐ုံမွာ Covid-19 ေရာဂါရွာေဖြတဲ့စက္ တပ္ဆင္မယ္

ျမစ္ႀကီးနား၊ စက္တင္ဘာ ၃-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္အတြင္း ျမစ္ႀကီးနားေဆး႐ုံနဲ႔ ဗန္းေမာ္ေဆး႐ုံတို႔မွာ Covid-19 ေရာဂါရွာေဖြဖို႔ ဓာတ္ခြဲစမ္းသပ္စစ္ေဆးႏိုင္တဲ့ (Gene X pert)စက္ကို စက္တင္ဘာလအတြင္း တပ္ဆင္သြားမယ္လို႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉးကေျပာပါတယ္။

တပ္ဆင္မယ့္ စက္ပစၥည္းေတြနဲ႔ပတ္သက္ၿပီး သင္တန္းတက္ထားတဲ့ ေရာဂါေဗဒဆရာဝန္၊ ျမစ္ႀကီးနားေဆး႐ုံက အႀကီးအကဲနဲ႔ ျပည္နယ္က်န္းမာေရးမႉးတို႔ဟာ ၾသဂုတ္လ ၂၆ ရက္ေန႔က ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ကို လာေရာက္ရွင္းျပသြားတယ္လို႔ သိရပါတယ္။

ျမစ္ႀကီးနားေဆး႐ုံအသစ္ႀကီးက ၄ ထပ္ေဆာင္မွာ တပ္ဆင္ဖို႔အတြက္ အခန္းဖြဲ႕စည္းပုံမ်ား ျပင္ဆင္ၿပီးေနၿပီလို႔ သိရပါတယ္။

ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒုတိယဦးစီးမႉး ေဒါက္တာေနာ္ရွဲလ္တာကို အဲ့ဒီစက္တပ္ဆင္မယ့္အေၾကာင္း ေမးျမန္းရာမွာေတာ့ “ ဟုတ္ပါတယ္၊ ေဒါက္တာေအးသိန္းတို႔ ေဆာင္႐ြက္ေနၾကတယ္ ၊ မၾကာေတာ့ဘူး ဖြင့္ေတာင္ဖြင့္ေတာ့မယ္။ “ လို႔ ေျပာပါတယ္။

ေရာဂါစမ္းသပ္တဲ့ စက္တပ္ဆင္ဖို႔အတြက္ စက္ ၃ မ်ိဳးလိုအပ္ေနတာကို ဝယ္ယူတပ္ဆင္ဖို႔ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဆီ တင္ျပထားတယ္လို႔လည္း သိရပါတယ္။

“ သူတို႔ေျပာတာက Biosafety cabinet ၊ Auto Clare ေပါ့၊ ပိုးမႊားသန႔္စင္တဲ့ စက္၊ UV lamp ေပါ့၊ စစ္ေဆးတဲ့သူကို ပိုးသတ္တဲ့စက္၊ ခန္းမကို ပိုးသတ္တဲ့စက္လို႔ ဆိုတယ္၊ အဲ့ဒီစက္ လိုအပ္ခ်က္က်ေတာ့ ျပည္နယ္အစိုးရကေန ကူညီေပးရမွာေပါ့၊ ၾသဂုတ္ ၃၁ ရက္ေန႔က ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို တင္ျပထားတယ္ ရရင္ေတာ့ကူညီေပးမယ္၊ စက္လည္းတပ္မယ္။ အခုတပ္ဆင္မယ့္ ဓာတ္ခြဲစမ္းသပ္စက္ကေန ၄၅ မိနစ္နဲ႔ တစ္နာရီၾကားမွာ ဓာတ္ခြဲနမူနာ ၄ ခုေလာက္ စမ္းသပ္ႏိုင္တယ္လို႔ သိရတယ္။ လိုအပ္တဲ့ စက္ေတြကိုတာ့ ဒီအပတ္ထဲမွာ ကြၽန္ေတာ္တို႔ ဝယ္ေပးလိုက္မွာ၊ အနည္းဆုံး စက္တင္ဘာ မကုန္ခင္ လ လယ္ေလာက္မွာ တပ္ျဖစ္ေတာ့မယ္လို႔ မွန္းတာေပါေနာ္ “ လို႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာပါတယ္။

မူဆယ္၊ စစ္ေတြနဲ႔ ေက်ာက္ျဖဴၿမိဳ႕က ေဆး႐ုံေတြမွာ (Gene X pert) စက္ေတြကို တပ္ဆင္အသုံးျပဳေနၿပီး ျမန္မာႏိုင္ငံအတြင္းက ၿမိဳ႕ေပါင္း ၂၆ ၿမိဳ႕နယ္မွာ တပ္ဆင္သြားမယ္လို႔ သိရပါတယ္။

အဲ့ဒီစက္ေတြကေန တိုင္းတာလို႔ အေျဖရရွိထားတဲ့ ႏွာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ေတြကို တိက်ေသခ်ာေအာင္ အမ်ိဳးသား ဓာတ္ခြဲခန္း (NHL)(ဗဟို)ကိုပို႔ၿပီး ထပ္မံစစ္ေဆး အတည္ျပဳမႈ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW